စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလားကို လက်ပြသွားခဲ့တဲ့ လက်ရှိချန်ပီယံ

စပိန် ၀-၂ ချီလီ

ဟော်လန်ကို ရှုံးခဲ့တဲ့ လူစာရင်းကနေ ဇာဗီနေရာ ပတ်ဒရို၊ ပီကေးနေရာမှာ မာတီနက်ဇ်တို့ ၀င်ကစားခဲ့ပေမယ့် ဒီပွဲမှာလည်း စပိန်ခြေစွမ်းက ညံ့မြဲအတိုင်း ညံ့ခဲ့ပါတယ်။ ပွဲအစ (၂)မိနစ်မှာပဲ ဗာဂက်စ်ရဲ့ ကန်ချက် ဂျော်ဒီအယ်လ်ဘာနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားလို့ စပိန်အသင်း စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။ ဒါ့အပြင် တိုက်စစ်ပိုင်းက ဒီယေဂိုကော်စတာကလည်း အခွင့်အရေးတွေကို ဖြုန်းမြဲအတိုင်း ဖြုန်းပစ်ခဲ့တာ တွေ့ရပါတယ်။

ပွဲချိန်မိနစ် ၂၀မိနစ်မှာတော့ အရန်ဂွက်ဇ်ရဲ့ အနိမ့်ဘော ပေးပို့မှုကနေ ကာဆီးလက်စ်ကို ခြေယောင်ပြပြီး ဗာဂက်စ် ဂိုးသွင်းနိုင်ခဲ့လို့ စပိန် ဂိုးစပေးခဲ့ရပါတယ်။ ဂိုးပေးလိုက်ရပေမယ့် ချေပဂိုးပြန်ရနိုင်တဲ့ ကြိုးပမ်းမှုမျိုး မလုပ်နိုင်ခဲ့တဲ့ စပိန်ဟာ ပထမပိုင်း မပြီးခင် နှစ်မိနစ်အလိုမှာလည်း ဂိုးသမား၊ ခံစစ်ကြောင်း အမှားတွေကြောင့် ဒုတိယဂိုး ထပ်ပေးခဲ့ရပြန်ပါတယ်။ ဆန်းချက်ဇ်ရဲ့ ဖရီးကစ်ကို ကာဆီးလက်စ် ပုတ်ထုတ်ရာမှာ အရန်ဂွက်ဇ်ဆီ ရောက်သွားပြီး ဒီကစားသမားက မနားတမ်း ပြန်ပိတ်သွင်းခဲ့တာပါ။အရင်လို စိတ်ဓာတ်ပိုင်း မာကျောမှုမျိုးမရှိတော့တာက စပိန်အသင်း ကြုံခဲ့ရတဲ့ အဓိက ပြဿ နာပါပဲ။

ဒုတိယပိုင်းမှာ ကော်စတာ၊ ဘက်စကွတ်စ်တို့ ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးပစ်ခဲ့သလို ချီလီအတွက် တတိယဂိုးဖြစ်စေမယ့် အခွင့်အရေးကို အစ္စလာ အသုံးမချနိုင်ခဲ့လို့ (၀-၂)နဲ့ ပွဲပြီးသွားတာပါ။ ဒါဟာ စပိန်အသင်းသမိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်နှစ်ပွဲဆက် ရှုံးနိမ့်တဲ့ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး (၁၆)နှစ်အတွင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ရတဲ့ တတိယမြောက် လက်ရှိချန်ပီယံအသင်း ဖြစ်သွားခဲ့ပါတယ်။

 (၁၉၉၈)ခုနှစ် ချန်ပီယံ ပြင်သစ်က (၂၀၀၂)ကမ္ဘာ့ဖလား၊ (၂၀၀၆)ခုနှစ် ချန်ပီယံ အီတလီက (၂၀၁၀)ကမ္ဘာ့ဖလားတွေမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး (၂၀၁၀)ကမ္ဘာ့ဖလား ချန်ပီယံ စပိန်ကတော့ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို လက်ပြသွားခဲ့ပါပြီ။
@z (ရိုးရာလေး)


 https://www.facebook.com/photo.php?fbid=712758775434044&set=pcb.712

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...