စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရာဇာနေဝင်း ပြောပြတဲ့ အောင်မြင်မှု ရေရှည်မခံခြင်း အကြောင်း


               
အနုပညာ လောကမှာ ကောလိပ်ဂျင်နေဝင်း မျိုးဆက်အဖြစ် အနုပညာ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ခဲ့ သူ ရာဇာနေဝင်း ကို ခေတ်လူငယ်တွေ ကြား အောင်မြင် မှု ရေရှည်မခံတာ ဘာကြောင့် ဆိုသည့် အဖြေကို မေးမြန်းရာ ရာဇာနေဝင်း က ယခုကဲ့သို့ ပြောပြသည်။

သရုပ်ဆောင်ကောင်း ဆိုတာ အရာရာ ပေးဆပ်နိုင်ပြီး ခေတ်ရှေ့ပြေးရမယ်
အနုပညာ လောက မှာအောင်မြင်ပြီး ကြာရှည်ခံဖို့ ဆိုတာက ခေတ်နဲ့ လိုက် လျောညီထွေနေရမယ်။ ခေတ်ရှေ့ ပြေးရမယ်။ သရုပ်ဆောင် တစ်ယောက်က အရာရာ ကိုပေးဆပ် ရမယ်။ ကိုယ့်ကြောင့် လူတွေ စိတ်ပျော်ရွှင်အောင် လုပ်နိုင်ရ မယ့် အတွေးအခေါ်လဲ ပါရမယ်။ ရှိရမယ်။ အောင်မြင်ဖို့က ဒီခေတ်ကို ရှေ့ပြေး နေရမယ် ဆိုတာ ကာရိုက်တာ တစ်ခုနဲ့ တစ်ခု မတူအောင် ပရိသတ်ကို ဘယ်လို ဖျော်ဖြေမလဲ အရေးကြီးတယ်။

လုပ်သက်နဲ့ အတွေ့အကြုံက ရင့်ကျက် မှုတွေ ဖြစ်လာလိမ့်မယ်
ကျွန်တော် ဒီအလုပ်ကို လုပ်လာတာ ကြာပြီ။ လုပ်ခဲ့ရတာတွေ လည်း အများကြီး ဖြစ်နေပြီဆိုတော့ အတွေ့အကြုံလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ အရင်ကနဲ့ မတူ ဘူး။ တွေ့ကြုံမှုက အရင်က သရုပ် ဆောင်ဖူးတဲ့ ဥပမာရှေ့နေလို ကာရိုက်တာ မျိုးတွေ အရင်က ထက်စာရင် အခု တော်တော် ပိုရင့်ကျက်တယ်။ လုပ်သက်နဲ့ တွေ့ ကြုံမှုက လည်း အရေးကြီးပါတယ်။

စေတနာက အကျိုးပေးတယ်
အဖေကနေ သားသမီး မျိုးဆက် တွေ အောင်မြင်တယ် ဆိုတာကတော့ သူ့ရဲ့ မွေးရာပါနဲ့ သူ့ရဲ့ ကံ၊ စန်းပါ။ သူ များနဲ့ မတူတဲ့ ပုံစံ လုပ်ပြနိုင်လို့ လည်း ဖြစ်မယ်။ ကိုယ် ရဲ့ စေတနာက အကျိုး ပေးပါတယ်။ ကိုယ်က အနုပညာရှင် တစ် ဦးဖြစ်တော့ သာမန် သူများနဲ့ မတူတဲ့ ပုံ စံနဲ့ သွားလာနေထိုင် လှုပ်ရှားရတာပေါ့။ အဓိကက ကြိုး စားခြင်း ပါပဲ။

ဖိုးသူတော်(www.phothutaw.com)


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...