စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"Higher State of Happiness" (မြင့်မြတ်သော စိတ်)




"Higher State of Happiness" (မြင့်မြတ်သော စိတ်)
(ခိုင်ခန့် တည်ကြည်သောစိတ်) (ဖြူစင်သောစိတ်)
--------------------------------------------------------------

"Equanimity" is fundamental skills of self exploration and emotional intelligence.
Equanimity comes from latin ward (aequus) : meaning balanced and animus : internal spirit. also called psycho - spiritual purification.

"သမာဓိ" ကို မြန်မာလို ဖြူစင် တည်ကြည် ဖြောင့်မတ်ခြင်းလို့  ခေါ်ဆိုနိုင်သလို - လောက အမှန်တရားတွေ အပေါ် မယိမ်းမယိုင် ခိုင်မာတဲ့ စိတ် အလေ့အကျင့်ရှိသူ လို လည်းခေါ်နိုင်ပါတယ်။
ထို သို့ ဖြောင့်မတ်တည်ကြည်တဲ့ စိတ် အကျင့်ရှိအောင်- ကို်ယ့်ကိုယ်ကို ပွားများကျင့်ကြံယူရပါတယ်။ ဒါကို အနောက်နိုင်ငံတွေ က (EQ) မြင့်မြတ်စိုးမိုးနိုင်သောစိတ်ထား ရှိသူ လို့ လည်းခေါ်ကြပါတယ်။

"Equanimity" is one of the most Sublime Emotions of Buddhist Practice. It is the ground for Wisdom and Freedom and the protector of Compassion and Love.

"သမာဓိ" ဟာဗုဒ္ဓသင့်ပြခဲ့တဲ့ တရားတွေထဲ မှာ အရေးကြီးဆုံး သော အကျင့် တစ်ခုဖြစ်ပြီး ထို အကျင့်မရှိပဲ သမာဓိ မရှိပဲ ဖြူစင်တဲ့" မေတ္တာတရား နှင့် ကိုယ်ချင်းစာ တရားရှိတဲ့စိတ်မျိုး" တို့ ကို ဘယ်လို မှ မထားနိုင်လို့ ပါပဲ။

Regardless of religion, tradition, rites and rituals; everybody understand that fundamental achievement or cultivation of goodness of the heart: that is called Four Sublime State of The Mind;

လောကမှာလူအများပြောလေ့ရှိကြတဲ့ -
=တို့ လူမျိုးတွေ မေတ္တာထားပါတယ်-
=အဂတိမလိုက်စားပါဖူး-
=ကို်ယ်ချင်းစာစိတ်ရှိပါတယ်- နားလည်မှုရှိပါတယ် စတဲ့ ယဉ်ကျေးမှု- ဓလေ့ ထုံးစံ - အယူအဆ တွေ ဟာ
=တကယ်တော့ ပေါ်ယံ သက်သက် လှည့်စားထားတဲ့ ထုံးတမ်းစဉ်လာ- ဓလေ့တွေ ဖြစ်ပါတယ်။ ဘာကြောင့်ဒီလို ပြောရသလဲဆိုတော့ ပွားများအားထုတ်တဲ့ အကျင့်မပါလို့ ပါပဲ။

-ပွားများအားထုတ် ထားတဲ့ သမာဓိ မရှိပဲ- ဘယ်သူမှ ဖြောင့်မတ်တည်ကြည် ဖြူစင်တဲ့ စိတ်ထား မရှိနိုင်ပါဖူး။

Four sublime states of mind have been taught by the Buddha:
Love or Loving-kindness (metta)
Compassion (karuna)
Sympathetic Joy (mudita)
Equanimity (upekkha)

ဒါကြောင့် မို့  ဗုဒ္ဓက ပွားများကျင့်ကြံရမည့် - လူ့ လောက အခြေခံ ဖေါင်ဒေးရှင်းကျင့်စဉ် ဖြစ်တဲ့ - ဗြမ္မာစိုလ် တရား (၄) မျိုး ကို သင်ပြခဲ့ပါတယ်။
ထိုတရား လေးမျိုး သည် သမာဓိ ဖြင့် ပွားများ ကျင့်ကြံ ရမည့် တရား များဖြစ်ပါတယ်။

In Reality, People just misuse these practice of Sublime State of Mind:
It meant that people never try to Practice these Divine Abodes:
They just used them to Pray, They just use them to say other people by flattering themselves, They just use them to hills themselves that they are the followers of Buddha and so far so on.....

တကယ့်လက်တွေ့ မှာတော့- လူအများဟာ ထို တရား လေးမျိုး ကို လက်တွေ့ ပွားများအားထုတ်မှ မရှိကြပဲ-
ရွတ်ဖတ်သရဇယ်ခြင်းဖြင့် သော်၎င်း
တို့ တွေ ဗုဒ္ဓ ဘာသာမို့ ဒီတရား ကို သိ တယ်ဟု ကို်ယိ့ကို်ယ် ကို အထင်ဖြင် ကျေနပ်၍ ၄င်း
ဒါတို့ ဟာ ဟု တကယ်ကျင့်ကြံ၍ ဘာမျှ မသိဖူးပဲ ကြွားဝါ ၍ ၄င်း နေရင်းဖြင့်သာ အချိန်တွေ ကုန်ကြ၍ နေပါတယ်။

As the Metta Sutta, the Song of Loving-kindness, says:
When standing, walking, sitting, lying down,Whenever he feels free of tiredness Let him establish well this mindfulness —This, it is said, is the Divine Abode.
We should ask a question: Why we could not manage to cultivate state of Mind that Buddha taught us?
We must ask our self for sure.....!!!!

These are behaviour values in our daily life: Daily practice of them has clear Benefits. But we never practice as Buddha taught.
If so are We followers of Buddha? Please reconsider your State of Mind.

ဗုဒ္ဓ မေတ္တာသုတ်တွင် သင်ပြခဲ့သကဲ့သို့  - တကယ်မေတ္တာဘာဝနာ ကျင့်ကြသူ သည်- သွားဆဲတွင် သော်၎င်း- ရပ်နေဆဲတွင်သော်၎င်း- ထိုင်နေဆဲတွင်သော် ၄င်း မည်သို့ သော အခြေနေမျိုးတွင်မဆို - သတ္တ၀ါအများ အပေါ်တွင် အနှိုင်းမဲ့ မေတ္တာစိတ်ဖြင့် ကျင့်ကြံသည်ဖြစ်၍ ထိုသူ သည် သမာဓိ အရာတွင် ဖြူစင်မြင့်မြတ်တည်ကြည်သော စိတ်ထားရှိနေသူ ဖြစ်ပါသည်- ဟု သင်ပြခဲ့သည်မဟုတ်ပါလော။

တကယ့် လက်တွေ့ တွင် မူ- အဘယ်ကြောင့် လူအများ ထိုသို့  တည်ကြည်သော ဖြူစင်သော စိတ်ထားမရှိနိုင်ကြပါသနည်း -

ဘာကြောင့် သမာဓိ မရှိပဲ - ပြန့် ကျဲ ဖွာလန် နေသော စိတ်နေစိတ်ထား များဖြင့် ဘ၀တွေ့  နိမ့်ကျနေရပါသနည်း ဟု မေးခွန်းမေးစေချင်ပါသည်။

ပွားများ ကျင့်ကြံရမည့် တရား ကို မကျင့်ကြံ မပွားများ ပဲ - ရွတ်ဖတ် သရဇယ် ကာ ကိုယ်ရည်သွေးရင်း အချိန်ကုန်နေကြ၍ ဖြစ်ပါသည် ဟု ဖြေရပေမည်။
နေ့ စဉ် ကျင့်ကြံပွားများ လျင် အကျိုးထူး ရှိသည်မှာ အသေအချာဖြစ်သည် ကို ငြင်းစရာအကြောင်းမရှိပါ မဟုတ်ပါလား။

ဒါဆိုရင် ကို်ယ့်ကိုယ် ကို ဗုဒ္ဓတပည့်ပါလို့  ကြွေးကြော်နေမှု ကိုပြန်လည်သုံးသပ်သင့်ပါသည်။

Equanimity is a practical step of purification of Mind. The one does not practice Equanimity never be able to cultivate Four Divine Abodes. Never ever expect the Considerate Mind, Justice, Equality and Humanity from those who couldn't cultivate Four Divine Adobes.

ထို ကြောင့် ဗုဒ္ဓသင်ပြခဲ့ သည့် အခြေခံ ကျင့်စဉ် ဗြမ္မာဝိဟာရ အကျင့်များ မပွားများ သူတွင် သမာဓိ တရားဟု ဆိုသည့် တည်ကြည်ဖြောင့်မတ်မှု မရှိနိုင်ပါဖူး။

ထို သို့ သမာဓိတရား မရှိသူများ ထံ တွင် ကို်ယ်ချင်းစာတရား- မေတ္တာတရား - ကရုဏာတရား - ဥပေက္ခာတရား တွေ ဘယ်လို ရှိနိုင်ပါမည်နည်း- ဒါတွေ ကို ရနိုးဖြင့်ထင်ကာ မျှော်လင့်နေကြတာ ဟာဖြင့် အနောက် မှ နေထွက် သည့် နေ့ ကို စောင့် မျှော်နေသကဲ့ သို့  အလွန် မှ ၀မ်းနည်းသနားဖွယ်ကောင်းသည့် လူ အသိုင်း အ၀ိုင်း ဖြစ်နေသည်မဟုတ်ပါလော။

These four — love, compassion, sympathetic joy and equanimity — are also known as theboundless states (appamañña), because, in their perfection and their true nature, they should not be narrowed by any limitation as to the range of beings towards whom they are extended.
They should be non-exclusive and impartial, not bound by selective preferences or prejudices. A mind that has attained to that boundlessness of the Brahma-viharas will not harbor any national, racial, religious or class hatred.

ဗုဒ္ဓ သင်ပြခဲ့ တဲ့ သီလ - သမာဓိ ရှိသူ ဆို တာ - (ဘယ်လို အခြေအနေမျိုးရောက်နေပါစေ)

**အလွန်မြင့်မြတ်သူတွေ ဖြစ်တယ်-
**ကို်ယ်ချင်းစာတရား- မေတ္တာတရား - ကရုဏာတရား - ဥပေက္ခာတရား နဲ့  ပြည့်ဝသူ တွေဖြစ်တယ်
**ကို်ယ်တိုင်ကျင့်ကြံထားသူတွေ ဖြစ်တယ်
**အနှိုင်းမဲ့ လူသားစိတ်ရှိသူတွေ ဖြစ်တယ်
** ဖြောင့်မတ် မှန်ကန်ကာ တည်ကြည်၍ ဂုဏ်သိက္ခာရှိသူတွေ ဖြစ်တယ်။

လူမျိုး-ဘာသာ- ဓလေ့ထုံးတမ်း- အုပ်စု - အယူသည်းတဲ့ အစွဲအလမ်း စတဲ့ သာသနာပ အယူအဆတွေ ကနေ လွတ်မြောက်နေသူတွေ ဖြစ်တယ်လို့  ဗုဒ္ဓမှ သင်ပြခဲ့ပါတယ်။

ဗုဒ္ဓ တပည့် ပီသစွာ ကျင့်ကြံအားထုတ်ကြပါစို့ ။

(References: This Dharma message was created and propagated by An Unnamed Zay-Ta-Won Meditator")
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...