စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နည်းပြများ



ဒီနှစ် ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၁၉ကြိမ်မြောက် ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ယှဉ်ပြိုင်လာခဲ့တဲ့ (၁၈)ကြိမ်ကာလမှာ မတူကွဲပြားတဲ့ နည်းပြအသီးသီးစီဟာဖလားကို ကိုင်မြှောက်ထားကြတယ်။ ပြောရရင် ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ တစ်သက်တာ အကြီးကျယ်ဆုံးနဲ့ အအောင်မြင်ဆုံး ဖလားရနည်းပြတွေ ရှိခဲ့ဖူးပါတယ်။ ဒီထဲကမှ နည်းပြငါးဦးကို ဖော်ပြပေးလိုက် ပါတယ်။

 ၁။ ဗစ်တိုရီယိုပေါ့ဇို
နည်းပြအဖြစ် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ရယူဖူးတဲ့တစ်ဦးတည်းသောနည်းပြဟာ ပေါ့ဇိုပါပဲ။ ပေါ့ဇိုဟာ ၁၉၃၄မှာ ပထမဆုံးဖလား ရရှိခဲ့တယ်။ အိမ်ရှင် အီတလီဟာ ရောမမှာ ချက်ကိုဆလိုဗက်ကီးယားကိုအချိန်ပို ၂-၁ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ နောက်လေးနှစ်အကြာ ၁၉၃၆ ပြိုင်ပွဲမှာလည်း ပါရီမှာ ဟန်ဂေရီကို ၄-၂ဂိုးနဲ့ အနိုင်ယူပြီး ပေါ့ဇို ဖလားထပ်ရရှိခဲ့တယ်။ ဒီအောင်ပွဲတွေအပြင် ပေါ့ဇိုဟာ ၁၉၃၆မှာ အီတလီကို အို လံပစ်ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ပါတယ်။

၂။ ဟဲလ်မတ်ရှဟွန်
ရှဟွန်ဟာ ကမ္ဘာ့ဖလား ပြိုင် ပွဲနှစ်ရပ်မှာ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အနောက်ဂျာမနီကို ဗိုလ်လုပွဲအထိ နှစ်ကြိမ်ပို့ဆောင်ပေးခဲ့တယ်။ တခြားပြိုင်ပွဲတွေမှာတော့ သူ့အသင်းဟာ ဆီမီးဖိုင်နယ် အဆင့်ကနေပဲ ထွက်ခဲ့ရတယ်။ ရှဟွန်အတွက် အထိနာခဲ့ရတာက ၁၉၆၆ ၀င်ဘလေမှာ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နောက်လေးနှစ်အကြာ ဂရက်မူလာရဲ့ အချိန်ပိုမှာ အီတလီကို ရှုံးနိမ့်ခဲ့တာပါပဲ၊ အဲဒီ ပွဲဟာ ကစားဖူးသမျှ နိုင်ငံတကာ ပွဲစဉ်တွေထဲမှာ အကြီးကျယ်ဆုံး ပွဲစဉ်တစ်ပွဲအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၇၄မှာ ဘက်ကင်ဘောင်ဝါ၊ ပေါဘရစ်တနာ၊ ယူလီဟိုးနက်တို့ အပါအ၀င် နာမည်ကြီး ကြယ်ပွင့် တွေနဲ့အတူ မြူးနစ်ဗိုလ်လုပွဲမှာ ခါးသီးပြိုင်ဘက် ဟော်လန်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့တယ်။

၃။ ဖရန့်ဘက်ကင်ဘောင်ဝါ
၁၉၈၆ခုနှစ်မှာ အသင်းအတွက် ဒုတိယရစေခဲ့တဲ့သူက ဖရန့်ဘက်ကင် ဘောင်ဝါပါပဲ။ ဘောင်ဝါဟာ ၁၉၇၄မှာ ကစားသမား တစ်ယောက်အဖြစ် ကမ္ဘာ့ဖလား ကိုင်မြှောက်ခဲ့သူပါ။ ၁၉၈၄မှာ အနောက်ဂျာမနီနည်းပြအဖြစ် ခန့်အပ်ခံရပါတယ်။ ဘောင်ဝါရဲ့လက်အောက်မှာ ကလင်းစမန်းနဲ့ လိုသာမာသီးယက်စ်တို့လို ကစားသမားတွေ ထွက်ပေါ်ခဲ့တယ်။

၎။ အန်ဇိုဘီယာဇော့တ်
ဘီယာဇော့တ်ရဲ့ အီတလီဟာ ၁၉၈၂ကမ္ဘာ့ဖလားကို ရရှိဖို့ ထင်ကြေးပေးမခံရတဲ့သူပါ။ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ ရေပန်းစားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကစားတော့ ဘီယာဇော့တ်ရဲ့ အီတလီက တစ်ဆင့်ပြီးတစ်ဆင့်တက်သွားခဲ့ပြီး ဘာစီလိုနာမှာ ဘရာဇီးကို ၃-၂ဂိုးနဲ့ အနိုင်ယူလိုက်ပါတယ်။ ဒီလိုနဲ့ ၁၉၃၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို အီတလီ ဆွတ်ခူးနိုင်ခဲ့တယ်။

၅။ မာရီယိုဇာဂလို
ဇာဂလိုဟာ ကမ္ဘာ့ဖလားကို သုံးကြိမ်ရရှိခဲ့ဖူးတယ်။ ကစားသမားတစ်ယောက် အဖြစ် နှစ်ကြိမ် (၁၉၅၈၊ ၁၉၆၂)နဲ့ နည်းပြအဖြစ် တစ်ကြိမ်(၁၉၇၀)ရရှိခဲ့ပါတယ်။ ဒါကြောင့် ဇာဂလိုဟာ ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံးနည်းပြလို့ ဆိုရမယ်။ အုပ်စုပွဲစဉ်သုံးပွဲစလုံး အနိုင်ရမှုက မက္ကဆီကိုမှာ ဇာဂလိုရဲ့ ဘရာဇီးကို ကွာတားဖိုင်နယ်ကို ရောက်ရှိစေခဲ့တယ်။ အဲဒီမှာ ပီရူးကို ၂-၁ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ နောက် ဂွာဒါလာဂျာရာမှာ ဥရုဂွေးကို အနိုင်ယူပြီး နောက်ဆုံး သမိုင်းတစ်လျှောက် မေ့မရနိုင် ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် အီတလီကို ၄-၁ဂိုးနဲ့ အနိုင်ယူပြီး ဖလားရခဲ့တာပါပဲ။

http://7daydaily.com/story/12899#.U5mw6ihIPYg

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...