စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သံဃာသင်းခွဲသူရဲ့ အကျိုးရလာဒ်

                 

သံဃာသင်းခွဲတယ်ဆိုတာ သံဃာအချင်းချင်းမညီညွတ်အောင် စိတ်ဝမ်းကွဲအောင် ပဋိပက္ခတွေလုပ်ဆောင်၊
သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်တာပါပဲ။

တရားသဖြင့် ဖြေရှင်းရမှာကို မတရားသဖြင့် ဖြေရှင်းတယ်။မတရားတာကိုလည်း တရားသယောင်ယောင် ဖန်တီးတယ်။လာဘ်စား၊ ဖြတ်စား အဂတိလိုက်စားနေတယ်ဆိုရင်ဒါဟာ သံဃာမညီညွှတ်ခြင်းရဲ့ အကြောင်းတရားပါပဲ။

ဘုရားရှင်က သံဃာကို မညီညွတ်အောင်လုပ်သူဟာအာယုကပ်ပတ်လုံး “အကုသိုလ်”တိုးပွားတယ်။
အာယုကပ်ပတ်လုံး “ငရဲ”မှာ ကျရတယ်လို့ ဟောတော်မူပါတယ်။တရားအတိုင်း၊ ၀ိနည်းဓမ္မကံအတိုင်း ဆောင်ရွက်မှသံဃာညီညွှတ်မှုကို ရပါမယ်။သဃာကို ညီညွတ်အောင်ပြောဆိုလုပ်ကိုင်တဲ့သူဟာ အာယုကပ်ပတ်လုံး “ကုသိုလ်တိုး”တယ်။အာယုကပ်ပတ်လုံး နတ်ပြည်မှာ ဖြစ်တယ်လို့ ဟောပါတယ်။

သံဃာညီညွတ်ရင် ချမ်းသာတယ်။ညီညွတ်သောရဟန်းတို့ကို ချီးမြောက်သူ၊
ညီညွတ်ခြင်း၌ မွေ့လျှော်ပြီး တရား၌ တည်သောရဟန်းဟာယောဂရဲ့ကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်။
သံဃာညီညွတ်အောင် ပြုတဲ့အတွက် အာယုကပ်ပတ်လုံးနတ်ပြည်မှာ မွေ့လျော်ရတယ်လို့ ဟောတော်မူပါတယ်။

ဒါကြောင့် သံဃာအချင်းချင်းညီညွတ်အောင် နေထိုင်ဖို့တိုက်တွန်းပါတယ်။ “သံဃာသင်းခွဲ”တာဟာ ကြီးလေးတဲ့ အပြစ်ပါပဲ။ကြီးလေးတဲ့ အပြစ်ရှိသူဟာ ကြီးလေးတဲ့
အကုသိုလ်အကျိုးကို ခံစားရပါလိမ့်မယ်။

-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...