စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရာ ဘရာဇီးသို့ အနုပညာရှင်အချို့သွားရောက်



ကမ္ဘာ့ဖလားဘောလုံး ပွဲများ လက်ခံကျင်းပလျက်ရှိရာ ဘရာဇီးနိုင်ငံသို့ မြန်မာအနုပညာ ရှင်အချို့သွားရောက် အားပေး လျက်ရှိကြသည်။

ဘရာဇီးနိုင်ငံသို့ ရောက်ရှိနေသူများမှာ နာမည်ကြီးမင်းသား ပြေတီဦး၊ မော်ဒယ်အောန်ဆိုင်း နှင့် Let's Go ရုပ်သံအစီအစဉ်အ ဖွဲ့သားများဖြစ်သည့် လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး၊ နန်းသူဇာ၊ Bobby Soxer ၊ နန်းမြတ်ဖြိုးသင်းနှင့် ဒါရိုက်တာ ၀င်းလွင် ထက်တို့ဖြစ်ကြသည်။

ပြေတီဦးသည် ဘရာဇီးနိုင်ငံ သို့ ဇွန်လ ၆ ရက်က သူငယ်ချင်း များနှင့်အတူ သွားရောက်ခဲ့ပြီး ကမ္ဘာဖလားဘောလုံးပွဲဖွင့်ပွဲနှင့် ပွဲစဉ်အချို့ကို ကြည့်ရှုခဲ့ကြောင်း ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က ပြောသည်။ ပြေတီဦးသည် ဇွန်လ ၁၅ ရက်တွင် ပြန်ရောက်မည်ဖြစ် သည်။

မြ၀တီတွင် ပြသလျက်ရှိ သော Let's Go ရုပ်သံအစီအစဉ် ၏ အဖွဲ့သားများမှာ ကမ္ဘာဖလား ဘောလုံးပွဲများနှင့် ဘရာဇီးနိုင်ငံ၏ အထင်ကရမြို့သုံးမြို့သို့   လှည့် ပတ်ကာ ရိုက်ကူးရေးများပြုလုပ် ၍   Let's Go အစီအစဉ်တွင် ပြန်လည်ထုတ်လွှင့်ပြသရန် သွား ရောက်ကြခြင်းဖြစ်သည်။

ထို့အတူ မော်ဒယ် အောန် ဆိုင်းသည် ကမ္ဘာ့ဖလားပွဲကျင်းပ ရာ ဘရာဇီးသို့ ဇွန်လ ၁၄ ရက်က ထွက်ခွာသွားပြီး ၎င်း၏ကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် သွား ရောက်နေပြီဖြစ်ကြောင်း လေ ဆိပ်မှပုံကိုဖော်ပြကာ အသိပေးထားသည်။

http://www.7daydaily.com/story/13227#.U52H7ihIPYh

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...