စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားကိုးစရာ ဟုတ်ရဲ့လား



ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာ၊ချမ်းသာ ထို ပိုက်ဆံက “နတ်ပြည်” မပို့နိုင်ဘူး။
ပစ္စည်းဥစ္စာက နတ်ပြည် မပို့နိုင်ဘူး။ ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး “ဒါနကောင်းမှု”လုပ်မှ၊
သီလဆောက်တည်မှ နတ်ရွာသုဂတိဆိုတာ ရောက်တာ။

လောကမှာ ပစ္စည်းဥစ္စာရှိတဲ့သူ ထိုပစ္စည်းဥစ္စာကို အကြောင်းပြုပြီးလူတိုင်း ချမ်းသာ သုခရတယ်လို့ မအောက်မေ့နဲ့။ ဒီဘဝမှာလည်း ဆင်းရဲ ကြပြီး ၊ နောင်ဘဝမှာလည်း
ဒုက္ခရောက်ကြတယ်။ဒါကြောင့် မြတ်စွာဘုရားက。。。“ဟနန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော”
“အသိဉာဏ်မရှိတဲ့သူကို ပစ္စည်းဥစ္စာက ဖျက်ဆီးတတ်တယ်” တဲ့။
 

●ပစ္စည်း ဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ ပျက်ဆီးရတယ်။
●ပစ္စည်းဥစ္စာကြောင့် ထိုပုဂ္ဂိုလ်ဟာ သေရတယ်။
●ပစ္စည်းဥစ္စာက ဒုက္ခပေးလို့ လူတွေမှာ ဒုက္ခအမျိုးစုံဖြစ်တယ်။
●ပစ္စည်းဥစ္စာက “ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေ”ကို ဖျက်ဆီးနိုင်တယ်။

သို့သော် . . . ပစ္စည်းဥစ္စာကို အသုံးချပြီး နိဗ္ဗာန် တစ်ဖက်ကမ်းကို တက်လှမ်းတဲ့ သူတော်စင်တွေကိုတော့
ပစ္စည်းက အနှောင့်အယှက် မဖြစ်ဘူး။ သူတို့က ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ 

ကောင်းမှုတွေ ပြုကြတယ်။ဒီလိုမဟုတ်ရင် ဒီဘဝမှာလည်း ပစ္စည်းကြောင့် အန္တရာယ် ဖြစ်ရတယ်။
ထိုပစ္စည်းကို တပ်မက်ပြီးတော့ သေရသည့်အတွက် ၊ နောင်ဘဝမှာလည်း ပြိတ္တာဖြစ်ရတယ်။ငရဲရောက်တယ်။ဒုက္ခတွေဖြစ်ကုန်တယ်။ ဒီတော့ ပစ္စည်းဥစ္စာဟာ အားကိုးစရာ ဟုတ်ရဲ့လား။

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...