စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်တာဗျူးမှာမေ့လေ့မေးထရှိသော မေးခွန်းများဖြေနည်း အပိုင်း(၁)


               


အင်တာဗျူးမှာမေးလေ့မေးထရှိသော မေးခွန်းများကို ဖြေနည်းကို အပိုင်းခွဲပြီး ဖော်ပြပေးပါမယ်။

(၁)Tell me something about yourself?
သင့်အကြောင်းနည်းနည်းလောက်ပြောပြပါလား။

သင်ဟာဒီမေးခွန်းအတွက်အရှည်ကြီးဖြေဖို့မလိုပါဘူး။ သူတကယ်သိချင်တာကပထမအချက်ကသင့်ရဲ့ Englishစာအရည်အသွေးပါပဲ။
ဒုတိယအချက်ကတော့သင့်ရဲ့စိတ်ဝင်စားမှုတွေ သင့်ရဲ့ဝါသနာတွေဟာ သူ့ရဲ့အလုပ်နဲ့ပက်သက်နေမှုရှိသလား။တတိယအချက်ကသင့်ဟာရည်မှန်းချက်
ကြီးတဲ့သူတစ်ယောက်ဆိုလားဆိုတာသိချင်တာပါ။ သင့်အကြောင်းကို
သင့်CVကြည့်ချင်းအားဖြင့် အကြမ်းဖြင်းသူသိပီးပါပီ။

-နာမည်၊ အသက်၊ ပညာအရည်အချင်း၊ စိတ်ဝင်စားမှု၊ ၀ါသနာ၊ ရည်မှန်းချက် စသဖြင့် ၀ါကျ ၉ကြောင်း ၁၀ကြောင်းဆိုလုံလောက်ပါပီ။ စိတ်ဝင်စားမှုနဲ့ပက်သက်လို့ သင်ဟာဘာသာစကားလေ့လာမှု၊ကွန်ပျူတာတာနဲ့
တာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့သူက သူ့အလုပ်အတွက်သင်ဟာ တစ်နည်းတစ်ဖုံအသုံးဝင်နိုင်တယ်လို့တွက်နိုင်ပါတယ်။ ၀ါသနာအနေနဲ့ စာဖတ်ခြင်းကိုကြိုက်တယ်ဆိုရင်တော့ သင့်ကိုဗဟုသုတကောင်းကောင်းရှိမဲ့သူ
တစ်ယောက်လို့ထင်မြင်နိုင်ပါတယ်။ရေကူးတာကိုဝါသနာပါတယ်လို့သင်ပြောရင် သင်ဟာကျန်းမာရေးကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်လို့သူထင်မြင်နိုင်ပါတယ်။ 
 
ဝါသနာတွေစိတ်ဝင်စားတာတွေကိုကြည့်ပီးသင့်ရဲ့ပုံစံကိုသူက
အကြမ်းဖျင်းခန့်မှန်းမှာပါ။

For example
-My name is Jay. I'm 22 years old. I'm a graduate from Myanmar Mercantile Marine College. My hobbies are reading, swimming and watching movies. I'm interested in learning languages. My ambition is to become an excellent English teacher in Myanmar.

(ရည်မှန်းချက်ပြောတဲ့နေရာမှာ မိမိလျှောက်တဲ့အလုပ်နဲ့ ဆက်နွယ်မှုရှိပါစေ။ သင်က accountant ရာထူးနေရာကိုလျှောက်နေပြီး Englishစာ ဆရာတစ်ယောက်ဖြစ်ချင်တယ်လို့တော့ မပြောသင့်ဘူးပေါ့။ အောင်မြင်တဲ့ business man တစ်ယောက်ဖြစ်ချင်တယ်လို့ ပြောင်းပြောလို့ရပါတယ်။)

ကျွန်တော်တို့ www.work.com.mm ကိုအသုံးပြုသူအားလုံး အလုပ်အကိုင်ကောင်းတွေရကြပါစေ။

မိုးရှင်း (www.work.com.mm)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...