စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဆိုတော် တစ်ဖြစ်လဲ ဂျက်ကီချန်း




The Myth ရုပ်ရှင်ထဲက Endless Love လို့ အမည်ရတဲ့ သီချင်းလေးကို မှတ်မိ ကြသေးရဲ့လား ရိုးရာလေး ချစ်သူတို့..။ ချစ်သူ နှစ်ဦးရဲ့ ခွဲမရတဲ့ အချစ် သံယောဇဉ် ကို တရုတ် (Mandarin) နဲ့ ကိုရီးယား ဘာသာ စကား နှစ်မျိုးနဲ့ သရုပ်ဖော် သီဆိုသွားကြတာ ရုပ်ရှင်ကို ပိုလို romantic ဆန်သွားစေခဲ့ ပါတယ်။

ဇာတ်လမ်းထဲက မင်းသား ဂျက်ကီချန်းနဲ့ ကိုရီးယား မင်းသမီး Kim Hee-sun တို့ နှစ်ဦး ကိုယ်တိုင် သီဆိုထားခြင်း ဖြစ်ပါတယ်။ ဂျက်ကီချန်းဟာ သရုပ်ဆောင် ပညာရပ်မှာတင် မက သီချင်းဆိုတဲ့ အနုပညာမှာပါ ထူးချွန်ကြောင်း သက်သေ ပြ သွားခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သရုပ်ဆောင်ဘက်ပိုင်းက ပိုအောင်မြင်နေ တာကြောင့် သူ သီချင်းဆိုတာကို အနောက်တိုင်းက လူသိ နည်းပါတယ်။ 
အင်္ဂလိပ်၊ Cantonese, Mandarin, ဂျပန် နဲ့ ထိုင်ဝမ် ဘာသာ စကား တို့နဲ့ သီဆိုပြီး သီချင်း အယ်လ်ဘမ်ပေါင်း ၂၀ ကျော် ထွက်ရှိပြီးသွား ဖြစ်ပြီ ဖြစ်ပါတယ်။ Ruch Hour နဲ့ Beauty and the Beast က Theme songs တွေကြောင့် လည်း လူသိများ ပါတယ်။ သူ့ရဲ့ အောင်မြင်တဲ့ သီချင်းထဲမှာ ‘I’ll Make a Man Out of You’ ဆိုတဲ့ သီချင်းလည်း ပါဝင် ပါတယ်။

The Myth ထဲက Endless love ကို http://youtu.be/wtN-U_9eSVs မှာ ဝင်ရောက် နားဆင် နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
//// 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...