စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူကလေး မမွေးပဲ တောက်တဲ့မွေးတဲ့ မေမေ




 
ခေါင်းစဉ် ဖတ်တာနဲ့တင် မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေး အရင်ဝင်ပါ လိမ့်မယ်။ သို့ပေမယ့် Metro.co.uk မှာ ဖော်ပြထားတဲ့ သတင်း တစ်ခု ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံရှိ အမျိုးသမီး တစ်ဦးဟာ နေ့စေ့၊ လစေ့လို့ မွေးဖွားချိန်ရောက် တဲ့ အခါ လူကလေး မမွေးပဲ တောက်တဲ့ တစ်ကောင်ကို မွေးဖွား ပါတယ်။ ပုံမှာ မြင်တွေ့ နေရတာက မိခင် မဟုတ်ပါဘူး။ မွေးဖွားပေးတဲ့ သားဖွား ဆရာမ ဖြစ် ပါတယ်။ သူမွေးဖွား ပေးလိုက်ခဲ့ တောက်တဲ့ကိုလည်း ကိုင်ထား ပါတယ်။ ကိုးလ လွယ် ပြီး ဆယ်လ ဖွားချိန်တန် ပေမယ့် တကယ်တန်း ခွဲထုတ် မွေးလိုက်တာ တောက်တဲ့ သာ ဖြစ်လို့ နေပါတယ်။ ဒါကို pseudocyesis လို့ခေါ် တဲ့ လေဖောင်းဖောင်းတဲ့ ကိုယ်ဝန် အမျိုးအစားလို့ ဆရာဝန်များက သတ်မှတ် ချင်နေ ပါတယ်။ သို့ပေမယ့် လေဖောင်းရုံ မက တောက်တဲ့ တစ်ကောင် ပါ ထွက်လာတယ် ဆိုတော့ ဆရာဝန်များ နဲ့ အခြား အာဏာပိုင် အဖွဲ့ အစည်း များက စုံစမ်း စစ်ဆေး နေဆဲ ဖြစ်ပါတယ်။
ဆေး ပညာ သမိုင်း တစ်လျှောက်အရ ဆိုရင်လည်း လူကနေ အကောင် မွေးတာ ပထမဆုံး အကြိမ်သာ ဖြစ်ကြေင်း ဆိုပါတယ်။ မိခင် အမျိုးသမီးဟာ လူ ကလေး ၂ ဦး ရဲ့ မိခင်ပဲ ဖြစ်ပါတယ်။ ဒီတော့ အရင်တုန်းက ပုံမှန်ပဲ ဖြစ်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ဒီတော့ စဉ်းစားစရာက အိပ်နေတုန်း တောက်တဲ့ပဲ ဝင်ဥ သွားသလား၊ အကောင်လိုက် ဝင်သွားသလား (ကန်တော့) ဆိုတာလေး ပါပဲ။ နောက် တစ်ချက် အနေနဲ့ အောက်လမ်း ပညာ ယုံကြည်လက်ခံ ကြတဲ့ အင်ဒိုနီးရှားမှာ ယင်း ဇနီးမောင်နှံဟာ နတ်ပူဇော်ပွဲ၊ စုန်းခေါ်ပွဲများလည်း ပြု လုပ်လေ့ ရှိကြောင်း ဆိုပါတယ်။

လက်ရှိ အချိန်ထိ ကတော့ လူကနေ တောက်တဲ့ မွေးမမွေးကို အငြင်းပွား စုံစမ်း စစ်ဆေး နေဆဲပါ။ Metro မှ သတင်းကို အောက်ပါ Link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

http://metro.co.uk/2014/06/12/woman-gives-birth-to-a-lizard-yes-really-4759613/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...