စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေစုရဲ့ Diary လေးပါခံစားပေးပါဦး

အမေစုရဲ့ Diary လေးပါခံစားပေးပါဦး.....................
( ဒီပို့စ်လေးကို ကျော်မသွားပါနဲ့)
သူမကို နားလည်မပေးနိုင်တောင် သူမအကြောင်းကိုတော့ ဖတ်ကြည့်လိုက်ပါ..

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ေေ
ဩော်…ဒီနေ့ ငါ့မွေးနေ့ပဲလေ…
ငါဘာလုပ်ရင်ကောင်းမလဲ..ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း
၁၉ နှစ်တောင် ရှိရော့ပေါ့ .ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး.. ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း
ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး...ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ
                   
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ. အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…
တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ
                             
အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…
ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ. ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်. အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့..

အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး မျှော်လိုက်ရတာ ဖေဖေရယ်..
နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်. အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ် ..ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်.. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ် ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်
မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့ မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်.ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့
မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်

နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ. သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.
ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်. မေမေက သိပ်တော်တာပဲနော်. ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ် မေမေ့ကို ခုချိန်ထိသမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…
၁၉၆၄ ခုနှစ်
ငါပျော်လိုက်တာ…
အောက်စဖို့ တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ ကြတယ်. အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…
အောက်စဖို့တက္ကသိုလ်ကို တက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်. I believe in you! တဲ့. ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်. ဒါပေမယ့် မေမေမငိုခဲ့ဘူး .လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး ..ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ
တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီးရင်းနှီးခဲ့ရတယ်.သူကတိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့
ကျောင်းသားတစ်ယောက်ပဲလေ.တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…
၁၉၆၉ ခုနှစ်
နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်. ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်. သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာမသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.ညနေရုံးဆင်းချိန်တွေနဲ့
စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer၀င်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီလူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..
၁၉၇၂ ခုနှစ်
မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်. သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…
မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့ I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့
သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…
၁၉၇၃ ခုနှစ်
အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.
ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..အဲဒီနေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…
၁၉၇၄ ခုနှစ်
မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့
၁၉၇၇ ခုနှစ်
ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.
၁၉၈၅ ခုနှစ်
ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့တယ်. ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.
၁၉၈၆ ခုနှစ်
ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်. အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..
၁၉၈၇ ခုနှစ်
ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်. အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက် London School of Oriental and African Studies
မှာစာရင်းပေးခဲ့တယ်
၁၉၈၈ ခုနှစ် မတ် ၃၁
တယ်လီဖုန်းသံမြည်လာခဲ့တယ်. ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့ နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…မှတ်တောင် မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…
ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်
၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…
စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့ ..ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ် ငါလိပ်ပြာမလုံဘူး..
ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်. သူတို့ကို ငါရှက်တယ်. ငါမပြန်ဘူး
ငါဒီမှာနေမယ် ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်. ဟုတ်တယ် ..ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး ..ငါဒီမှာနေမယ်..ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်...ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်..ဒါငါပဲ.
NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ် ..စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်
အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်. ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့. .သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်
င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ. သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက "ဟေးးးးးးးးးးးးးးးးးးးးးးး" ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်
မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.
၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက် မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.မေမေ့ကို မြင်စေ့ချင်လိုက်တာ...မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…
ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်..အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ် ..ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်
အဲဒီကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်.. ငါ့အပေါ်ရက်စက်လိုက်ကြတာ..ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ် ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..
ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့

ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို
ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ. မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး ..သားတို့ကို သိပ်ချစ်တာပေါ့ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့..ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေပိုချစ်မိတယ်..ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်
ရက်စက်လိုက်ကြတာကွယ်..ရက်စက်လိုက်ကြတာ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
တိုင်းပြည်ရဲ့အညွှန့်အဖူးလေးတွေလွင့်ကြွေခဲ့ရရှာပြီ…အဲဒီညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…
အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ
နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….
ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..
ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်. ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်. မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို ဦးညွှတ်တယ်. သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.
ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…
ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…

နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…
ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..
ခံစားမျှဝေသည်
ရတီ
သာဓု..သာဓု..သာဓု
=======================================================
 
 

ဒီပို့ကို မူ၇င်းမပျက်ေ၇းသားခွင့်၇တာကို ၀မ်းသာမဆုံးပါဘူး..
အမေ့ကို ချစ်တဲ့စိတ် သနားတဲ့စိတ် မြန်မာပြည်လူထုတွေပေါ်မှာ တိုးတက်စေချင်တဲ့ စေတနာကြောင့် ၇တီေ၇းလိုက်တာပါ..
အမေ့ကို လေးစားသလို ချစ်သလို မိမိကိုယ်ကိုလဲ လေးစားပါ
တိုင်းပြည်ကိုလဲ ချစ်ပါလို့ ..
အမေက အသက်အ၇ွယ်ဖြင့် ကြီး၇င့်လာပါပြီ ..သူမကို ချစ်၇င် သနား၇င် တို့တွေ ပိုကြိုးစားဖို့ လိုအပ်ကြောင်း စေတနာထား၇င်း
ကြိုးစားပါဦးမည်
ရတီ
-------------------------------------------------------------------------------------------------------
ဒီနေ့ဟာ ဒေါ်အောင်ဆန်းဆုကြည်၇ဲ့ ၆၉ နှစ်မြောက်မွေးနေ့ပါ..
======================================
အနာဂတ်မှာ သူမ၇ဲ့ အတွေးစိတ်ကူး ပုံဖော်မှုဟာ ဘယ်လိုရှိနေမလဲ..
ရတီတို့ တချက် လေ့လာကြည့်၇အောင်..
Aung San Su Kyi....... Democratic leader.
Aung San Su Kyi is an opposition leader in her home country of Myanmar and the winner of the 1991 Nobel Prize for Peace.
She quoted..
သူမကိုးကားေ၇းသားခဲ့တယ်
" If you´re feeling helpless, help someone "
အကယ်၍ သင်ဟာကူညီခံ၇မှု မဲ့နေတယ်လို့ ခံစား၇တယ်ဆို၇င် တစုံတယောက်ကို ကူညီလိုက်ပါ..
The only real prison is fear,and the only real freedom is freedom from fear.
တခုတည်းသော တကယ့်အချုပ်နှောင်ခံ၇ခြင်းဟာ
ကြောက့်၇ွံ့ခြင်း နှင့် တခုတည်းသော တကယ့်လွတ်မြောက်မှုဟာ ကြောက်၇ွံ့မှုမှ လွတ်မြောက်တာပါ..
" Fear is habit ; I am not afraid."
ကြောက်၇ွံ့မှုဟာ အလေ့အထဖြစ်တယ် ဒါကြောင့် ငါမကြောက်ဘူး..
Freedom from fear
ကြောက်၇ွံ့မှုမှ လွတ်မြောက်ခြင်း..
She joked to mean of ငြိမ်ဝပ်ပိပြားေ၇း...
သူမ ဟာသလဲ လုပ်ခဲ့ပါသေးတယ်
ငြိမ် ၀ပ် ပိ ပြားေ၇း ဆိုတဲ့ အာဏာ၇ှင်တွေ့၇ဲ့ မူဝါဒကို..
She admitted may i right or may i wrong.
သူမက ၀န်ခံခဲ့တယ် ငါမှန်ချင်လဲ မှန်မယ် မှားချင်လဲ မှားမယ်တဲ့
ကဲ သူမ၇ဲ့ သဘောသဘာဝလေးကို သိလိုက်ပြီ ဆိုတော့..
--------------------------------
ရတီ၇ဲ့ အမြင်ကတော့..
What is human right?
Human ...... လူသား
Right........... အခွင့်အရေး
ဒီကမ္ဘာကြီးမှာ အထင်က၇ ဘာသာလေးမျိုးရှိတယ်..
ဒီကမ္ဘာကြီးမှာ လူသားတွေ အတူတကွ နေထိုင်တယ်..
နေထိုင်တဲ့ လူသားတွေမှာ တူညီတဲ့ ခံစားချက် ဖြစ်တည်ချက်တွေ ရှိတယ်....
“I laugh, I love, I hope, I try, I hurt, I need, I fear, I cry. And I know you do the same things too, So we're really not that different, me and you.
ငါ ၇ယ်တတ်တယ်. ချစ်တတ်တယ်.မျှော်လင့်တယ်. ကြိုးစားတယ်. နာကျင်တယ်. လိုချင်တယ်. ကြောက်တတ်တယ်..
ငါသိတယ် မင်းလဲပဲ ဒီလိုလုပ်မယ်လို့..
ဒါကြောင့် မင်းနဲ့ငါ တကယ်တော့ ဘာမှမကွာခြားပါဘူးလေ...
အဲဒီတူညီတဲ့ လူသားတွေက တူညီတဲ့ အခွင့်အရေးပဲ ရသင့်ပါတယ်.. မင်းနဲ့ငါ တူညီတာ မင်းဘာလဲ မင်းဘယ်ကလဲ
မင်းဘယ်ဘာသာလဲ လဲ လဲ လဲ ဆိုတဲ့ မေးခွန်းမလိုတော့ပါဘူး..
အကယ်၍ မင်းက မင်းနဲ့ မင်းကမ္ဘာကြီးကို တိုးတက်စေချင်၇င်.....
--------------------------------------------------------
Change yourself first,world will change automatically..
မင်းကိုယ်မင်း အ၇င်ပြောင်းလဲလိုက်ပါ ကမ္ဘာကြီးက သူ့အလိုလိုပြောင်းလဲလိမ့်မယ်..
( ဒီစာသားလေးက လူသားတဦးချင်းစီ ပြောင်းလဲ၇မယ်လို့ ဆိုလိုတာပါ )
You are not own me
besides you are not own yourself also..
မင်းငါ့ကို မပိုင်ဘူး.. ဒါ့အပြင် မင်းကိုယ်မင်းလဲ မပိုင်ဘူး..
In that truth what that you need more than that.
ဒီအမှန်တ၇ားကြောင့် ဘာတွေကို ဒီထက်ပိုပြီး လိုအပ်နေသေးလဲ..
( လောကကြီးမှာ အေ၇းကြီးဆုံးက ၃ ခုက...
၁) understanding နားလည်ပေးခြင်း
၂) Respect. လေးစားခြင်း
၃) Love. ချစ်ခင်ခြင်း တို့ဟာ အ၇မ်းအေ၇းပါပါတယ်...)
ဒီတော့
မင်းလဲ မင်းနေ၇ာ မင်းဘာသာ မင်းအယူအဆ
ငါလဲ ငါ့နေ၇ာ ငါ့ဘာသာ ငါ့အယူအဆ
မပုတ်ခတ်ဘူး မစောင်းမြောင်းဘူး..
ကောင်းတယ် မကောင်းဘူး မှန်တယ် မမှန်ဘူးဆိုတာ
အဲဒီလူကိုယ်တိုင်ပဲ သိမှာပါ. .
မကောင်းဘူး မမှန်ဘူးလို့ ကိုယ်က မြင်နေ၇င် ပြုပြင်ပေးချင်၇င်
Acceptable. လက်ခံအောင် ပြောမှ၇ပါတယ်..
You must do what I say. Because that is true.
ဒါက အမှန်တ၇ားပဲ မင်းလုပ်ကို လုပ်၇မယ်ဆို၇င်
Human Right is meaning less.
လူသားအခွင့်အေ၇းက အဓိပ္ပါယ်မဲ့သွားမှာပေါ့..
People will realize one day who are going wrong way.
Do not correct that to them by force.
မှားနေတယ်ဆိုပြီး ဖိအားနဲ့ မပြောင်းလဲပါနဲ့..
တနေ့ကျ၇င် သူတို့တွေ အမြင်မှန်၇မှာပါ..
However If you treat polite way of them not to do it,
But those people would like to do that let them do it.
သို့သော်လည်း မင်းက လူတွေပေါ်မှာ ယဉ်ကျေးစွာနဲ့
မှားယွင်းမှုကို မလုပ်အောင် တားနေပေမယ့်
သူတို့က လုပ်ချင်၇င် လုပ်ခွင့်သာပေးလိုက်ပါ..
Life is give and take..
ဘ၀ဆိုတာ ပေးခြင်း ယူခြင်းပါပဲလေ..
အထက်ပါ အမေစု၇ဲ့ သဘောသဘာဝနဲ့
ရတီ၇ဲ့ အတွေးအမြင်တို့ကို
ပေါင်းစပ်ပြီး သူမ၇ဲ့ စေတနာနဲ့ ခံယူချက်ကို နားလည်နိင်ပါတယ်.
သူမကတော့ အကျိုးမဲ့ အကြောင်းမဲ့ အလုပ်တခုပေါ်လုပ်မှာ
မဟုတ်ဘူးဆိုတာ ဆင်ခြင်မိ၇င်း
အမေစု
ကျန်းမာပါစေ
ပျော်၇ွှင်ပါစေ
အေးချမ်းပါစေ လို့ ဆုတောင်းပေး၇င်း
ဒီကိုးကားချက်ကို ဒီနေ၇ာတွင်
၇ပ်နားခွင့်ပြုပါ.. .
ကြိုးစားပါဦးမည်
ရတီ
-------------------------------------------------------------------------------------------------------------
ကျမ၇ဲ့ အမြင်နဲ့ အမေစုပေါ်သုံးသပ်ချက်
...................................................
လူတယောက် အောင်မြင်တော့မယ်ဆို၇င် အတိုက်အခံ အဖျက်အဆီးများတယ်..
ကိုယ်က ခံနိုင်၇ည် ရှိဖို့နဲ့ အောင်မြင်မှုပေါါ်မှာ
မယစ်မူးဖို့ပဲ အဓိကကျ တယ်လေ..
ရတီကို အမေစုနဲ့ သိသလားတဲ့?
ဖြေလိုက်မယ်း မ သိဘူး..
မသိပဲနဲ့သူ့အကြောင်းေ၇းတယ်..
ဟုတ်တယ် ဖတ်ရှုထားတဲ့ သူမ၇ဲ့ emotion ကနေေ၇းတာ..
သူမက သူမခံစားချက်တွေပဲေ၇းထားတာပါ..
ရတီက သူမ၇ဲ့ ခံစားချက်ကို ထုတ်ပြသူပေါ့..
ဟုတ်ပြီ အမေစုပေါ် အထင်လွဲနေတာလေး နဲ့ ၇တီအမြင်လေးကို
ရှင်းပြခွင့်ပြုပါ..
ရတီ ဒီပို့စ်ကို မေ၇းခင် အ၇င်က
တ၇ားကိုဘယ်လိုထိုင်၇မလဲ ဆိုတဲ့ပို့စ်တခုေ၇းခဲ့ဖူးပါတယ်..
အပိုင်း(၁) ပေါ့.. အဲဒီထဲမှာ ကံကံ၏် အကျိုးတ၇ား တ၇ားကိုလေးစားပုံ ထိုင်နည်းကအစ အစုံအစုံပါပဲ.. ဖတ်တဲ့သူတွေလဲ အများကြီးရှိတယ်.. မဖတ်၇သေးတဲ့သူလဲ ရှိတယ်..
ဟုတ်ပြီ ဘာများဆက်စပ်လို့လဲ ?
ဟုတ်ကဲ့ ပြောချင်တဲ့၇ည်၇ွယ်၇င်းက စိတ်ထားတတ်ဖို့ပါပဲ..
ရတီတို့တွေက တနေ့သေမယ်လူတွေပါ..
မသေခင် ဘာယူသွားနိုင်မလဲဆိုတာ စဉ်းစားတတ်ဖို့လိုတယ်..
သေမယ့်အေ၇းကို အလေးထား၇င်
နေမယ့်အေ၇းက အေးဆေးပါ..
ဒါဆို၇င် အမေစုဟာ နှစ် ၂၀လုံး အကျယ်ချုပ်နဲ့ နေလာတာ သူမဘယ်လိုစိတ်ဓာတ်နဲ့ နေသလဲဆိုတာ တချက်လောက် တွေးကြည့်၇အောင် ..
တ၇ားသောနည်းလမ်းကို တ၇ားသော စိတ်ဓာတ်မရှိတဲ့သူဟာ
လောက၇ဲ့ အကောင်းအဆိုးတွေပေါ် ခံနိုင်၇ည်မ၇ှိပါဘူး..
ပြောချင်တဲ့ သဘောကတော့ သူမဟာ ကုလားကိုမျက်နှာပေးတယ်... ဘာညာပေါ့.. ကုလားဆိုတဲ့အမျိုးကို အမေစုခေါ်လာတာ မဟုတ်ပါဘူး..
ကုလားလို့ ၇ိုင်းစွာသုံးတဲ့လူတွေကိုလဲ ရတီ မလေးစားဘူး..
လူက လူပဲ.. လေးစား၇မယ်..
လူမျိုးတို့ ဘာသာေ၇းတို့ကြောင့် နင်တို့အမျိုးက မကောင်းဘူး..
နင် ငါသုံးနေတဲ့ အသုံးအနှုန်းတွေမှာ ယဉ်ကျေးမှုမပါတော့ဘူး..
ဘယ်သူပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် လေးစား၇ပါမယ်..
မြတ်စွာဘုရားက ဟောထားတဲ့ တ၇ားတွေမှာ
ဗုဒ္ဓဘာသာလူကိုပဲ လူလို့ထင်၇မယ်လို့ မဟောထားခဲ့ပါဘူး..
နိုင်ငံတနိုင်မှာ နေထိုင်တဲ့လူဦးေ၇များစွာ ရှိတဲ့အလျောက်
လူမျိုး ဘာသာတွေလဲ အမျိုးမျိုးရှိနေမှာပဲ..
မိမိက ဗုဒ္ဓဘာသာဆို ဗုဒ္ဓဘာသာ ကိုးကွယ်ပေါ့.. ခ၇စ်ယာန်ဆိုလဲ ခ၇စ်ယာန် စသဖြင့်ပေါ့လေ ကိုးကွယ်နိုင်ပါတယ်..
ဗုဒ္ဓဘာသာအများစုက ဘု၇ားရှိခိုးလောက်၇ုံနဲ့ ဗုဒ္ဓဘာသာလို့ တေ၇းတယူဂုဏ်ယူလေ့ ရှိတယ်.. ဒါပေမယ့် ဗုဒ္ဓဘာသာ၇ဲ့ အနှစ်သာ၇ကို တကယ်သိတဲ့သူက အ၇မ်းရှားပါတယ်.. အမေ ဗုဒ္ဓဘာသာ အဖေ ဗုဒ္ဓဘာသာမို့လို့ သားသမီးက ဗုဒ္ဓဘာသာ
သြကာသတောင် သိပ်မ၇ ဆိုလို၇င်းနားမလည်ပဲ ကဗျာ၇ွတ်သလို၇ွတ်နေတဲ့ ဗုဒ္ဓဘာသာတွေအများကြီးပါ..
ဒီလို ကိုယ့်အကြောင်းကိုတောင် ကောင်းကောင်းမသိ
မိမိဘာသာအကြောင်းကိုလဲ ကောင်းကောင်းမသိပဲ..
တရားစခန်းသွားပြီး အကုသိုလ်ယူနေတဲ့ ဗုဒ္ဓဘာသာတွေက
ငါအစွဲ မဖျောက်ပဲ ဒီကုလားတွေလို့ ပြောနေတဲ့သူ ဒုနဲ့ဒေး...
ဘာလို့ ငါ့စကားနွား၇ ပြောချင်၇သလဲ..
လူကို လူလိုမြင် ကြင်နာသနားတတ်၇င် မအေးချမ်းဘူးလား..
အမေစုလို မိန်းမမျိုးမပြောနဲ့ ရတီ့ စိတ်ဓာတ်တောင်
တိုင်းပြည်နဲ့ လူမျိုးကို အသက်ထက်ပိုချစ်တယ်.. တိုးတက်စေချင်တယ်..
အဲဒီထဲမှာ ငါ့လူမျိုး ငါ့ဘာသာလို့ အတွေးတခါမှ မတွေးဖူးဘူး..
ကူညီနိုင်တာ ကူညီမယ် ..
ဖေးမမယ် အားပေးမယ် ကြင်နာမယ်..
ပိုးဟပ်လေးတကောင်တောင် ရတီ မသတ်ခဲဖူးဘူး သနားလို့..
ဒီတော့ နှစ် ၂၀ လောက်အကျယ်ချုပ်နဲ့ နေလာတဲ့
အမျိုးသမီးတယောက်၇ဲ့ အထီးကျန်မှု ကြံ့ခိုင်မှုတွေဟာ
ဘယ်လိုနေ၇ခဲ့သလဲ ကြံ့ခိုင်ခဲ့၇သလဲ?
စဉ်စားကြည့်ပါ..
သူမရဲ့ စိတ်ဟာ
တ၇ားဆိုတဲ့ မျှတခြင်းကနေ
သနားမှုဆိုတဲ့ ဂ၇ုဏာကြောင့်
ခုလိုနေနိုင်တာပေါ့...
ဒီတော့ သူမအနေနဲ့ နိုင်ငံကို ကူညီမယ် စောင့်ေ၇ှာက်မယ်
လူမျိုးတွေ ဘာသာတွေပါမှာ မဟုတ်ပါဘူး..
့မြန်မာနိုင်ငံလုံးမှာ၇ှိတဲ့ ဘယ်သူမဆို အယုတ်အလတ် အမြတ်မေ၇ွူး
သူမ ကူညီမှာပါ...
ကုလား မြန်မာပြသာနာက အမေစုမွေးတဲ့မီး မဟုတ်ဘုးလေ..
သူမကို ချောက်တွန်းချင်လို့ပဲ အထိက၇ုံးတွေပေါ်လာ ပေါ်လာ
တကယ်ပဲ သွေး၇ိုးသား၇ိုး ဖြစ်ဖြစ် အချိန်တန်၇င် အဖြေမှန်ပေါလာမှာပါ..
အောင်ဆန်းက လွတ်လပ်ေ၇းဖခင်
အောင်ဆန်းသာ လုပ်ကြံမခံ၇ဘူး
သူမတို့ မိသားစုလဲ နိုင်ငံထဲက
အပြင်မထုတ်ခံ၇၇င် ဇာတ်လမ်းက
တမျိုးပြောင်းသွားမယ်...
သူမနေ၇ာမှာဆို၇င် တို့တွေဆို၇င်
ဘယ်လို ခံယူမလဲ ဆိုတာစဉ်းစားကြည့်ပါ..
ရတီက အားလုံးကိုခြုံပြီး သဘာဝကျကျလေးပြောပေးတာပါ..
အမေစုပေါ
အမြင်ပဲ စောင်းစောင်း
အမြင်ပဲ ကောင်းကောင်း
အသိတ၇ား၇ှိ၇မှာ မိမိ၇ဲ့ တာဝန်သာ ဖြစ်တယ်..
ဘယ်သူပဲ တက်တက် ကိုယ့်ထမင်းကိုယ်ရှာစား၇မှာ..
သိပ်မှန်တာပေါ့..
ကိုယ့်ထမင်းကို ကိုယ်တ၇ားနဲ့ ရှာစား..
ကိုယ့်မိသားစုကို တ၇ားနဲ့စောင့်ေ၇ှာက်..
တ၇ားရှာ အေးအေးချမ်းချမ်းနေ
အသိအမြင်များဖို့ စာဖတ်..
ကိုယ်ချင်းစာတ၇ားထား..
ဘယ်အ၇ာမဆို ပေါ့ပေါ့လေးမတွေးနဲ့
လေးလေးနက်နက် စဉ်းစား သုံးသပ် ဆင်ခြင် ..
ပါးစပ်ပါတိုင်း ကြမ်းဖို့မဟုတ်
လက်ပါတိုင်း ၇မ်းဖို့မဟုတ်..
နိုင်ငံေ၇းနဲ့ ဘာသာေ၇းခွဲပြီးမြင်..
တိုးတက်စေချင်တာ နိုင်ငံ
လူမျိုးမဟုတ်ဘူး..
ဘာသာမပါဘူး...
မြန်မာပြည် တပြည်လုံး
တိုးတက်ဖို့ ၀ိုင်းဝန်းဆောင်၇ွက်၇မှာ..
ဘယ်နိုင်ငံမဆို လူမျိုးပေါင်းစုံနေနေတာ
ကိုယ့်စည်း ကိုယ့်ကမ်းနဲ့နေ၇င်
အသိတ၇ားနဲ့နေ၇င်
အသိပညာ၇ှိ၇င်
တယောက်နဲ့ တယောက်လေးစားကျမယ်ဆို၇င်
ပြသာနာက ၇ှိပါဉီးမလား...
.
မိမိတကိုယ်စာတည်း စိမ်းလန်းနေလို့ တလောကလုံး
မသာယာနိင်ဘူးဆိုတာ ပြောကြား၇င်း ၇တီ၇ဲ့ အမေစုပေါ်ထားတဲ့ အမြင်လေးကို နှလုံးသားနဲ့ေ၇းသားခဲ့ပါတယ်..
လူသားအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
ကြိုးစားပါဦးမည်
ရတီ
-----------------------------------------------------------------------------------------------------------------
နောက်ဆုံးဖရောင်းတိုင် (ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။)
-------------------------------------------------------------------------------
ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့
နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း
ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊
အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။
ဒီပုံပြင်လေးဟာ
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊
လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့
အတွေးတစ်ခုကို ပေးပါလိမ့်မယ်။
*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင်
ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်
(၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။
ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ
ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ
အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်
(၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ
လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး
မှောင်မည်းသွားတော့ မှာပါပဲ။
ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး
လင်းထိန်သွားပါတော့တယ်။
**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ရတီတို့
နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။
ရတီပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။
ရတီက နောက်ဆုံး
ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်``
လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့
အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ
ပြန်ဖြစ်နိုင်တယ်။ ``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တာတရား၊
ကရုဏာတရား``တွေ ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့
ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို
အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့
မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။
မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊
မောင်နှမနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့
ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို
ခံစား နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ
သိပ်ကောင်းမှာပဲ။ ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင်
အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။
မိဘအပေါ်မှာ နားလည်ပေးတတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတတ်တဲ့၊ စာနာပေးတတ်တဲ့ မိဘတွေရဲ့
သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ရတီတို့
ဝန်းကျင်းမှာရှိခဲ့ရင် ရတီတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး
သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း
ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``
အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။
ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ``
ရဲ့ကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ဆိုတဲ့ အလင်းရောင်ကလေးနဲ့ ``
အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး
ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကြိုးစားပါဉီးမည်
ရတီ
------------------------------------------------------------------------------------------------------------
အပြစ်မတင် တတ်ဖို့ ဘာလို့ အေ၇းကြီးသလဲ?
--------------------------------------------------------
ပုံပြင်လေးလို့ပဲ ဆို၇မယ်..
၇ွာတ၇ွာမှာ မိသားစု ၄ ယောက်ရှိတယ်. တနေ့ ဖခင်ကေ၇သောက်ဖို့ သောက်ေ၇ခွက် ဖန်ခွက် ၀ယ်လာတယ်..ပြီးတော့ ဖန်ခွက်ကို သောက်ေ၇အိုးပေါ်မှာ တင်ထားလိုက်တယ်.
နောက်တနေ့ သမီးငယ်ကေ၇သောက်ချင်လို့ေ၇အိုးနားေ၇ာက် အကို ဖြစ်သူကို လှမ်းခေါ်ကာ ကိုကို မီးကိုေ၇ခပ်ပေးဟု လှမ်းပြောတယ်
အကိုဖြစ်သူကလည်း အဆော့မက်နေတော့ မသိကျေးကျွန်ပြုပြီး မသိချင်ယောင်ဆောင်လိုက်တယ်.
အဲဒီတော့ ညီမငယ်က သူ့အ၇ပ်ကလေး မမှီတမှီနဲ့ ဖန်ခွက်ကို လှမ်းအကိုင်မှာ ဖန်ခွက်ဟာ ကျပြီးကွဲ သွားတယ်..အဲဒီလို သမီးငယ်ေ၇တောင်းတဲ့အချိန် ဖန်ခွက် ယူနေချိန်အတွင်းမှာလဲ အမေဖြစ်သူက ကြားတယ် မြင်တယ်. သူမဟာ အိမ်ချင်းနဲ့ စကားပြောနေလက်စမို့ မသိချင်ယောင်ဆောင်မိတာကနေ ဖန်ခွက် ကွဲသွား၇တော့တာပါပဲ...
ေ၇ခွက်ကွဲတော့ ကလေးမလေး၇ဲ့ ငိုသံ
အကို၇ဲ့ ဟောက်သံ
အမေ၇ဲ့ ဆူသံနဲ့ ပွက်လော၇ိုက်နေတယ်..
ဘာကြောင့်လဲဆိုတော့ ဖခင်လာ၇င် အသေဆူမှာ ဆိုတာသိနေလို့ပဲ.
သိပ်မကြာခင်မှာ ဖခင်ေ၇ာက်လာပြီး ဒေါသထွက်ကာ အခင်းဖြစ်ပုံကို မေးတယ်.
ပြီးတော့ သူဟာအားလုံးကို အပြစ်တင်တယ်..
( မိခင်ကလဲ သားကို အပြစ်တင်.. သမီးကို ဆူ...
သားကလဲ ညီမကို ဆူ..အမေကို အပြစ်တင်နဲ့ ..
ပြသာနာက ဘယ်သူ့ဆီမှ မဆုံးပဲ အော်သံ ငိုသံ မြည်တွန်သံတွေနဲ့ပေါ့..)
အဲဒီလို တယောက်ကို တယောက်အပြစ်တင်ကျတော့
သူတို့မိသားစုဟာ မစားနိုင် မသောက်နိုင်ပါပဲ..
( အဲဒီ အခင်းတိုင်းပဲ နောက်မိသားစုမှာ ဖြစ်ပေါ်ခဲ့တယ်..
ဒါပေမယ့် ဒီမိသားစုကတော့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ကျတယ်..
အဖေကး ဖေဖေ့ အပြစ်ပါ. ဖေဖေ ဖန်ခွက်မ၀ယ်လာသင့်ဘူး..
အမေကး အို မေ့အပြစ်ပါ ကလေးကိုေ၇ခပ်ပေး၇မှာ..
သားက.း သား၇ဲ့ အပြစ်ပါ သားက အကိုကြီးပဲ လုပ်ပေး၇မှာ..
ညီမကလဲး သမီးတောင်းပန်ပါတယ် သမီးကြောင့်ပါလို့
ကိုယ့်အပြစ်ကို ၀န်ခံ တောင်းပန်ကျတယ်..)
သူ့တို့ မိသားစုက အေးချမ်းမှုကို ၇တယ်..
ဆိုလို၇င်းက ပြသာနာဖြစ်၇င် တယောက်နဲ့တယောက် ၀ိုင်းအပြစ်မတင်ဖို့ပါပဲ..
အပြစ်မတင်တော့ အေးချမ်းတာပေါ့..
လုပ်မိသူမှာလဲ နောက်မလုပ်တော့ဘူး ဆိုတဲ့ စိတ်ကလေး ၀င်လာတာပေါ့..
အလုပ်မှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် တယောက်နဲ့တယောက် ဖေးမကူညီမှုဟာ အေ၇းအေ၇းပါ အ၇ာေ၇ာက်တယ်ဆိုတာ ဒီသာဓကလေးက ဖော်ပြနေပါတယ်.....
လေးစားမှုရှိခြင်းက
သူေ၇ာကိုယ်ပါ
အေးချမ်းမှုလဲရှိတယ်..
လွတ်လပ်မှုလဲ ရှိတယ်..
ယုံကြည်မှုလဲ ပိုပြီးတိုးပွားစေတယ်...
ကြိုးစားပါဦးမည်
၇တီ
--------------------------------------------------------------------------------------------------------------
ဖြစ်နိုင်မယ်ဆိုလျှင် .....
၁) ကိုယ်ချင်းစာ တ၇ားပိုထားလိုက်ပါ
၂) ကိုယ်တတ်သော အသိပညာကို ဝေမျှပါ
၃) လှူပါ
၎) အမျိုးဘာသာကို စောင့်ရှောက်ပါ
၅) နိုင်ငံတိုးတက်၇ာ တိုးတက်ကြောငိးကို အမြဲစဉ်းစားပါ
၆) မိမိကိုယ်ကို စည်းကမ်းနှင့် နေပါ
၇) မိဘကို ကျေးဇူးဆပ်ပါ( တ၇ား ဓမ္မ နှင့်)
၈) လေလွင့်နေတဲ့ ကလေးလူငယ်တွေကို သားသမီးအ၇င်းကဲ့သို့
ဆုံးမပြုပြင်ပေးပါ
၉) မတွေဝေပါနဲ့ ပြတ်သားပါ ၇ဲ၇င့်ပါ
၁၀) မပျင်း၇ိပါနဲ့ လုံ့လထားပါ
၁၁) ပ၇ိဟိတ စိတ်ကလေးမွေးမြူပါ
၁၂) ပညာကို တန်ဖိုးထားပါ
၁၃) ဘ၀ကို အလေးနက်ထားပါ.
၁၄) မျက်၇ည်နဲအောင် နေပါ
၁၅) တ၇ားနဲ့ မွေ့လျော်ပါ
၁၆) ကိုယ်စားနေသော မုန့်တခုထဲမှ တဖဲ့လောက်ဖြစ်ဖြစ် ဝေမျှလိုက်ပါ...
၁၇) နောက်ဆုံး နေ့စဉ် အပြုံးလေးတခုဖြင့် အလှူဒါန ပြုလိုက်ပါ..
ဖြစ်နိုင်မယ်ဆိုလျှင် ဒီစာလေးကို အလေးအနက်ထားပေးပါ..
၇တီ
-------------------------------------------------------------------------------
အသိထဲက အမှန်တခုမှ သူတို့ပေါထားမိတဲ့ စေတနာရပ်ဝန်းဆီသို့
--------------------------------------------------------------------------------
ကမ္ဘာလောကကြီးက တဖြေးဖြေး ပူနွေးလာပြီ..
သစ်ပင်တွေ မရှိ..
တောတောင်တွေ မရှိ..
စသဖြင့် ပျက်စီး ပြုန်းတီးကုန်ပြီ..
လူတွေ၇ဲ့ အစားအစာတွေကလဲ ကျန်းမာေ၇းနဲ့ မညီညွတ်
နေထိုင်မှုစ၇ိုက်တွေကလဲ နေချင်သလို စားချင်သလိုစား..
စိတ်နေစိတ်ထားတွေမှာလဲ သူတလူငါတမင်းနဲ့ မ၇ိုင်းပင်းချင်တော့ဘူး.. မိမိအိတ်ကပ်ဖောင်းဖို့သာ စဉ်းစားနေတယ်..
သူများသားသမီး ပျက်စီး၇င် ဝေဖန်အပြစ်တင်မယ် ကိုယ့်သားသမီးဆို၇င် မီးပွင့်သွားမယ် စသဖြင့်ပေါ့ စိတ်ဓာတ်အဆင့်အတန်းတွေ အ၇မ်းကို အောက်တန်းကျနေပြီ..
ကိုယ့်အမှားကို အ၇င်မကြည့်ဘူး. သူများကို လက်ညှိုးထိုးဖို့ပဲ
စဉ်းစားနေ၇င် မိမိဟာ ဘယ်လိုလူနဲ့တူသလဲဆိုတော့ ၇ူးနေတာနဲ့ တူတယ်..
ဥပမာဆိုကျပါစို့ ၇ပ်ကွက်တခုမှာ ကိုယ့်ကိုလူတွေက အမြင်မကြည်လင်ဘူး အမြင်စောင်တယ်.. ဒီတော့ မိမိကလဲ လုံးဝဂ၇ုမစိုက်ဘူး.. မိမိ၇ဲ့ အတွေးက သူတို့ဟာ သိပ်အားနေလို့
ငါ့ကို ပြောနေတာ .. အဆင့်အတန်းမရှိဘူး စသဖြင့် တွေးလိုက်မိတဲ့နောက်မှာ ဒေါသပဲ ပါတယ်.. အဲဒီဒေါသဟာ ကြောက်တဲ့စိတ် သူ၇ဲဘောကြောင်တဲ့စိတ် မိမိကိုယ်ကို သတ်မယ့်စိတ်
ဘ၀တိုးတက်မှုကို နှောင့်နှေးစေမယ့်စိတ်..
ပြန်စဉ်းစားမှာက ငါဘာမှားနေသလဲ?
ငါပြင်ဆင်၇မလဲ? ငါဘာလုပ်သင့်သလဲ?
အဲဒီအတွေးမျိုးတွေးပြီး ပြုပြင်ပြောင်းလဲ၇မယ်..
ဘာလို့လဲဆိုတော့ မိမိဘ၀ကို တိုးတက်ချင်တာ ထိန်းသိမ်းချင်တာ ပြောင်းလဲချင်တာလေ.. သူများ၇ဲ့ ဝေဖန်မှုအောက်မှာ အ၇ူးတယောက်လိုနေမယ်ဆို၇င် ဘယ်မှာလဲ တိုးတက်ခြင်း၇ဲ့လမ်းစ..
ကိုယ့်ကိုယ်ကို သတ်တာကိုယ်ပဲ ပတ်ဝန်းကျင်မဟုတ်ဘူး..
ကိုယ့်ကိုယ်ကို နှစ်တာကိုယ်ပဲ သူများမဟုတ်ဘူး.
ကိုယ့်ကိုယ်ကိုပဲ ကယ်တင်၇မှာ..
ဒါက မြန်မာနိုင်မှာ တယောက်ချင်းစီ ပြောင်းလဲ ပြုပြင်၇မှာ...
အ၇င်က
မြန်မာနိုင်ငံမှာ ကချင် ကယား က၇င် ချင်း ဗမာ မွန် ရခိုင် ရှမ်း
စတဲ့ လူမျိုးကြီး ၈ မျိုး လူမျိုးခွဲ ၁၃၅ မျိုး နေထိုင်ကျတယ်.
အခု ကုလား၇ယ် တ၇ုတ်၇ယ် ဒီလူနှစ်မျိုး ပိုလာတယ်..
သူတို့က အောင်မြင်တဲ့ သူ၇ယ် ကြီးပွားတဲ့သူတွေက များတယ်..
မြန်မာလူမျိုး ချမ်းသာတယ်ဆိုတာ လက်ချိုးေ၇လို့၇တယ်..
ဒီအစိုး၇အောက်မှာ နေ၇တာချင်းအတူတူ မဖြစ်ထွန်းတာက
ဘာကြောင့်လဲ?
စကားပုံက
တ၇ုတ်လိုရှာ
ကုလားလိုစု
မြန်မာလို မဖြုန်းနဲ့..
ခုက
တ၇ုတ်လိုမရှာ
ကုလားလိုမစု
မြန်မာလို ဖြုန်းနေကျတာ..
အနောက်နိုင်ငံသားတွေက
တယောက်ထဲနေ၇င် စာဖတ်တယ်
နှစ်ယောက်ဆို၇င် အသိပညာချင်းဖလှယ်တယ်
သုံးယောက်ဆို၇င် အလုပ်စလုပ်တယ်.
မြန်မာက တယောက်ထဲနေ၇င် စိတ်ကူယဉ်တယ်
နှစ်ယောက်ဆို၇င် အတင်းပြောတယ်
သုံးယောက်ဆို၇င် ၇န်ဖြစ်မယ်..
၇န်ဖြစ်ဖို့ဆို၇င် အ၇မ်းတက်ကြွတယ်..
သွေးပူသွေးဆူလွယ်တယ်
သွေးထိုးစကားနားယောင်တယ်..
ကြက်ဥတလုံးက စတဲ့ပြသာနာက နှစ်အိမ်တောင်ပြာဖြစ်၇တာ..
အစိုး၇မကောင်းလို့ ပြည်သူတွေညံ့လို့နဲ့
မုန့်လုံး စက္ကူကပ်ပြီး ဂျာအေးသူ့အမေ၇ိုက်နေတာ
အပြစ်တင်တတ်တာ၇ယ် အပြစ်မြင်တတ်တယ်၇ယ်
ခေါင်းရှောင်တာ၇ယ် ၇န်ဖြစ်ချင်တာတွေက
ဘယ်လိုတိုးတက်မလဲ အေးချမ်းမလဲ..
ပြသာနာတခုရှိလာ၇င် ပညာသားပါပါနဲ့ ဘယ်လိုကိုင်တွယ်၇မလဲ
အ၇င်မစဉ်းစားပဲ တုတ်တပျက် ဓားတပျက်လုပ်နေလို့
အသိခေါက်ခက် အ၀င်နက်နေလို့ ပညာမဲ့နေလို့
ဘယ်လိုဖြစ်ပါ့မလဲ..
မျိုးချစ်စိတ်ဆိုတာ ၇န်ဖြစ်၇ဲတိုင်း မျိုးချစ်တာမှမဟုတ်တာ
စနစ်တကျတွေးခေါါ် ပြုပြင်ပြောင်းလဲမှ မျိုးချစ်တာ..
ရတီပြောချင်တာကတော့ ရတီအပါအ၀င် တိုင်း၇င်းသားအားလုံး
လူမျိုးစုအားလုံး မိမိနိုင်ငံနဲ့ လူမျိုးကိုချစ်၇င် ၇န်မဖြစ်ပါနဲ့..
ဒေါသနေ၇ာမှာ မခံချင်စိတ်ပဲထား..
ပိုကြိုးစား ပိုပြီးနိုးကြား ပိုပြီးစည်းလုံး
သမိုင်းကောင်းတာကို ဂုဏ်ယူမနေနဲ့ ..
လက်ရှိကောင်းဖို့လုပ်...
တဦးချင်း တယောက်ချင်းက နင်ဘာလဲ ငါဘာလဲလို့
ခွပ်နေမယ့်အစား နင်ေ၇ာငါေ၇ာ တိုးတက်အောင်
အတူတူလုပ်ကျရမယ် အတွေးလေးတွေကို နိုးဆော်၇င်း
ဒီနေ၇ာမှာပဲ ၇ပ်နားခွင့်ပြုပါ. .
ရတီချစ်တဲ့ မြန်မာလူမျိုးဟာ
တည်ငြိမ်၇င့်ကျက်တဲ့
လူမျိုးများဖြစ်ပါစေ
ချစ်ခြင်းများစွာဖြင့်
ရတီ
-----------------------------------
ဘုရားရှင် ကလေးများကို ဆုံးမခြင်း
=====================
ဘုရားရှင်သည် ဇေတ၀န်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ နွေဦးနံနက်
နေခြည်နုနုသည် ကျောင်းတော်ကို အနွေးဓာတ် ပေးနေ၏။ အရိယာတို့ ကျက်စားရာ သာဝတ္ထိ မြို့တော်သည် နွေးထွေးစွာ အေးချမ်းနေ၏။
နွေဦးရာသီဖြစ်၍ ကောင်းကင်ပြင် ကြည်လင်နေသည်။ ကျောင်းရိပ်ခိုသည့် ကျေးငှက်
သာရကာတို့ အစာရှာထွက်နေကြလေပြီ။ အတောင်သာလျှင် ၀န်ရှိသည့် ငှက်တို့နှင့် အလားတူသော ဘုရားရှင်နှင့် တပည့်သား သံဃာတော်တို့မြို့တွင်းသို့ ဆွမ်းခံဝင်ရန် အချိန်ကျရောက်လေပြီ။ ထို နံနက်ခင်း၌ ဘုရားရှင်သည် မြို့တွင်းသို့ တစ်ပါးတည်း
ဆွမ်းခံကြွတော်မူ၏။
ဘုရားရှင် ဆွမ်းခံ ကြွတော်မူသည့် လမ်းတစ်နေရာ၌ ခုနစ်နှစ် ရှစ်နှစ်အရွယ်
ကလေးတစ်အုပ် အုတ်အော်သောင်းနင်း ဖြစ်နေ၏။ ကလေးတို့သည် လမ်းဘေးရှိ ခြုံတစ်ခုကို ၀ိုင်းရံထားကြ၏။ ခြုံထဲသို့ ခဲနှင့် ပစ်ပေါက်နေကြသည်။
ခြုံထဲ၌ပိတ်မိနေသော မြွေတစ်ကောင်သည် ကလေးတို့ ပစ်ခတ်သည့် ခဲဒဏ်ကြောင့်
သေလုမြောပါး ဖြစ်နေ၏။ ကလေးများဆီသို့ တပြစ်ပြစ် ထွေးခဲ့ရ၍ သူ့တံတွေးတို့ ခန်းခြောက်လေပြီ။ ရှိရှိသမျှ သူ့မာန်တို့လည်း ကုန်လေပြီ။
ပါးပျဉ်းထောင်၍ မြွေမာန် မပြနိုင်တော့ဘဲ တွန့်လိမ်လျက်သာ လဲလျောင်းနေရလေတော့၏။
မြွေဆီသို့ အာရုံရောက်နေကြသော ကလေးတို့သည် ဘုရားရှင် ကြွတော်မူလာသည်ကို
သတိမထားမိလိုက်ကြပေ။
ဘုရားရှင်သည် ကလေးများ အနီးသို့ ချဉ်းကပ်၍ ကလေးတို့ကို ပျူပျူငှာငှာ
စကားဆိုတော်မူ၏။ “ ကလေးတို့ . . . ဘာဖြစ်လို့ မြွေကြီးကို နှိပ်စက်နေကြတာလဲ . . .။
သတ်နေကြတာလား . . .။”
နှုတ်လေးသည့် ကလေးများ ခေါင်းငုံ့ မျက်လွှာချလျက် တိတ်ဆိတ်နေကြ၏။ တစ်ချို့က
အချင်းချင်း မျက်လုံးနှင့် စကားပြောနေကြ၏။ ဘုရားရှင်ကိုကား မျက်နှာချင်း မဆိုင်ရဲကြပေ။ ရဲတင်းနှုတ်သွက်သည့် ကလေးတို့ကား
ဘုရားရှင်ကို တစ်ယောက်တစ်ပေါက် ပြန်လည် လျှောက်ထားကြ၏။
“ ဘုန်းဘုရား . . . သတ်တာတော့ မဟုတ်ဘူးလေ . . .။”
“ သူက သားတို့ကို ကိုက်မှာ . . .။ သူ မကိုက်နိုင်အောင် သားတို့က အရင်ချတာ . . .။”
“ မြွေကြီး တော်တော်တော့ နာနေပြီ . . .။ ဘုန်းဘုရား ရောက်လာလို့ပေါ့။
မဟုတ်ရင် သေလောက်ပြီ . . .။”
“ အဲဒီ မောင်သာမဆိုတဲ့ကောင် ကလေးပေမယ့် တော်တော် လက်ဖြောင့်တယ်။
သူပစ်တဲ့ခဲ အား သိပ်မပြင်းလို့
သာပေါ့။ သူပစ်လိုက်ရင် ချက်တိုင်းချက်တိုင်း မြွေကို ထိတာချည်းပဲ။ ”
ကလေးအဖွဲ့တွင် အငယ်ဆုံးဖြစ်သူ မောင်သာမသည် ဘုရားရှင်၏ အနီး၌ ရှိနေ၏။
မောင်သာမသည် သူ ကျုးလွန်မိသော ပြစ်မှုအတွက် ကြောက်လန့်ရှက်ရွံ့နေ၏။ အထူးသဖြင့် ဘုရားရှင်၏ရှေ့တော်မှောက်၌ နာမည်ဖော်၍ အပြောခံလိုက်ရသောကြောင့် မနေတတ် မထိုင်တတ် ဖြစ်နေ၏။ ခေါင်းငုံ့လျက်မျက်လွှာချထားရင်း လက်ချောင်းများကို
ချိုးနေ၏။ မောင်သာမ၏ အခြေအနေကို ရိပ်စားမိသော မောင်ဝဏ္ဏသည် မောင်သာမ၏
အနီးသို့သွား၍ မောင်သာမ၏ ပခုံးကို ဖွဖွဆုပ်ကာ အသံတိတ် အားပေးနေ၏။ ငိုမယောင် မျက်နှာထားနှင့် မျက်တောင်သာ ပေကလပ် ပေကလပ် တွင်တွင်ခပ်ရင်း အောက်နှုတ်ခမ်းကို အပေါ်သွားများနှင့် ဖိကိုက်နေသူမောင်သာမသည် ဒဏ်ရာရနေသော မြွေကြီး
ကို မ၀ံ့မရဲ လှမ်းကြည့်လိုက်ပြီး ၀မ်းသာအားရ အော်လေ၏။
“ ဟော . . .။ မြွေကြီး ပြေးတော့မယ်။ မသေဘူး။ ”
ကလေးအားလုံး မြွေဆီ ကြည့်လိုက်ကြပြီး ဘုရားရှင်နှင့် မောင်သာမတို့
ရှိရာဘက်သို့ ပြေးလာကြ၏။ မြွေလည်းတစ်ခြားတစ်ဘက်မှ ထွက်သွား၏။ သေလုမျောပါး ဒဏ်ရာရနေသော မြွေ မသေဘဲ လွတ်မြောက်သွား၍ စိုးရွံ့ ထိတ်
လန့်မှု သက်သာပြီး လွတ်လပ်ပေါ့ပါးသွားသည့် မောင်သာမကို ကြည့်၍ ဘုရားရှင်
ပြုံးတော်မူ၏။ မောင်သာမ၏
ခေါင်းကို ယာလက်တော်ဖြင့် ညင်သာစွာ ပုတ်လျက် နှစ်သိမ့်အားပေးတော်မူ၏။
“ ဟုတ်ပါတယ် . . . မောင်သာမ . . .။ မင့်မြွေကြီး မသေပါဘူး။ ဒဏ်ရာတော့
ရသွားတာပေါ့။ သက်သာသွားမှာပါ . .ကလေးတို့ . . . စိတ်ပူမနေကြပါနဲ့။ ”
ဘုရားရှင်၏ အနီးအပါး၌ ၀န်းရံနေကြသော ကလေးတို့သည် ကိုင်ဆောင်ထားသည့်
ခဲများကို လမ်းဘေးသို့ လွှင့်ပစ်လိုက်ကြ၏။ ဘုရားရှင်၏ ရှေ့တည့်တည့်၌ ရှိနေကြသော ကလေးတို့သည် ဘုရားရှင်၏ အသရေ ပြည့်ဝသော မျက်နှာတော်ကို အတန်ကြာအောင် ငေးစိုက် ကြည့်နေကြ၏။
ဘုရားရှင်၏ နောက်တော်၌ ရှိနေသော ကလေးတစ်ယောက်သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဘုရားရှင် မသိအောင် ညင်ညင်သာကိုင်ကြည့်ရင်း သူ့ဘေးက ကလေး
တစ်ယောက်ကို လျှာထုတ်ပြနေ၏။ ကလေးများ အားလုံး ဘုရားရှင်နှင့်
ရင်းနှီးကျွမ်းလိုကြဟန် တူသည်။
“ ကလေးတို့ . . . ငါ့နောက်မှာ မနေကြနဲ့။ ရှေ့ကိုလာခဲ့ကြ ”ဟု ဘုရားရှင်က
ခေါ်တော်မူလိုက်၏။ ထိုအခါ ကလေးများအားလုံး ဘုရားရှင်၏ ရှေ့တော်မှောက်၌ စုဝေးမိလေသည်။ ဘုရားရှင်၏ သင်္ကန်းတော်ကို တိတ်တဆိတ် ကိုင်
ကြည့်ခဲ့သော ကလေးငယ်သည် သူ၏ ခိုးကြောင်ခိုးဝှက် ကိစ္စကို ဘုရားရှင်
သိလေသလားဟု သံသယဖြစ်မိ၏။
သို့သော် ဘုရားရှင်က သူ့ကို ငေါက်ငမ်းလိမ့်မည် မဟုတ်ဟူ၍ကား သူ အခိုင်အမာ
ယုံကြည်ထားသည်။
“ ကလေးတို့ . . .။ သက်ရှိ သတ္တ၀ါ အားလုံးဟာ ချမ်းချမ်းသာသာ နေချင်ကြတယ်။
ကလေးတို့ ပျော်ချင်ကြတယ် မဟုတ်လား။ ဘေးကင်းချင်ကြတယ် မဟုတ်လား။
လူလိမ္မာဆိုတာ
စာနာတတ်ရတယ်။
ကြင်နာတတ်ရတယ်။
ကိုယ် ချမ်းသာဖို့၊
ကိုယ်ဘေးကင်းဖို့
သူတစ်ပါးကို ညှင်းဆဲတဲ့သူ၊
လက်နက်နဲ့ တိုက်ခိုက်တဲ့သူဟာ
ဘ၀သံသရာမှာ ချမ်းသာသုခ မရရှိနိုင်ဘူး။
ကိုယ်ချင်းစာတတ်မှ၊ သူတစ်ပါးကို
ငဲ့ညှာတတ်မှ ချမ်းသာမယ်။
နားလည်ကြရဲ့လား။ ”
“ မှန်ပါ ဘုရား . . .။ ”
“ ကလေးတို့ . . . ဒီ သာဝတ္ထိ မြို့ထဲမှာ။ ကိုယ်အင်္ဂါ မပြည့်စုံတဲ့သူတွေ၊
ရုပ်ရည်အဆင်း မလှပတဲ့သူတွေ မြင်ဖူးကြတယ် မဟုတ်လား။ ”
“ ဘုန်းဘုရား . . . သစ်ပင်ပိလို့ ခြေတစ်ဘက် ပြတ်သွားတဲ့ စဏ္ဍာလကြီး ၀စ္ဆလို
လူမျိုးလား . . .”
“ ဟုတ်တာပေါ့ . . .။”
“ ရက်ကန်းသည်မကြီး ၀ိသာဆိုရင် သွားခေါခေါ မျက်လုံးစွေစွေနဲ့။
အသားအရေကလည်း ခြောက်ကပ်နေတာပဲ။
ကျက်သရေကို မရှိဘူး။ ”
“ ဟုတ်ပြီ . . . ကလေးတို့။ ကိုယ်အင်္ဂါချို့တဲ့သူတွေ၊ အရုပ်ဆိုး
အကျည်းတန်သူတွေ၊ နောက်ပြီး အားအင်
ချိနဲ့ သူ တွေ၊ လေးလံထိုင်းမှိုင်းသူတွေ၊ ကြောက်ရွံ့ထိတ်လန့်လွယ်သူတွေ၊
အနာရောဂါ များသူတွေ၊ အခြွေအရံ အပေါင်း အသင်းမရှိဘဲ အထီးကျန်နေရသူတွေဟာ အတိတ်ဘ၀က သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခဲ့လို့ ခုဘ၀မှာ အဲဒီလိုတွေ ဖြစ်နေကြရတာပဲ။
တစ်ချို့ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတာ၊ တစ်ချို့
အရွယ်မရင့်သေးဘဲ သေဘေးဆိုက်ရတာတွေ လည်း ကလေးတို့ မြင်ဖူး ကြားဖူးကြတယ် မဟုတ်လား။ အဲဒါတွေလည်း သတ်ဖြတ်ညှင်းဆဲခြင်းရဲ့ အကျိုးဆက်ကို ခံယူလိုက်ကြရတာပဲ။ ”
“ သဘောပေါက်ပါပြီ ဘုရား . . .။”
“ ဘုန်းဘုရား . . . မသတ်ဖြတ် မညှင်းဆဲဘဲ သနားကြင်နာတတ်တဲ့ သူဆိုရင်
ဘ၀တိုင်း ဘ၀တိုင်း ရုပ်ချောမှာပေါ့။အသက်ရှည်မှာပေါ့. . .။ ဒါဆိုရင်တော့. . . ကိုယ်ချင်းစာပြီး ကြင်နာမှဖြစ်မယ် . . .။ ”
“ ကလေးတို့ . . . သနားကြင်နာတတ်တဲ့သူတွေ ရုပ်ဆင်းရူပကာ ချောမောလှပတာ၊
ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်တတ်တဲ့ ဒေါသအိုးတွေ အရုပ်ဆိုး အကျည်းတန်တာကတော့ ဘ၀သံသရာမှ မပြောနဲ့.. ခုဘ၀မှာကိုပဲထင်ရှားတယ်။ ဒေါသထွက်နေတဲ့သူတွေ၊ စိတ်ဆိုးနေတဲ့သူတွေ စိတ်ညစ်နေတဲ့သူတွေဟာ ရုပ်ရည်လှလို့လား။
မျက်နှာထား ပုပ်သိုးသိုးနဲ့အရုပ်ဆိုးနေကြတာ မဟုတ်လား။
သနားကြင်နာတတ်တဲ့ သူတွေကတော့ ဖော်ရွေတဲ့ အပြုံးနဲ့ လှနေကြတာ မဟုတ်လား။
ပင်ကိုယ်က ဘယ်လောက်ချောမောလှပတဲ့ သူပဲဖြစ်ဖြစ် ဒေါသထွက်နေရင် လှတော့လို့လား။
အပြုံးပန်းကတော့ အကျည်းတန်သူကိုတောင်
လှစေနိုင်တယ်။ ငိုမဲ့တဲ့ ကလေးနဲ့ ပြုံးရယ်တဲ့ ကလေး ဘယ်သူက ပိုလှသလဲ။
ဘယ်သူက ပိုပြီး ချစ်စရာ ကောင်းသလဲ။ တောက်ပတဲ့ အကြင်နာ အပြုံးတစ်ပွင့်ဟာ လောကတစ်ထောင်ကို ကမ္ဘာတစ်ထောင်
လင်းလက်စေနိုင်တယ် ကလေးတို့ . . .။ ”
ဘုရာရှင်၏ မေတ္တာ ကရုဏာ ကြွယ်ဝသော အပြုံးဓာတ်သည် ကလေးများထံ
ကူးရောက်ပြန့်နှံ့သွား၏။ ဖြူဖြူစင်စင်အပြစ်ကင်းသော ကလေးတို့ မြတ်နိုးဖွယ် ပြုံးပျော်နေကြသည်။ ကလေးများနှင့်
ဘုရားရှင်တို့ အတိုင်အဖောက်ညီညီ
အပြန်အလှန် စကားဆိုနေကြရာ မောင်သာမလည်း ရဲစိတ်ဝင်လာပြီး
နှုတ်ဆိတ်မနေနိုင်တော့ပေ။
ဘုရားရှင်ကို
ရိုသေစွာ လက်လုပ်ချီရင်း ချိုကြည်စွာ လျှောက်ထားလိုက်၏။
“ ဘုန်းဘုရား . . . သား . . . တစ်သက်လုံး သတ်ဖြတ်တာတွေ၊ ညှင်းဆဲတာတွေ
မလုပ်တော့ပါဘူးဆိုတာကို
ဘုန်းဘုရားသိအောင် သူငယ်ချင်းတွေသိအောင် ကတိပေးပါတယ် ဘုရား . . .။ ”
ကလေးအားလုံး မျက်လွှာချထားလျက် ဘုရားရှင်ကို လက်အုပ်ချီနေကြသည်။
ကလေးငယ်တို့သည် နုနယ်သူတို့သဘာဝအလျောက် မိုက်မှားမိခဲ့ကြ၏။ သို့သော် မျိုးကောင်းမျိုးသန့် ကလေးများ၊မိကောင်းဖကောင်းတို့၏
သားထူးသားမြတ်ကလေးများ၊ ပါရမီရှင်လေးများ ဖြစ်ကြသည့် အားလျော်စွာ
ဘုရားရှင်၏ ဆုံးမသွန်သင်မှုကို ခံယူရရှိသောအခါ ကလေးအားလုံး ဉာဏ်အလင်း ပေါက်သွားကြလေ၏။
အရွယ်ပင် ငယ်သော်လည်း အရိယာမဂ် ပထမအဆင့်ထိ ရောက်သွားကြ၏။ အရိယာ
သူတော်စင်လေးများ ဖြစ်သွားကြပြီး တစ်သက်တာလုံး သတ်ဖြတ်မှု ညှင်းဆဲမှုများကို ရှောင်ကြဉ်ကြလေ၏။ ဘုရားရှင်ကိုလည်းကောင်း၊
ဘုရားရှင်၏ အဆုံးအမ မှန်သမျှကိုလည်းကောင်း၊
ဘုရားရှင်၏ တပည့်သား သံဃာတော်အားလုံးကိုလည်းကောင်း
အသက်ထက်ပင် မြတ်နိုးနိုင်သော အာဂယောက်ျားလေးများ ဖြစ်သွားကြလေ၏။
အရွယ်ရောက်သောအခါ
သာသနာတော်ကို အားတက်သရော ထောက်ပံ့ကြလေ၏။
ကြိုးစားပါဉီးမည်
ရတီ
……
 Yati Netpumchee Athinchay
 https://www.facebook.com/photo.php?fbid=693794650666836&set=pcb.69379

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...