စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြင်သစ်လူမျိုး နှစ်ဦးတို့၏ ထူးခြားသည့် မင်္ဂလာဆောင်ပွဲ


--------------------------------------


 

ယနေ့ 20-3-2014-နေ့ မှာတော့ ပြင်သစ်နိုင်ငံ သား mr monney နှင့် ပြင်သစ်နိုင်ငံသူ ms Thellier တိုမှ မြန်မာ့ ဓလေ့ ထုံးထမ်း စဉ်လာကို အလေးထား မြတ်နိုး တန်ဘိုးထားသောအားဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ နှင့်အညီ အာဝါဟ ဝိဝါဟ မင်္ဂလာကို ပုဂံညောင်ဦးမြို့ မြစည်းခုံကျောင်းတိုက်အတွင်း တွင် သံဃာတော် အရှင်မြတ်များအား မင်္ဂလာဆွမ်းကျွေးခြင်း မင်္ဂလာ လက်စွပ် ဆင်မြန်းခြင်း ရဟန်းသံဃာတော် တို့၏ အဆုံးအမကို ခံယူလျှက် မြန်မာဆန်စွာ မင်္ဂလာပွဲ ကျင်းပပြုလုပ် သွားပါတယ်။

 မြန်မာတွေကတော့ အနောက်တိုင်း ယဉ်ကျေးမှု့ကို အထင်ကြီးပြီ နေချိန်မှာ အနောက်တိုင်း နိုင်ငံသား တို့ကတော့ မြန်မာလို မင်္ဂလာပွဲ ဆင်နွှဲရတာ အလွန်အင်မတန် ကျက်သရေ မင်္ဂလာရှိလို ဆိုပြီး မြန်မာယဉ်ကျေးမှု့ ကို ဂုဏ်ပြု ပြောဆိုသွားပါတယ် ကိုယ့် ဘာသာ ကိုယ့်ယဉ်ကျေးမှု့ ကိုယ့်ဓလေ့ ထုံးထမ်း စဉ်လာများကို ထိမ်းသိမ်း စောင့်ရှောက်နိုင် ကြပါစေကြောင်း ဆုတောင်းရင်းဖြင့်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...