စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမား ဖြစ်လာသည့် ကိုလံဘီယာဂိုးသမား

Photo - Getty Images
 
ဂျပန်ကို (၄-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် လူစားလဲ ပါဝင်ခဲ့ပြီးနောက် ကိုလံဘီယာ ဂိုးသမား ဖာရက်ဒ် မွန်ဒရက်ဂွန်သည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီ ဖြစ်သည်။
ကိုလံဘီယာတွင် အုပ်စုတွင်း ပွဲစဉ်အားလုံးကို အနိုင်ရရှိခဲ့ပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။ ဂျပန်ကို (၃-၁)ဖြင့် အနိုင်ရနေစဉ် ပွဲချိန် (၈၅)မိနစ်၌ နည်းပြ ဟိုဆေးပီကာမန်က ဂိုးသမား ဒေးဗစ် အော့စ်ပီနာအစား မွန်ဒရက်ဂွန်ကို ပါဝင်ရန် ခွင့်ပြုပေးခဲ့သည်။

မွန်ဒရက်ဂွန်သည် (၁၉၇၁)ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် မွေးဖွားခဲ့သူဖြစ်ရာ (၄၃)နှစ် ပြည့်ထားသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။ ၎င်းသည် ကင်မရွန်း တိုက်စစ်မှူးဟောင်း ရော်ဂျာမီလာ၏ စံချိန်ကို ချိုးဖျက်ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမား အနေဖြင့် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။

မွန်ဒရက်ဂွန်သည် ဒီပို့တီဗို ကာလီအသင်းတွင် ပါဝင်ကစားခဲ့ပြီးနောက် အစာချုပ်သက်တမ်း ကုန်ဆုံးပြီး လက်ဆုပ်လက်ကိုင် ကလပ်အသင်း မရှိသူ တစ်ဦးဖြစ်သည်။ မွန်ဒရက်ဂွန် မတိုင်မီက ကမ္ဘာ့ဖလား၏ အသက်အကြီးဆုံး ကစားသမားအဖြစ် မီလာက အသက်(၄၂)နှစ်၊ (၁)လနှင့် (၈)ရက်ဖြင့် စံချိန်တင်ထားခဲ့သည်။ ၎င်းသည် (၁၉၉၄)ခုနှစ်၊ ကမ္ဘာ့ဖလားတွင် ကင်မရွန်းကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

မွန်ဒရက်ဂွန်သည် နောက်ထပ် စံချိန်သစ် တစ်ခုအဖြစ် ကမ္ဘာ့ဖလားတွင် အချိန်အကြာဆုံး ကင်းကွာပြီးမှ တစ်ကျော့ပြန် ပါဝင်ခွင့်ရသည့် ကစားသမားလည်း ဖြစ်လာသည်။ ၎င်းသည် (၁၉၉၈)ခုနှစ်က ပြင်သစ်တွင် ကျင်းပသော ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ကိုလံဘီယာအတွက် ပါဝင်ခဲ့ဖူးပြီး ထို့နောက်ပိုင်း (၁၆)နှစ်လုံးလုံး ပြိုင်ပွဲနှင့် ကင်းကွာနေခဲ့သူ ဖြစ်သည်။ အဆိုပါ စံချိန်ကို ယခင်က ဆွစ်ဇာလန်မှ အဲလ်ဖရက်ဒ် ဘစ်ကဲလ်က ပြိုင်ပွဲနှစ်ရပ် (၁၂)နှစ်ကြာ ကင်းကွာပြီးမှ ပြန်ကစားကာ တင်ရှိထားခဲ့သည်။

မွန်ဒရက်ဂွန်သည် လက်ရွေးစင် အသင်းအတွက် (၅၇)ပွဲ ကစားဖူးသူဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် ဘောလုံးသမား ဘဝမှ အနားယူဖွယ် ရှိနေသည်။ ၎င်းသည် ဂါလာတာဆာရေး အသင်းနှင့် တူရကီ ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး အင်ဒီပန်ဒီယန်တေး အသင်းတွင် ကစားရင်း ကိုပါလီပါတေးဒိုးစ် ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ဖူးသည်။

_Ref: Goal
Add this here 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...