စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လွယ်ကူမြန်ဆန်ပြီး အဟာရပြည့်ဝတဲ့ (၅)မိနစ်ကြာ မနက်စာ

                         

မနက်စာစားဖို့ အချိန်မရှိတာ ၊ အိပ်ရာထနောက်ကျတာ တွေနဲ့ပဲ မနက်စာလွန်ပေါင်းများခဲ့ရပါပြီ ဆိုသူများအတွက် အချိန်ကုန်သက်သာ ၊ လွယ်ကူပြီး လိုအပ်တဲ့ အဟာရလည်း အပြည့်အ၀ရရှိမယ့် မနက်စာ ပြင်ဆင်နည်းလေးတွေ ရှိပါတယ်။ ဒီအတွက်တော့ အချိန်ငါးမိနစ်လောက် ပေးရင် လုံလောက်ပါပြီ။

(၁) မြေပဲထောပတ်နဲ့ စတော်ဘယ်ရီသီး မုန့်လိပ်
မြေပဲထောပတ်တွေက နေ့လည်အဆာပြေစာအတွက်ပဲလို့ ဘယ်သူကများ ပြောလဲ။ မနက်စာအတွက် လိုအပ်တဲ့ ပရိုတိန်းဓါတ် အပြည့်အ၀ ပါရှိပြီး စတော်ဘယ်ရီနဲ့ လိပ်ထားတာကြောင့် မနက်ခင်းမှာ အီတာတွေ မစားနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

(၂) ဒိန်ချဉ်နဲ့ ဘယ်ရီသီး
စူပါမားကတ်မှာ မနက်စာအတွက် အတော်လေး ခြေညောင်းအောင် ပတ်ရှာရပြီဆိုရင်တော့ ဒိန်ချဉ် တစ်ဗူးနဲ့ ဘယ်ရီသီးတစ်ထုပ်သာ ဆွဲခဲ့လိုက်ပါ။ သင့်က ၀ိတ်လျော့ဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင်တော့ ဒီမနက်စာက အချိန်ကုန်သက်သာပြီး အတော်လေး အသုံးဝင်ပါတယ်။

(၃) စတော်ဘယ်ရီ စမုသီ
အလုပ်နောက်ကျနေပြီပေါ့။ စတော်ဘယ်ရီသီး တစ်ခွက်စာလောက် ကြိတ်စက်ထဲထည့်ပြီး နို့နဲ့သာ ဖျော်သောက်လိုက်ပါ။ ၀ါးနေစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာတဲ့ မနက်စာတစ်ခွက်ပေါ့။

(၄) ပေါင်မုန့်မီးကင် ၊ အသားပြား ၊ ချိစ်
ဒီထက်ပိုလွယ်တဲ့ မနက်စာမရှိတော့ပါဘူး။ ပေါင်မုန့်တစ်ချပ်မီးကင်လိုက်ပြီး အသားပြားနှစ်ချပ်နဲ့ ချိစ်ကြိုက်ရင် ချိစ်တစ်ခုပ်ညှပ်လို့ နှစ်သက်ရာ နို့ ၊ ကော်ဖီ တစ်မျိုးမျိုးနဲ့ သောက်သုံးနိုင်ပါတယ်။

(၅) ချယ်ရီ ၊ ကီဝီဖျော်ရည်
ချယ်ရီသီး ၊ ကီဝီသီးတွေ ပေါ်ချိန်ရောက်ရင်တော့ အုန်းနို့ဖျော်ရည်နဲ့ ရောပြီးသောက်ကြည့်ပါ။ ဒီအသီးတွေက သင့်ရဲ့ ငြီးငွေ့ဖွယ် မနက်စာခွက်ကို ပိုပြီးစိုပြည်စေနိုင်မှာပါ

Credit to Trend Myanmar

K.K(ကနောင်)


https://www.facebook.com/364484143692148/photos/a.364489287024967.107374182

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...