စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အလုပ်အကိုင် တွင် လျင်လျင်မြန်မြန် တိုးတက်ရန် နည်းလမ်း






ကျနော့ မိတ်ဆွေ သူငယ်ချင်းတွေ လာမေးတယ်။ သူတို့တွေ ကုမ္ပဏီတွေမှာ အလုပ်လုပ် လာတာ ငါးနှစ် မကတော့ဘူးတဲ့။ သို့ပေမယ့် ရာထူး လစာက အလုပ်စလုပ်ဖူးတဲ့ အချိန်ကနေ ယနေ့အထိ ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး လို့ ဆိုတယ်။ ဒီတော့ အဲ့ဒီ လေးငါးနှစ် အတွင်းမှာ သူ ဘာလုပ်ခဲ့လဲလို့ ကျနော် မေးတယ်။ ကုမ္ပဏီတွေမှာ သူက Admin ပိုင်းလုပ်ခဲ့တယ်။ Sale ပိုင်းလုပ်ပေးခဲ့ရ သေးတယ်။ စာရင်းအင်းလည်း လုပ်ပေးခဲ့ရတယ်။ အခြေခံအားဖြင့် ဒရိုင်ဘာလည်း လုပ်ခဲ့ရတယ်။ မာကတ်တင်း ဝန်ထမ်းလည်း လုပ်ခဲ့တယ်။ သို့ပေမယ့် ရာထူးက မန်နေဂျာ အဆင့်ကို တက်မလာပဲ ဘယ် ကုမ္ပဏီ သွားလျှောက်လျှောက် အလွန်ဆုံးမှာ စီနီယာ မာကဲတင်း၊ စီနီယာ အရောင်း အစရှိသဖြင့် ရာထူးပဲ ရပါသတဲ့။ ဒါနဲ့ ကျနော် ဥပမာ ပေးလိုက်တယ်။

စာဖတ်သူတို့ ကြားဖူးနေကြ ပုံပြင်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ တစ်ခါက လုလင်ပျိုတစ်ယောက် ပညာစုံ သင်လာပြီး နယ်ပြန်လာတဲ့အခါ ဗေဒင်လည်းဟော၊ ပန်းပဲလည်းလုပ်၊ ပန်းချီလည်းဆွဲ၊ စောင်းလည်းတီး၊ ပန်း ၁၀ မျိုးမက ပညာ၊ သိုင်းပညာ အကုန်တတ်ခဲ့တော့ တစ်ခုပြီး တစ်ခု လုပ်စားတယ်လေ။ နောက်တော့ အတူသင်တဲ့ သူငယ်ချင်းက ပန်းပုပညာနဲ့ သူဌေး ဖြစ်သွားသည့်တိုင် သူက ဆင်းရဲမြဲ ဆင်းရဲတယ်။ ဒါနဲ့ ပါမောက္ခ ဆရာဆီ သွားမေးတော့ မာလကာပင်ပေါ် တက်ခိုင်းတယ်။ တစ်ကိုင်းပြီး တစ်ကိုင်း ကူးခိုင်းတယ်။ ဆရာက သစ်ပင်ကို ဆက်တိုက် ခါတယ်။ ခဏခဏ ပြုတ်ကျတာ ကြောင့် အကိုင်း တစ်ကိုင်းထဲမှာ ခိုင်ခိုင်နေခိုင်းပြီး ထပ်ခါတယ်။ လုံးဝ မကျတော့ဘူး။ မြဲသွားတယ်။ တည်သွားတယ်။

ပုံပြင်ထဲက လိုပါပဲ။ ယခု စာဖတ်သူက မိမိ ကျင်လည်တဲ့ လုပ်ငန်းမှာ၊ ပညာရပ်မှာ ရာထူး၊ အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခုကို တိတိကျကျ မယူနိုင် သေးရင် ခါလိုက်တိုင်း ကျနေမှာ ပါပဲ။ ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ပိုမြင့်တဲ့ ရာထူး အဆင့်တန်း တစ်ခုကို ရောက်သွားမှာ မဟုတ် ပါဘူး။ ဒီတော့ လုပ်ငန်းခွင် တစ်ခုမှာ အောင်မြင်တိုးတက်ချင်တယ် ဆိုရင် ကိုယ်က ဘယ်လောက်ပဲ တတ်တတ်၊ တစ်ခုဆို တစ်ခုတည်းကို အကောင်းဆုံး အတော်ဆုံး တတ်နေဖို့ လိုအပ် ပါတယ်။ စွဲမြဲလုပ်ကိုင်ဖို့ လိုအပ်တယ်။ အခြားဟာတွေ မတတ်ရဘူးလို့ မဆိုလိုပါ။ သို့သော် ကုမ္ပဏီ တစ်ခု လုပ်ငန်းခွင် တစ်ခုမှာ ရာထူး အမြင့်၊ ခေါင်းဆောင် အဆင့် ရဖို့က ခေါင်းဆောင် အဆင့်နဲ့ ညီမျှတဲ့ ထူးချွန်ထက်မြတ် သော အသက်မွေးဝမ်းကျောင်း ပညာတစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။

ဒီလောက်ဆိုရင် လုပ်ငန်းခွင် တစ်ခုမှာ လျင်လျင်မြန်မြန် တိုးတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတာကို သိရှိ နားလည်ပြီလို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...