စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ရုပ် ကို ဦးတိုက်ပြီးလုပ်ချင်ရာ လုပ်နေတာမဟုတ်ကြောင်း


                          

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမြန်မာပြည်သို့ အလည်သွားဖူးသည့် (ယူကေ) မှ နိုင်ငံခြားသူတစ်ဦးမှ -

မင်းတို့  ဗုဒ္ဓတပည့်တွေက ဘာမှ မပြောနိုင်၊ မသိနိုင်တဲ့ ကျောက်ရုပ်ကြီးတွေ ၊ ကို ဦးတိုက်နေကြတယ် ၊ ပြီးတော့လည်း လုပ်ချင်ရာလုပ်နေကြတာပဲ မဟုတ်လား ဘာကြောင့်လဲ လို့  ဆွေးနွေးတဲ့ သဘောနဲ့  မေးလာခဲ့တဲ့အခါ-

ငါတို့ က သက်မဲ့ ကျောက်ရုပ်ကို ဦးတိုက်ရုံ ဦးတိုက်နေတာ မဟုတ်ဖူး-

ဗုဒ္ဓရဲ့ ဂုဏ်တော်များ - သတ္တ၀ါတွေ အပေါ် ဘယ်လောက် ဖြူစင် ၍ မေတ္တာအားကြီးကြောင်း၊
ဒါတွေ ကို အတူယူ ဖို့ ၊ လိုက်နာကျင့်ကြံနေတာ ဖြစ်ကြောင်း။

ဓမ္မရဲ့ ဂုဏ်တော်များ ဘယ်လောက်မြင့်မြတ်သလည်းဆိုရင် - ကျင့်ကြံပြီးတာ နဲ့  မိမိကော မိမိပါတ်ဝန်းကျင်ပါ ငြိမ်းအေးသော စိတ်ကို ယခုချက်ချင်း ဖြစ်စေတဲ့ အတွက် ကျင့်ကြံဖို့ ရည်ရွယ်ကြောင်း။

သံဃာဆိုတာ ဗုဒ္ဓရဲ့ ကျင့်စဉ်ကို လက်တွေ့ ကျင့်နေသူတွေ ကိုခေါ်တာဖြစ်ကြောင်း- ထိုသံဃာများမှ ဗုဒ္ဓကျင့်စဉ်ကို လက်ဆင့် ကမ်း သင်ပြပေးနေကြ၍ သူတို့ လည်း - ဦးတိုက် ကန်တောခံထိုက်ကြောင်း ရှင်းပြခဲ့ ဖူးတယ်။

(ဆရာတွေသင်ပြပေးတဲ့ အတိုင်း အကျိုးအကြောင်းနဲ့  နားလည်အောင် ရှင်းပြနိုင်ခဲ့ လို ၀မ်းသာပီတိဖြစ်ခဲ့ဖူးတယ်)

ထိုအခါ အဆိုပါနိုင်ငံခြားသား မှ လက်ခံနားလည်ပြီး -ဒါဆို သေချာ လေ့လာကြည့်ဦးမယ်လို့ ပြောသွားခဲ့ဖူးပါတယ်။ ဦးဂိုအင်ကာ (ယူကေ) စခန်း ကို (10 days retreat) လာပြီးလေ့လာသွားတယ်လို့ နောက်ဆုံး သိရတယ်။
 
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...