စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ် သဘာဝ - အမှန်တရားဓမ္မ နှင့် နှလုံးသွင်းမှု




I have no divine power.
I make honesty my divine power.

(စိတ်)
စိတ် ရှိနေသ၍ အာရုံကတော့ ရှိနေမှာပါ။
စိတ်ဟာ အာရုံ မရှိပဲ နေ၍ မရပါ။
အာရုံ၏ သဘောကို အခြခံ၍ စိတ် ထဲ စေတသိတ်တို့ ချယ်လှယ် ပေါင်းစည်း၍ လောကကို နေ့ စဉ်ဖြတ်သန်းနေကြပါသည်။
ဒါကြောင့် အာရုံ များကို ရှောင်လွှဲ ၍ မရပါ။ မျက်ကွယ်ပြုထား၍ မရပါ။ မတွေ့ ချင်၍ မရပါ။
သံသရာ အဆက်ဆက် က မိမိစု ထားတဲ့ ကံအစုကြောင့် ယခု ဘ၀ခန္ဓာ ရထားနေပြီ ဖြစ်ပါ၍ ထိုခန္ဓာနှင့် အတူ သိတတ်သော စိတ်ကို အာရုံတွေ နဲ့ မတွေ့ နဲ့ မထိ နဲ့  ရှောင်နေလို့ ခိုင်း၍မရပါ။
ကန့် သတ်ချုပ်ချယ်ထား၍မရပါ။

I have no home.
I make awareness my home.

(အမှန်တရား ဓမ္မ)
လောက ၀ယ် အမှန်တရားဓမ္မ နှင့် မှားယွင်းသည့် အဓမ္မ ဟူ၍ အမြဲ ဒွန်တွဲ လျက်ရှိနေပါသည်။
အမှန်တရား ဓမ္မ သည်-
မင်္ဂလာရှိခြင်း၊
အေးချမ်းသာယာခြင်း
မျှတ၍ အပူအပင် ကင်းခြင်း
ပျော်ရွှင် ချမ်းမြေ့ ခြင်း ဟူသော ကောင်းမှု သဘာဝ အဖြာဖြာ ကို ဖြစ်စေပါသည်။ ဤသ်ာမှာ လောက အမှန်တရားပင်တည်း။

I have no enemy.
I make carelessness my enemy.

(မှားယွင်း နေသည့် အဓမ္မ သည်-)

ကျက်သရေ မင်္ဂလာမရှိခြင်း
ပူပင်သောကေ၇ာက် ခြင်း
ပျက်ဆီး သေကြေ စေခြင်း
အဂတိ ဖြင့် လောင်ကျွှမ်းစေခြင်း
ဒုက္ခ အဖြာဖြာ အမင်္ဂလာ ဖြစ်စေခြင်း တို့ဖြင့် လောက ကို လောင်ကျွှမ်းစေပါတယ်။
ကောင်းမှု ဖြစ်စေတဲ့ အမှန်တရား ဓမ္မလေးတွေ ပဲေ၇ွးပြီး ဖြစ်စေချင်- သိစေချင်- ပွားစေချင်- မြင်စေချင် ကြသည်မှာလည်း သဘာဝ အမှန်တရား ပင်ဖြစ်ပါတယ်။

သို့ သော် - မှားယွင်းနေသည့် အဓမ္မ မကောင်းမှု တို့ ကို လည်း မသိချင်မကြားချင်- မမြင်ချင်- မကြုံချင်၍ မရပါ။ ကြုံနေကြရမည် မှာ လည်း သဘာဝ ပင်ဖြစ်ပါတယ်။

I have no armour.
I make benevolence my armour.

(နှလုံးသွင်းမှု)
ထို သို ကြုံကြိုက် ကြရာဝယ်- ဗုဒ္ဓ သင်ပြသကဲ့ သို့ - သူတော်စဉ်ကဲ့ သို့  ကျင့်သုံးကြသင့်ပါတယ်။

(၁) အမှန်တ၇ား ဘက် က ရပ်တည်ပေးရပါမယ်။
(၂) မှားနေတဲ အဓမ္မ ကို မှားနေကြောင်း ထောက်ပြပြောဆို ရပါမယ်
(၃) ဓမ္မ အမှန် အစစ် ကို ရှင်း ပြ ချပြရဲ ရပါမယ်။
(၄) ကောင်းတာ လေးပဲ ရွေးလက်ခံကာ မကောင်းတာကျတော့ မသိချင်သော၊ လက်မခံ မရင်ဆိုင်ချင်သော စိတ်သဘော မမွေးမြူ သင့်ပါ။ ထို သို့ မွေးမြူလိုက်ပါ က စိတ် သည် မလွတ်လပ်တော့ပါ။

ဓမ္မ အမှန်တရား ဖြင့် လောက ရှိကောင်းဆိုး ထွေထွေ ကို ရင်ဆိုင် လက်ခံဖြေရှင်း ခြင်းသည် သူတော်စဉ်တို့ ၏ ကျင့်စဉ်ဖြင်ပါတယ်။
.....
I have no castle.
I make immovable mind my castle.

အမှန်တရား ဓမ္မ မရှိရင် မလွတ်လပ်ပါ- မမျှတပါ- မအေးချမ်းပါ- မလွတ်မြောက်နို်င်ပါ။

ထိုေ့ကြာင့် မည်သည့် အာရုံဖြင့်ကြုံပါစေ - အမှန်တရား ဓမ္မ ဘက်မှရပ်တည်ကာ
လွတ်လပ်သော စိတ်
အေးချမ်းသောစိတ်
မျှတမှန်ကန်သောစိတ်
လွတ်မြောက် သောစိတ် ပိုင်ရှင်များ ဖြစ်ကြပါစေ။

I have no sword.
I make absence of self my sword.

**************************************************
This is the summary of memmorable Dharma speech of Sayadaw U Jotika: propagated by An Unnamed Zaw-Ta-Won Meditator. (((((ဤစာစု သည် ဆရာတော် ဦးဇောတိက ၏ တရားသင်ပြ ဆွေးနွေးမှုများကို အခြေခံ၍ ဇေတ၀န်ယောဂီဟောင်းတစ်ဦးမှ ပြန်လည် ရေးသားထားပါသည်။
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...