စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အလှပဆုံး ငှက်မျိုးနွယ်များ



ပျံသန်းနေသော ငှက်ကလေးများသည် အလှအပနှင့် သဘာဝတရားတို့၏ သင်္ကေတလေးများအဖြစ် အမြဲတစေ သတ်မှတ်ခံရလေ့ရှိသည်။

ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်သည့် သက်ရှိမျိုးစိတ် အများအပြားရှိနေသည့်အနက် ကျေးငှက်များသည် မျက်စိပသာဒအဖြစ်ဆုံး၊ အရောင်အသွေးအစုံလင်ဆုံး တိရစ္ဆာန်မျိုးနွယ်ဟု ညွှန်းဆိုနိုင်ဖွယ် ရှိသည်။
အရောင်အသွေး စုံလင်စိုပြည်တောက်ပပြီး စိတ်နှလုံးညွတ်နူးစရာ ကောင်းလောက်အောင် လှပသည့် ကျေးငှက်များအနက်မှ အလှဆုံးဟုဆိုရမည့် မျိုးစိတ် ၁၀ ခုကို ကောက်နုတ်ရွေးချယ် ဖော်ပြလိုက်ပါသည်။

၁၀။ ဘိုဟီးမီးယားဖယောင်းတောင်ပံငှက်


နူးညံ့ပြီး ချောမွေ့နေသည့် အမွေးအတောင်လေးများကို ပိုင်ဆိုင်သည့် ငှက်ငယ်လေးများသည် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံး ငှက်မျိုးစိတ်တစ်ခုလည်း ဖြစ်သည်။

ဝမ်းဗိုက်အနီးတစ်ဝိုက်တွင် မီးခိုးရောင်ဖျော့ဖျော့ရှိနေပြီး အတောင်များ၏ အစွန်းပိုင်းတွင် အရောင်အသွေးစုံလင်စွာ အနားသတ်ထားခြင်းက ဖယောင်းတောင်ပံ ငှက်ကလေးများ၏ အလှအပကို ပိုမိုရုပ်လုံးကြွလာစေသည်။

ခန္ဓာကိုယ်နောက်ပိုင်းနှင့် အမောက်တို့တွင် လိမ္မော်ရောင်သန်းနေသည့် ငှက်ကလေးများမှာ အဆင်းလှသလောက် အော်မြည်သည့် အသံမှာလည်း သာယာချိုမြိန်လှသည်။

၉။ ရောင်စုံစာငှက်


စာကလေးမျိုးနွယ်အားလုံးတွင် အလှပဆုံးဟု ဆိုရမည်ဖြစ်ပြီး ပန်းချီဆရာတစ်ဦးက ရောင်စုံစုတ်ချက်များဖြင့် ခြယ်သထားသည့်နှယ် အရောင်အသွေး စုံလင်လှသည်။
လက်တင်အမေရိကဒေသတွင် နေထိုင်ကျက်စားလေ့ရှိပြီး ဥဥသည့်အခါ မြင့်မားအေးမြသည့် ဒေသများသို့ နေရာရွှေ့ပြောင်းတတ်သည်။

စာငှက်ကလေးများ၏ ရင်ခေါင်းမှာ အတန်ငယ်မောက်နေသဖြင့် အချိုးအဆစ်မလှပဟု ယူဆစရာရှိသော်လည်း အရောင်အသွေးရောစပ်မှုမှာမူ စိတ်ဝင်စားစရာဖြစ်သည်။

၈။ ဂျေးကျေးငှက်ပြာ


ချောမွေ့ပြီး နူးညံ့သည့် အပြာရောင်အမောက်လေးများ ဦးခေါင်းပေါ်တွင် ရှိနေသည်။
မီးခိုးရောင်ရင်အုပ်မွေးများ ရှိသော်လည်း အတောင်ပံများနှင့် အမြီးတို့တွင် အဖြူ၊ အနက်၊ အပြာရောင်များ ရောစပ်ဖွဲ့စည်းထားပုံမှာ အလွန်လှပသည်။
အမေရိကန်အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင် ပျံ့နှံ့ကျက်စားပြီး ထင်းရှူးတောများတွင် အဓိက နေထိုင်လေ့ရှိသည်။

၇။ နယူးဂီနီပါရာဒိုက်စ်ငှက်ပြာ


မည်းနက်သော ခန္ဓာကိုယ်ပေါ်တွင် မိုးပြာရောင်တောင်ပံများ တွယ်ဆက်နေခြင်းကြောင့် ထူးခြားထင်ရှားသည့် အသွင်သဏ္ဌာန်မျိုးရှိသည်။

ပါပူဝါနယူးဂီနီနိုင်ငံနှင့် ဩစတြေးလျမြောက်ပိုင်းတို့တွင် အဓိက နေထိုင်ကျက်စားလေ့ရှိသည်။
အပူပိုင်းရော၊ အအေးပိုင်းဇုန်များတွင်ပါ ရှင်သန်နိုင်သော်လည်း သဘာဝအရ အလွန်ပူပြင်းသော ရပ်ဝန်းဒေသများကိုမူ ရှောင်ရှားနေထိုင်တတ်ကြသည်။

၆။ ကြက်တောနီ


အရွယ်အစားကြီးမားပြီး အရောင်အသွေး စုံလင်လှပသည့် ငှက်မျိုးနွယ် ဖြစ်သည်။
ဦးခေါင်းနှင့် ရင်ဘတ်ပိုင်းတွင် နီရဲသော အမွေးအတောင်များ ဖုံးလွှမ်းနေပြီး ကျောဘတ်နှင့် နောက်ပိုင်းတွင်မူ အစိမ်း၊ အပြာ၊ အဝါ အရောင်များပါ အသွင်အမျိုးမျိုး ရောစပ်သွားလေ့ရှိသည်။

လက်တင်အမေရိကနှင့် အမေဇုန် သစ်တောကြီးများအတွင်း အဓိက ရှင်သန်နေထိုင်ပြီး အရွယ်အစားအကြီးဆုံး ကြက်တောများသည် တစ်ကီလိုဂရမ်မျှထိ အလေးချိန် ရှိတတ်သည်။

၅။ ဘာလ်တီမိုးစာဝါငှက်


ကမ္ဘာပေါ်တွင် ယင်းငှက်လေးများ၏ အသွင်အပြင်ကို နှစ်သက်သူ အမြောက်အမြား ရှိနေသဖြင့် ကမ္ဘာ့အလှဆုံးငှက်ကလေးများစာရင်းတွင် မဖြစ်မနေထည့်သွင်းထားရခြင်း ဖြစ်သည်။
အနက်ရောင်နှင့် လိမ္မော်ဝါရောင် ရောစပ်ထားပြီး တောင်ပံများတွင် အဖြူရောင် အမွေးအတောင်များ ရောစပ်နေတတ်သည်။

မြောက်အမေရိကတွင် အဓိက နေထိုင်ကျက်စားပြီး ဆောင်းခိုချိန်တွင်မူ လက်တင်အမေရိကဒေသသို့ ပြောင်းရွှေ့လာတတ်ကြသည်။

၎။ ဒေါင်းငှက်


ငှက်မျိုးနွယ်အားလုံးတွင် သဘာဝကပေးအပ်သည့် အထူးခြားဆုံး အရောင်ရောစပ်မှုများကို ပိုင်ဆိုင်ထားသည်မှာ ဒေါင်းငှက်များဖြစ်သည်။

ကိုယ်ထည်မှာ အစိမ်းနှင့် အပြာရောင်များ အဓိက ရောစပ်နေတတ်ပြီး ဒေါင်းတောင်တစ်ချောင်းချင်းစီမှာ အလွန်လှပပြီး ထူးခြားသည့်အသွင်အပြင်မျိုး ရှိနေသည်။

အာဖရိကဒေါင်းမျိုးနှင့် အာရှဒေါင်းမျိုးဟူ၍ ကွဲပြားသော်လည်း မျိုးစိတ်နှစ်ခုလုံး အပြိုင်အဆိုင်လှပသည့် ငှက်မျိုးဖြစ်သည်။

၃။ တင်နင်ဂျာငှက်နီ


အနက်နှင့်အနီ ရောစပ်ထားသည့် ခန္ဓာကိုယ်ကြောင့် ထင်ရှားသိသာစွာ တွေ့မြင်ရသည့် ငှက်မျိုးနွယ် ဖြစ်သည်။

ကိုယ်ထည်အနီရောင်တွင် အမြီးနှင့် တောင်ပံများက အနက်ရောင် ပေါင်းစပ်ထားသည်။
မြောက်အမေရိကမှ တေးသီငှက်ကလေးသည် အလွန်လျင်မြန်စွာ ပျံသန်းနိုင်သည့် အစွမ်းလည်းရှိသည်။

၂။ ငှက်ပိတုန်းစိမ်း


ရှည်လျားသွယ်ပြောင်းသည့် နှုတ်သီးများက ငှက်ပိတုန်းလေးများ၏ ထူးခြားသော ဝိသေသတစ်ခုဖြစ်သည်။
ချောမွေ့နူးညံ့သည့် အမွေးအတောင်များရှိနေပြီး နှုတ်သီးမှာ လိမ္မော်နှင့် အနက်ရောင် ပေါင်းစပ်ထားသည်။
ချစ်စဖွယ်ပုံသဏ္ဌာန်နှင့် ငှက်ကလေးများကို လက်တင်အမေရိက ဒေသတစ်ဝိုက်တွင် တွေ့မြင်ရလေ့ရှိသည်။

၁။ သက်တံစာငှက်


နာမည်နှင့်လိုက်ဖက်အောင်ပင် သက်တံတစ်ခုသဖွယ် အရောင်အသွေးစုံလင်သည့် ငှက်ကလေးများ ဖြစ်ကြသည်။
ဩစတြေးလျမြောက်ပိုင်းဒေသများတွင်
 ပျံ့နှံ့နေထိုင်ကြပြီး ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ အမြီး၊ တောင်ပံတို့တွင် အရောင်အမျိုးမျိုး အကန့်လိုက် ကွဲပြားစွာဖွဲ့စည်းထားသည်။

တစ်ကောင်နှင့်တစ်ကောင် အရောင်တွဲစပ်ပုံမတူညီဘဲ ကွဲပြားနေတတ်ခြင်းက သက်တံစာငှက်လေးများ၏ လှပမှုကို ပိုမို၍ နယ်ပယ်ကျယ်ပြန့်သွားစေပြီး ကမ္ဘာပေါ်တွင် အလှပဆုံး ငှက်ကလေးများအဖြစ် တင်စားခံထားရသည်။

_Slimtop10


http://www.7daydaily.com/story/13531#.U6Gc_SjzuSp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...