စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကောင်းသန့် မြန်မာ ဒန်ပေါက်




Nla Nay Lin Aung added 2 new photos — feeling စားကြည့်ကြစေချင်ပါသည်
 
ဟိုတစ်ရက်က FB status ထဲမှာ နာမည်ရ ဒန်ပေါက်လုပ်ငန်းတစ်ခုက အလွန်စုတ်ပဲ့ နုံချာလှစွာ ချက်ပြုတ်ထားသို ရောင်းချတာကို ပုံတွေနဲ့ တွေ့ရတော့ အလွန်စိတ်ပျက်မိတယ်
ဒန်ပေါက်ကို မြန်မာလူမျိုး အများစုက ကြိုက်နှစ် သက်ကြတယ် ဒန်ပေါက်ကို သီးသန့်သွား စားကြတယ် ဒန်ပေါက်ဟာမြန်မာပြည်မှာ ခိုင်မာတဲ့ဈေးကွက်တစ်ခုကို ရထားတယ် ပွဲလမ်းသဘင်တွေမှာလည်း ဒန်ပေါက်ပဲ သာရေးဖြစ်ဖြစ် နာရေးဖြစ်ဖြစ် ဒန်ပေါက်ပဲ ဒါကြောင့် ဒန်ပေါက်ရောင်းတဲ့သူ အတော်များများက စီးပွားရေးကောင်းကြတယ်

အခိုင်အမာ အားပေးနေတဲ့ဒန်ပေါက် ရောင်းချသူ လုပ်ငန်းရှင်များအနေနဲ့ လည်း ကိုယ်တွေကို ယုံကြည်စိတ်ချစွာ အားပေးနေ တဲ့ စားသုံးသူတွေရဲ့ ယုံကြည်မှုကို အခွင့်အရေး မယူသင့်ဘူး ထမင်းရှင် ကျေးဇူးရှင်တွေ ဆိုတဲ့ စိတ်နဲ့ စေတနာထားပီး သန့်သန့်ရှင်းရှင်း ချက်ပြုတ်ရောင်း ချသင့်တယ် ဒန်ပေါက်ဆိုင် လုပ်ငန်းင်တော်တော်များများက ဘယ်လူမျိုးတွေလည်းဆိုတာ လူတိုင်းသိပီး သားပါ သူတို့ဘာသာအယူအဆမှာ မရှိပေမယ့် လူ့လောကပါလတရား အရအပြန်အလှန် လေးစားဆောင်ရွက်သင့် တယ် ။

 ဖြစ်သလိုလုပ် ရောင်းရပီးရောဆိုရင်တော့ စားသုံးသူတွေ အပေါ်မှာ ပြစ်မှုကျူးလွန်ရာရောက် နေသလို တမင်ရည်ရွယ်ပြီး လုပ်နေတယ်လို့ ယူဆရမလို ဖြစ်နေတယ်
ဒန်ပေါက်လောကမှာ အဲ့လိုတွေဖြစ်နေတာတွေ့ ရတော့ တစ်လောက ကျွန်တော်ရောက်ခဲ့တဲ့ " ကောင်းသန့် " ဆိုတဲ့ ဒန်ပေါက်ဆိုင်လေးကို သွားသတိယတယ်

အဲဒီနေ့က မြိုထဲကအပြန် ရွှေဂုံတိုင်နားရောက် တော့ သပ်သပ်ရပ်ရပ်နဲ့ ကောင်းသန့် ဆိုတဲ့ ဒန်ပေါက်ဆိုင်လေးတွေ့တယ် ဗိုက်ဆာတာ ရော ဒန်ပေါက်စားချင်စိတ်လည်းဖြစ်မိတာနဲပဲ အဲ့ဒိဆိုင်လေးထဲဝင်လိုက်မိတယ်

ဆိုင်လေးက သပ်ရပ်သန့်ရှင်းလို့ စားပွဲထိုးလေး တွေကလည်းသပ်သပ်ရပ်ရပ်နဲ့ ပျူပျူငှာငှာ နဲ့ ဒန်ပေါက်တစ်ပွဲ မှာလိုက်တယ် ခဏနေရောက်လာတော့ ပူပူနွေးနွေး စားချင့်စဖွယ်မွှေးလို့ အသားလေးကို ဇွန်းနဲ့ အသာဖိကြည့်တော့ နူးလို့ အိလို့ ကျွန်တော်လည်း ဗိုက်ဆာဆာနဲ့ တစ်လုတ်ပီး တစ်လုတ် လွေးတော့တာ ကောင်းလိုက်တာ ပူပူနွေးနွေး ဟင်းချိုလေးကလည်း ကောင်း တစ်ပွဲကုန်သွားတော့ လိုက်ပွဲထပ်မှာ ထပ်စား ဗိုက်ကိုတင်းလို့ သတိထားမိတာက လုံးဝမအီတာပါပဲ ဘယ်လိုချက်လည်းတော့ မသိပါ ကောင်းတာတော့ အတော့ကိုကောင်း သည်
သဘောလည်းကျသွားတာနဲ့ စားပွဲထိုးလေးတစ် ယောက်ကိုခေါ်ပီး စပ်စုကြည့်မိတယ် အော်ဒါမှာရင် ဘယ်လိုလုပ်ပေးလည်း ပို့ပေးလား စသဖြင့်ပေါ့

စားပွဲထိုးလေးကလည်း သေချာရှင်းပြပေးရှာပါတယ် မေးနေရင်းနဲ့ တစ်ခုသတိယပြီး မေးလိုက်မိတယ် ချက်တာပြုတ်တာ သန့်ရဲ့လားပေါ့ အဲဒီမှာ သူဖြေလိုက်တာလေးကို သဘောကျသွား မိတယ် သူက...
အစ်ကို့ အနေနဲ့ ကျွန်တော်တို့ ချက်ပြုတ်တဲ့ နေရာကို အချိန်မရွေးဝင်လေ့လာလို့ရပါတယ် တဲ့ ကျွန်တော်တို့ဆရာက မြန်မာ ဗုဒ္ဓဘာသာ ဖြစ်ပီး ဘာသာရေး လှူရေးတန်းရေးမှာ အင်မတန်မှ ဝါသနာကြီးတယ် ဒန်ပေါက်ချက်တဲ့ သူတွေကိုလည်းမှာတယ် ဒီဒန်ပေါက်တွေက မင်းတို့ ငါတို့ကို ထမင်းကျွေးနေတဲ့ ကျွေးကျေးဇူး ရှင်တွေစားမှာမို့ ကိုယ့်မိဘစားမှာ လိုပဲစေတနာထား ပီးသန့်သန့်ရှင်းရှင်း နဲ့ ချက်ကြဆိုပီးတော့ပေါ့ သူကိုယ်တိုင်လည်း နေ့တိုင်နီးပါး ချက်တဲ့နေရာ ကိုလာစစ်ပါတယ် ဒါကြောင့် အစ်ကို စိတ်ချပါတဲ့

ကျွန်တော်ကျေနပ်သွားတယ်...ပီတိတစ်ခုလည်း ရလိုက်တယ် ဆုံးဖြတ်ချက်တစ်ခုလည်းချလိုက် တယ်
နောက်တစ်ခါအလှူ လုပ်ရင်ကောင်းသန့် ဒန်ပေါက်နဲ့ လှူမယ်လို့
ကျသင့်ငွေလေးရှင်းရင်း ရုံးပြန်ရဦးမှာမို့ ဆိုင်ထဲကထွက်မယ်အလုပ် ဆိုင်ရဲ့ ခေါင်းရင်းခန်းမှာ ဘုရားပန်းဝေဝေဆာဆာနဲ့ ဘုရားကျောင်းဆောင်လေးကို တွေ့လိုက်ရတော့ လက်အုပ်ကလေးချီ ကန်တော့လိုက်ရင်း ပြန်ထွက်ခဲ့မိပါတယ်...

 https://www.facebook.com/photo.php?fbid=667045493387725&set=pcb.66704

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...