စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Google ဆိုသည့်အမည် ဖြစ်ပေါ်လာပုံ


Thursday, May 02, 2013

Google ဆိုသည့် စကားလုံးဟာ “Googol” ကနေ ဆင်းသက်လာတာပါ။ Googol ဆိုတာကတော့ ကွန်ပြူတာသိပ္ပံ ပညာရပ်မှာသုံးတဲ့ စကားလုံးဖြစ်ပြီး ၁.၀ x ၁၀ (၁၀၀) ကို ခေါ်ခြင်းဖြစ်ပါတယ်။

Google ကို တည်ထောင်ခဲ့သူ Larry Page နဲ့ Sergey Brin တို့ဟာ ကနဦး
တုန်းက နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။ Sergey Brin က “BackRub” လို့ ခေါ်ဆိုဖို့ အဆိုပြုခဲ့တယ်လို့ သိရှိရပါတယ်။

အဲဒီနောက်မှာတော့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက “googolplex” ဆိုတဲ့ နာမည်ကို အကြံပြုခဲ့ပြီး Larry Page က “googol” လို့ အတိုချုံ့ပြီးသုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါနဲ့ပဲ အင်တာနက်မှာ “googol.com” ကို domain မှတ်ပုံတင်ဖို့ လုပ်နေတုန်းမှာ Larry Page တစ်ယောက် စာလုံးပေါင်းမှားပြီး “google.com” လို့ မှတ်ပုံတင်ခဲ့ပါတယ်။

Sergey Brin နဲ့ တိုင်ပင်ပြီးနောက် ၂ ဦးသဘောတူကာ Google.com ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ရာမှ မတော်တဆ မှားယွင်းပြီး ဖန်တီးခဲ့မိတဲ့ Google.com လည်း မွေးဖွားလာခဲ့ ရပါတော့တယ်။

နောက်ထပ် ကောလဟာလ တစ်ခုကတော့ Google ရဲ့ ပထမဆုံးသော ရင်းနှီးမြှုပ်နှံသူ Andy Bechtolsheim (Sun Microsystems အား ပူးတွဲတည်ထောင်ခဲ့သူ) သည် ယင်း၏ ဒေါ်လာ ၁ သိန်းတန် ချက်လက်မှတ်ပေါ်တွင် googol အစား google ဟု မှားယွင်းရေးသား ခဲ့မိရာမှ စတင်ခဲ့သည်ဟု သိရှိရသည်။

Myanmar Consumer Guide

https://www.facebook.com/photo.php?fbid=411971992233971&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...