စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်ရိုးရာ ကလေးအငို ပြိုင်ပွဲ

 
ရိုးရာ ယဉ်ကျေးမှု ပွဲတော်တစ်ခု အဖြစ် နှစ်ပေါင်း ၄ဝဝ ကျော်ကြာ ကျင်းပ လာခဲ့သည့် ဂျပန်နိုင်ငံမှ ကလေးအငို ပြိုင်ပွဲကြီး

ဂျပန် နိုင်ငံတွင် နွေဦးရာသီ ရောက်တိုင်း ရိုးရာယဉ်ကျေးမှု အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိသည့် Nakizumo Festival ဟုအမည် ပေးထားသော ကလေးအငို ပြိုင်ပွဲကြီးကို ဧပြီ ၂၉ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကြီးတွင် မိဘများသည် ၄င်းတို့၏ ရင်သွေးငယ်များကို ဆူမို နပန်းသမားများ လက်အတွင်းသို့ ပေး အပ်ရ ကြောင်းနှင့် ဆူမို နပန်း သမားများသည် ၄င်းတို့ထံသို့ ရောက်ရှိလာသည့် ကလေးငယ်များကို ငိုအောင်ပြုလုပ်ရ ကြောင်း၊ ၄င်းပွဲတော်ကြီးကို ကျင်းပလာ ခဲ့သည်မှာ နှစ်ပေါင်း ၄ဝဝ ရှိခဲ့ပြီဖြစ် ကြောင်းနှင့် ပွဲတော်ကြီးကို နွေဦး ရာသီ၏ အထိမ်းအမှတ် ပွဲတော်တစ်ခု အဖြစ် ဂျပန်နိုင်ငံမှ ယူဆ သတ်မှတ်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ မိဘများသည် ကလေးငယ်များ ငိုကြွေးပါက ငိုကြွေးသော ကလေးငယ်များသည် ကျန်းမာစွာဖြင့် ကြီးပြင်း မည့် လက္ခဏာ တစ်ရပ်အဖြစ် ယုံကြည် ထားကြကြောင်း သိရသည်။

ကလေးငို ပြိုင်ပွဲကြီးတွင် ဆူမိုနပန်း သမားများသည် တစ်ဦးနှင့် တစ်ဦး မျက်နှာချင်းဆိုင် ရပ်ကာ ကလေးငယ်များကို ကိုင်မြှောက်ပြီး ငိုကြွေးအောင် ပြုလုပ်ရမည် ဖြစ်သည်။ ပထမဦးဆုံး ကလေး ငယ်ကို ငိုကြွေးအောင် ပြုလုပ်နိုင်သူသည် အနိုင် ရရှိမည်ဖြစ်ပြီး ကလေးငိုသံများ တစ်ချိန်တည်းတွင် ထွက်ပေါ်လာပါက ပို၍ အသံကျယ်စွာဖြင့် ငိုကြွေးနိုင်သည့် ကလေးသည် အနိုင် ရရှိမည်ဖြစ်သည်။

ထို့အပြင် ကလေးငယ်များ အပြိုင်အဆိုင် ငိုကြရာတွင် ပို၍အသံကျယ်စွာ အော်နိုင်သူသည် ပိုကောင်းမွန်သည့် ကံကြမ္မာ နှင့် ကြုံတွေ့ရမည်ဖြစ်ပြီး ကျယ်လောင်သော ငိုကြွေးသံက နတ်ဆိုးများ၏ အန္တရာယ်ကို တားဆီး ကာကွယ်နိုင် သည်ဟု လည်း ယူဆထားကြသည်။

ဂျပန်နိုင်ငံ၏ ကလေးငို ပြိုင်ပွဲကြီးကို တိုကျိုမြို့၏ ဆွန်ဆိုဂျီ ဘုရားကျောင်း၌ ဧပြီလတွင် နှစ်စဉ် ကျင်းပလေ့ရှိကြောင်း သိရသည်။ ယခုနှစ်၏ ကလေးငိုပြိုင်ပွဲ ကြီးတွင် အသက်တစ်နှစ်အောက်အရွယ် ကလေးငယ်ပေါင်း ၈ဝ ပါဝင်ယှဉ်ပြိုင် ခဲ့သည်ဟု သိရသည်။


https://www.facebook.com/photo.php?fbid=412353338862503&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...