စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိကြသူများ

 
ဘာသာရေး အဖွဲ့အစည်းများမှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း များအား အထူးအစီအစဉ်ဖြင့် ချီးမြှင့်သော နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိကြသည့်

(၁) စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ

(၂)ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာ ဌာနမှူး ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊

(၃)မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ် ဒေါနဘွား ရပ်ကွက်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးတွဲဖက်အထက် တန်းကျောင်း၊

(၄) ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်း အမှတ်(၂၆၃)ရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့

(၅)ဒဂုံမြို့နယ် သံတမန်လမ်း၊ အမှတ်(၂) ရှိ မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်း
တို့ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူများစာရင်း

(၁) စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး တောင်သူလယ်သမားဆုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာမှ ဦးချစ်သိန်းနှင့်

(၂) မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ ဦးထွန်းလှိုင်၊

(၃) စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာမှ မြတ်အိနြေ္ဒ ကုမ္ပဏီလီမိတက် ပိုင်ရှင် ဦးမြတ်သူနှင့်

(၄)စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် မောင်ကုန်းကျေးရွာမှ ဂရိတ်ဝေါ ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးတင်မောင်၊

(၅) မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုအတွက် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာမှ ဦးအောင်ရွှေနှင့်

(၆) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းကျေးရွာမှ ဒေါ်ထုလိန်၊

(၇) မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုအတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် နမ့်ကွပ်ကျေးရွာမှ ဒေါက်တာသိန်းစိန်နှင့်

(၈) နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ရွှေမြို့ကျေးရွာမှ ဦးမောင်မောင်လွင်၊

(၉) ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု အတွက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် သောင်ဇားကျေးရွာအုပ်စုမှ ဦးရွှေကြိုင်နှင့်

(၁၀) ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မင်းရပ်ကျေးရွာမှ ဦးကျော်မိုးခိုင်၊

(၁၁) သက်စွန့်ကြိုးပမ်း ကယ်တင် စွမ်းဆောင်သူဆုအတွက် ငပုတောမြို့နယ်မှ အလယ်တန်းပြဆရာ ဦးဆောင်းမင်းစိုးနှင့်

(၁၂) မြစ်ကြီးနားမြို့ အရန်မီးသတ် တပ်ကြပ်မြင့်ဝင်းတို့က လက်ခံရယူ ကြသည်။

(၁၃) အားကစား စွမ်းဆောင်ရည်ဆုအတွက် မြန်မာနိုင်ငံ လှေလှော်အားကစား အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အားကစား အဖွဲ့ချုပ်၊

(၁၄) အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုအတွက် နယူးဂိုးဒင်းဂိတ် ၁၉၉၁ ပိုင်ရှင် ဦးအုန်းဆိုင်နှင့်

(၁၅) မော်လမြိုင် Holding Co., Ltd. ပိုင်ရှင် ဦးဝင်းတင်၊

(၁၆) တန်ဖိုးမြင့် ထုတ်ကုန် အကောင်းဆုံးထုတ်လုပ် ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်း ရှင်ဆုအတွက် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဒေါက်တာအောင်လွင်နှင့်

(၁၇) မြဘုရင် နို့ချက်စက်ရုံ ပိုင်ရှင် ဦးဝင်းမောင်၊ အခွန်ဘဏ္ဍာ တာဝန်အများဆုံး သယ်ပိုး ထမ်းဆောင် ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အေစီအီး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မိုးဝင်းနှင့်

(၁၈) မက်(စ်)မြန်မာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဇော်ဇော်၊

(၁၉)ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစားစီးပွားရေး လုပ်ငန်းရှင်ဆုအတွက် သီရိမြန်မာ မြန်မာ့လက်မှုအနုပညာနှင့် အထွေထွေလုပ်ငန်းပိုင်ရှင် ဦးမြင့်ထွေးနှင့်

(၂၀)စိန်ရက်ကန်း ကုန်ထုတ် သမဝါယမအသင်းပိုင်ရှင် ဦးကြီးရွှေ၊

(၂၁) ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေးလုပ်ငန်းရှင်ဆု အတွက် အဆင့်မြင့်ရေဘုံဘိုင် လုပ်ငန်းရှင် ဦးထွန်းအောင်နှင့်

(၂၂) စွမ်းအားပြည့် ရေယာဉ်ပန်ကာ လုပ်ငန်းရှင် ဦးဝင်းထိုက်တို့က လက်ခံရယူခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

အေးချမ်းမွန် Credit & Copy From >Thit Htoo Lwin blog<Thank
https://www.facebook.com/excellencemedia

https://www.facebook.com/photo.php?fbid=448965075195031&set=a.329330483825

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...