စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောင်သူများသို့ လယ်ယာ (၁၂) လက်တွန်းထွန်စက်များ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချ



စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့ စက်မှုလယ်ယာ ဦးစီးဌာနမှူးရုံး အမှတ် (၄ဝ) ထွန်စက် စခန်းမှ လယ်ယာသုံး လက်တွန်းထွန်စက် (လယ်ယာ-၁၂) များကို မေ ၁ဝ ရက်နံနက် ၉ နာရီက တောင်သူ များအား ရောင်း ချပေး လျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ ဒီစက်တွေကို နှစ်နှစ်ကို သုံးရစ်ကျ ငွေပေးချေခြင်း စနစ်ဖြင့် ဝယ်ယူခြင်း ဖြစ်ကြောင်း ပထမ အရစ် ငွေကျပ် ၄၉၈ဝဝဝ၊ ဒုတိယ အရစ် ငွေကျပ် ၄၆၈ဝဝဝ၊ တတိယ အရစ် ငွေကျပ် ၄၃၉ဝဝဝ ကို ဆပ်ရမှာ ဖြစ်ကြောင်း၊ နွား တစ်ရှဉ်းတောင် ၁၆ သိန်း၊ ၁၇ သိန်း လက်ငင်းပေး ဝယ်မှရတာ၊ အခုလို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးတာ ကျေးဇူး တင်ပါတယ်'' ဟု ခေါတော ကျေးရွာမှ တောင်သူ ဦးမောင်ဝင်းက ပြောကြားသည်။

အဆိုပါ လက်တွန်း ထွန်စက်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် တို့ကို ပူးတွဲ ရောင်းချပေးလျက် ရှိရာ ကန့်ဘလူမြို့၊ အမှတ် (၂) ရပ်ကွက်၊ တောက္ကရှပ်၊ ရှမ်းကုန်း၊ ချပ်သင်း၊ ပေကုန်း (တ)၊ ချက်ကြီး ကျေးရွာများမှ လက်တွန်း ထွန်စက် ၁၇ စီးကို လည်းကောင်း၊ ကျွန်းလှမြို့ သစ်ချို၊ ခေါတော၊ မကျီးကုန်း၊ လယ်လှ၊ ညောင်ကိုင်း၊ အင်ခေါင်း ကျေးရွာ များမှ လက်တွန်း ထွန်စက် ၁၂ စီး ကိုလည်းကောင်း ဝယ်ယူကြပြီး ဂွန်ဒေါင်း အစီး ၃ဝ ကိုလည်း ဖြန့်ဝေပေး ပြီး ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

http://bit.ly/11xyDl5

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...