စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာပြည်မှ နလုံးလှ ဆရာဝန်မလေး



ရခိုင်ပြည်နယ်၊ ကျောက်ဖြူက ပြည်သူ့ဆေးရုံကြီးကို ၂၀၁၁၊ ဒီဇင်ဘာကစလို့ ချောချောလှလှ၊ သဘောကောင်း၊ မနောကောင်း သားဖွားမီးယပ်ဆရာဝန်မလေးတစ်ဦး ရောက်လာသတဲ့ကွယ်။
သူမဟာ နေ့စဉ် သားဖွားမီးယပ်လူနာများစွာကို စေတနာအပြည့်ထားကာ နဖူးကချွေး ခြေမကျအောင် ကုသပေးနေခဲ့ရှာသတဲ့။


ဒီလိုနဲ့ ပြီးခဲ့တဲ့ ၂၀၁၂၊ အောက်တိုဘာတုန်းက ကျောက်ဖြူမှာ အဓိကရုဏ်းကြီးဖြစ်နေချိန်
အဲဒီ ဆရာဝန်မလေးဟာ တစ်မြို့လုံး ဓါးတွေ၊ လှံတွေ ထိုးသံ၊ ခုတ်သံ တစ်ချွင်ချွင်ညံနေတဲ့၊ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ မြို့လေးထဲကနေ တစ်ဖ၀ါးမှ မခွာပဲ လူနာတွေကို တောက်လျှောက် ကုသပေးနေခဲ့ပါသတဲ့။


နဂိုကကြောက်တတ်တဲ့ ဆရာဝန်မလေးဟာ အဖော်မဲ့အိမ်လေးထဲမှာ တစ်ယောက်တည်း ပုတီးစိတ်၊ ဘုရားစာရွတ်ပြီး ရဲဆေးတင်ကာ ကျော်လွန်ဖြတ်သန်းခဲ့ပါသတဲ့
အဲဒီ အဓိကရုဏ်းဖြစ်ပြီးချိန်ကစပြီး ဆေးရုံမှာ ခွဲစိတ်ဆရာဝန် (Surgeon) မရှိတော့တာ ဒီနေ့ထိပါပဲ။
သားဖွား၊ မီးယပ်ဆရာဝန်မလေးဟာ ကိုယ့်အထူးကုလူနာမဟုတ်ပေမယ့် ခွဲစိတ်လူနာ Case တွေကို တတ်သလောက်၊ မှတ်သလောက် ဖတ်၊ မှတ်၊ လေ့လာပြီး တွဲဖက် ကုသပေးနေခဲ့တာ ၆လ လောက်ရှိခဲ့ပေါ့။ ခွဲစိတ်ရမယ့်လူနာပေါင်းများစွာအသက်ကိုလည်း ကယ်တင်ပေးခဲ့ပေါ့။
အထူးကုဆရာဝန် (၂)ဦးစာ အလုပ်ကို တစ်ယောက်တည်း ပင်ပန်းကြီးစွာ ထမ်းဆောင်နေရပေမယ့် မငြီးငြူပဲ လုပ်ဆောင်မြဲ လုပ်ဆောင်ဆဲတဲ့ကွယ်။

ရန်ကုန်ဖက်ကို တစ်ချက် မျှော်ကြည့်ကြရအောင်။
အိမ်လေးတစ်အိမ်မှာ အသက်(၈၀)အရွယ် မကျန်းမာတဲ့ အဖိုးကြီး တစ်ဦး တစ်ယောက်တည်း ထိုင်နေရှာတယ်။
မျက်လုံးတွေက တစ်ဦးတစ်ယောက်ကို မျှော်လင့်နေပေမယ့် မဖြစ်နိုင်မှန်းသိလို့ တစ်ခါတစ်ခါ ရီဝေသွားရှာရဲ့။
အဲဒါကတော့ တစ်ဦးတည်းသော သမီးလေးဖြစ်သူ ဆရာဝန်မလေးရဲ့ ချစ်လှစွာသော ဖခင်ကြီးတဲ့ကွယ်။
သူ့မျက်နှာမှာတော့ လွမ်းဆွတ်မှုတွေနဲ့ အတူ ရခိုင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ တစ်ဦးတည်းသော ချစ်သမီးလေးအတွက် ကျေနပ်မှုအရိပ်တွေ ရောထွေးနေရှာလေရဲ့။

လူလတ်ပိုင်း အမျိုးသားတစ်ယောက်။ ထမင်းစားချိန်မှာ ခြောက်ခြောက်ကပ်ကပ် တစ်ယောက်တည်း ထမင်းစားနေလေရဲ့။ တစ်ယောက်တည်းမကြည့်တတ်လို့ တီဗီမကြည့်တာ ကြာခဲ့ပြီတဲ့။ ညအိပ်ရာဝင်ချိန်မှာတော့ ဗြောင်းဆန် ရှုပ်ပွနေလေတဲ့ အိပ်ခန်းမှာ အိပ်တစ်ဝက်၊ နိုးတစ်ဝက်နဲ့ မပျော် ပျော်အောင် ကြိုးစားအိပ်နေရှာလေရဲ့။ တစ်ယောက်သောသူက မနှုတ်ပေးဖြစ်တာကြာလို့ ခေါင်းမှာ ဆံပင်ဖြူတွေလည်း ထိုးထိုးထောင်ထောင်ဖြစ်နေလေရဲ့။ အဲဒါ ဆရာဝန်မလေးရဲ့ ချစ်ခင်ပွန်းပါ။

အဲဒီ ဆရာဝန်မလေးတစ်ယောက် ဒီနေ့ နေ့လည် ကျောက်ဖြူဆေးရုံမှာ အလုပ်တွေလုပ်နေရင်း ရုတ်တရက် မူးလဲသွားပါသတဲ့။
ခွဲစိတ်ရမယ့် လူနာတွေ များလွန်းလို့ ပင်ပန်းလွန်းတဲ့ကြားထဲ ထမင်းဟင်း ပုံမှန်ချိန်မစားရတော့ ဒီလိုဖြစ်သွားရှာတာတဲ့။
စိတ်မကောင်းပေမယ့်၊ သွေးပေါင်လေးချိန်ပေးချင်ပေမယ့် ဖုန်းဆက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါကွယ်။

ဒါတကယ့်ဆရာဝန်တွေရဲ့ ဘ၀၊ ဆရာဝန်မိသားစုတွေရဲ့ ဘ၀ပါပဲ။
ဂုဏ်ယူပါသည်.....မဟေသီ......
ဘယ်သူသိသိ မသိသိ၊ ဘယ်သူအသိအမှတ် ပြုပြု မပြုပြု ဂုဏ်ယူအသိအမှတ်ပြုနေပါသည်။
ငါတို့သာလျှင် နိုင်ငံကိုချစ်မြတ်နိုးလှချည်ရဲ့ လို့ လက်သီးလက်မောင်းတန်း ကြွေးကြော်နေသော ယောင်္ကျားရင့်မကြီးတွေထက် မင်းကို ပိုလေးစား တန်ဖိုးထားနေပါသည်။

ကျန်းမာပါစေ......အိပ်မက်လှလှမက်ပါစေ.

https://www.facebook.com/photo.php?fbid=4113629859216&set=pcb.4113640659486&typ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...