စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ညှဉ်းဆဲဖျက်ဆီးသော တရားသုံးပါး။


••••••••••••••••••••••••••••••••
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊
ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''အသျှင်ဘုရား - အဘယ်မျှကုန်သော တရားတို့သည် (သတ္တဝါ၏) ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် . .
အစီးအပွား မရှိခြင်းငှါလည်းကောင်း၊
ဆင်းရဲခြင်းငှါလည်းကောင်း၊
ချမ်းသာစွာ မနေရခြင်းငှါလည်းကောင်းဖြစ်ပါကုန်သနည်း''ဟု (လျှောက်၏)။

မင်းကြီး - သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌
ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ-

(၁) လိုချင်မှု 'လောဘ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

(၂) အမျက်ထွက်မှု 'ဒေါသ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌
ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

(၃) တွေဝေမှု 'မောဟ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

မင်းကြီး - ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌
ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

အခွံလျှင် အနှစ်ရှိသော (ဝါးပင် , ကျူပင်စသော) အပင်ကို မိမိ အသီးသည် ညှဉ်းဆဲဖျက်ဆီးသကဲ့သို့ . .
မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဉ်းဆဲဖျက်ဆီးကုန်၏ဟု (မိန့်တော်မူ၏)။

( ကောသလသံယုတ်။ ပုရိသသုတ် )
3 Treasures: Buddha, Dhamma & Sangha


https://www.facebook.com/photo.php?fbid=413612985403205&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...