စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မပေါ့ဆသင့်သော အစာအိမ် ဝေဒနာ



အစားအစာနှင့် လူနေမှု စရိုက် ပြောင်းလဲ လာမှုကြောင့် ယခုခေတ် လူကြီးပိုင်း တွင်သာမက လူငယ် များတွင်ပါ ရောဂါ မျိုးစုံ ဖြစ်ပွားလျက် ရှိသည်။ ၄င်းတို့ အနက် အစာအိမ် အနာ ပေါက်ခြင်းသည်လည်း တစ်ခု အပါ အဝင် ဖြစ် သည်။


အစာအိမ်အနာဟုလူသိများသော်လည်း လက်တွေ့တွင် အစာအိမ်တွင် ဖြစ်သောအနာ (Gastriculer)နှင့် အူလမ်း ကြောင်း အစပိုင်းတွင် ဖြစ်သောအနာ (Duodental uler)ဟူ၍ နှစ်ပိုင်းကွဲလျက်ရှိသည်။ အစာအိမ်မှ အက်ဆစ် အထွက် များခြင်း၊ အူလမ်းကြောင်းမှသည်းခြေရည် အထွက်များခြင်း၊ H.pylori ကူးစက်ခံရခြင်း၊ အစာစားချိန် မမှန်ခြင်း၊ ဆေး လိပ် သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးကြာရှည် သောက်ခြင်းတို့သည် အစာအိမ် နှင့် အူ လမ်းကြောင်း အနာဖြစ်ရန် အားပေးလျက်ရှိသည်။ အစာအိမ်အနာ (GU)သည် အသက်ကြီးသူများတွင် ပို၍ အ ဖြစ် များသည်။
အစာစားလျှင်ဗိုက်ပိုနာတတ်၍ စားထား သည်များကိုပြန်အန်လိုက်ပါက အနာ သက်သာတတ်ရာကြာလျှင် GU ဖြစ်သူ များသည် လက်ထိုးအန်တတ်သော အလေ့အကျင့် ရှိနေသည်ကိုပင် တွေ့ရသည်။
၎င်းတို့သည် ကိုယ် အလေးချိန် ကျဆင်းနေလေ့ ရှိသည်။ 


အစာအိမ်အနာသည်အူလမ်း ကြောင်းအနာတို့ထက် အရွယ် အစားပိုမို ကြီးမား တတ်ကြ၍ ကင်ဆာဖြစ်နိုင်ချေ ပိုများတတ်သည်။ အနာပျောက်ရန်လည်း အချိန်ပိုကြာ တတ်သည်။
အူလမ်းကြောင်း အနာ(DU)မှာ အသက်ငယ်သူများနှင့် အဆာခံသူများတွင် အများဆုံးတွေ့ရသည်။ ဗိုက်ဆာလျှင်၊ အစာနှင့်ဝေးလျှင် ဗိုက်ပိုနာတတ်၍ နည်းနည်းနှင့် မကြာမကြာအစာစားလေ့ရှိကြရာ DU ဖြစ်သူများသည် တစ်စထက် တစ်စ ကိုယ်အလေးချိန် တိုးလာတတ်သည်။ ၄င်းတို့သည် ညအချိန်တွင် ဗိုက်နာတတ် သည်။ အူလမ်းကြောင်း အနာသည် အစာအိမ်အနာထက် ပျောက်ကင်းရန်ပိုမြန် ကြသည်။ ကင်ဆာ ပြောင်းနိုင်ချေမရှိသော် ငြားလည်း အူလမ်းကြောင်းအနာများသည် အူပေါက်ရန်အခွင့်ပိုများလေသည်။ DU များ၏ 95%နှင့် DU များ၏ 75%သည် H.pylori ပိုးကြောင့်ဖြစ်ပွား ရခြင်းဖြစ်သည်။ 


သို့ဖြစ်၍အနာဖြစ်ပါက ဗိုက်နာဗိုက်အောင့်၊ လေထိုးလျှင်သောက် လေ့သောက်ထရှိကြသော အစာအိမ်ဆေး များမှဝေဒနာကိုသာ သက်သာစေ၍အ နာကို အရှင်းမပျောက်စေနိုင်ကြချေ။ ကနဦးစွာ ပိုးသတ်ဆေးတစ်ပတ်သောက်၍ံH.pylori ကိုသတ်ရသည်။ ပြီးမှသာလျှင် အနာအတွက်ဆေးများကိုအစာအိမ်အ နာဆိုလျှင် (၈)ပတ်၊ အူလမ်းကြောင်း အနာဆိုလျှင်(၆)ပတ် သောက်ရသည်။ H.pylori သည် အစားအစာမှ ကူးစက် တတ်သည်ဖြစ်၍ မိသားစုဝင် တစ်ဦးပိုး သတ်ဆေးသောက်လျှင် အခြားမိသားစု ဝင်များပါ အတူသောက်ရမည်ဖြစ်သည်။ အစာအိမ်နာလျှင် နွားနို့အေးနှင့် အစာအိမ်ဆေးသောက်၍ခေတ္တအနားယူ သင့်သည်။ မကြာခဏ အစာအိမ်နာနေ လျှင်မူဆရာဝန်နှင့်ပြသ၍ကုသမှုခံယူ သင့်သည်။

အစာအိမ်နာသူများသည် ငရုတ်သီး၊ အပူအစပ်၊ အကိုက်အခဲ ပျောက်ဆေး(ဥပမာ-Aspirrn) တို့ကို ရှောင်ရမည်။ အဘယ့်ကြောင့်ဆိုသော် အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်နှင့် အူလမ်းကြောင်း အနာ များ ပေါက်ထွက်ရန် အားပေးသောကြောင့်ဖြစ်သည်။

 ပျော့ပြောင်း၍ခြေလွယ်သောအစာကို နည်းနည်းနှင့်ခဏခဏစား၍ စားချိန်၊ အိပ်ချိန်မှန်ရန် ဂရုပြုသင့်သည်။ အစာ အိမ်အနာများသည် နှစ်ရှည်ဖြစ်နေ ပါက အစာအိမ်ကင်ဆာအဖြစ်သို့ ပြောင်းတတ် ၍ ယင်းကင်ဆာရောဂါမှာကမ္ဘာပေါ်တွင် အသေအပျောက် အများဆုံးကင်ဆာများ ထဲမှ တစ်ခုဖြစ်သောကြောင့် အစာအိမ်မှ နာနေလျှင် မပေါ့ဆကြရန် သတိပေးအပ် ပါသည်။

Healthcare


https://www.facebook.com/photo.php?fbid=413200525444451&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...