စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်စက်ခြင်းနဲ့ လူ့မှတ်ညဏ်



လူဟာ ဘ၀တလျှောက် မပြတ်သင်ယူနေရတယ်လို့ ပြောစကားရှိပါတယ်။
လူဟာ အိပ်စက်အနားယူနေချိန်မှာတောင် ဦးနှောက် မှတ်ဥာဏ်က လေ့လာသင့်ယူနိုင်တယ်ဆိုတာကို အခုနောက်ဆုံး လေ့လာချက်တခုမှာ တွေ့ရပါတယ်တဲ့။
အိပ်မောကျနေချိန် အသံဖိုင်တခုခုကို ဖွင့်ပြထားခြင်းအားဖြင့် ဘာသာစကားတရပ်ရပ်ကို သင်ယူနိုင်မလား.. သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာလာကြပါတယ်။

တချို့လူတွေဟာ အိပ်နေချိန်မှာ ခပ်အေးအေး ဂီတသံစဉ်တခုခု နားထောင်တာ ဒါမှမဟုတ် တီဗွီ ရုပ်မြင်သံကြားဖွင့်ထားတာမျိုး လုပ်လေ့ရှိပါတယ်။
ကောင်းကောင်းအိပ်ပျော်နိုင်ဖို့ သူတို့အတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ယူဆလို့ပါ။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေ့လာတွေ့ရှိချက်တခုမှာတော့ အိပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအနားယူမှုသက်သက်မဟုတ်ပါဘူး၊ မှတ်ဥာဏ် အားကောင်းစေနိုင်တဲ့ အခွင့်အလမ်းတွေ အိပ်ခြင်းမှာရှိနေတယ်ဆိုတဲ့ လျို့ဝှက်ချက်ကို အတည်ပြု တွေ့ရှိခဲ့ပါတယ်။


အခုလို အိပ်နေစဉ် အသံ သံစဉ်တွေကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူ တဦးချင်းမှာ ဘယ်လို သက်ရောက်မှုရှိသလဲဆိုတာကို သိပ္ပံပညာရှင် အုပ်စုတစုက စူးစမ်းလေ့လာခဲ့ပါတယ်။
အိပ်ပျော်နေစဉ်မှာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သံစဉ် ဒါမှမဟုတ် အသံတခုခုကို ပြန်အမှတ်ရခြင်းအားဖြင့် ပြန်နိုးလာတဲ့အခါမှာ အလွယ်တကူပိုလို့ မှတ်ဉာဏ်အားကောင်းစေတာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် အိပ်ပျော်နေချိန်မှာ စိတ်ထဲမှာ ခံစားသိရှိမှုဟာ လူရဲ့ လေ့လာသင်ယူမှုအတွက် အရေးကြီးတဲ့ အထောက်အပံြ့ဖစ်စေတယ်လို့ ဒီ လေ့လာချက်က သုံးသပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Northweast တက္ကသိုလ် Weinberg ၀ိဇ္ဌာနဲ့သိပ္ပံ လေ့လာရေးဌာနက သုတေသီ Ken Paller၊ John Rudoy နဲ့ အဖွဲ့ဟာ သူတို့သဘောဆန္ဒနဲ့သူတို့ ပါဝင်ကူညီတဲ့ စိတ်ပညာကျောင်းသား ၁၂ဦးကို စံထား လေ့လာပါတယ်။


သူတို့တွေ အိပ်ပျော်နေစဉ် ကြားရတဲ့ အသံနဲ့ မှတ်ဥာဏ် ဘယ်လို ဆက်စပ်မှုရှိသလဲ လေ့လာတာပါ။
လေ့လာတွေ့ရှိချက်အရ လူဟာ အိပ်ပျော်နေစဉ်မှာ ဦးနှောက်က အတော်လေး အလုပ်များနေပါတယ်။ မကြာသေးခင် ဖြစ်ခဲ့တဲ့ မှတ်ဥာဏ်တွေကို ပြန်လှန်ပြီး အခြားရှိပြီးသားအသိမှတ်ဥာဏ်တွေနဲ့ ပေါင်းစပ်ပါတယ်။
ဒီလို ထူးဆန်းနက်နဲစွာ မှတ်ဥာဏ်တွေ ပေါင်းစည်းရေးလုပ်ငန်းကြောင့် အိပ်ရာနိုးတဲ့အချိန်မှာ မှတ်ဥာဏ်စွမ်းရည်တတ်လာစေပါတယ်တဲ့။


“ အသေးစိတ် ဥပမာ တခုခု ပေးရမယ်ဆိုရင်တော့ - သင်တန်းတခုကို ကိုင်တယ်မသွားနိုင်ဘူးဆိုပါတော့ .. တဦးဦးက အဲဒီသင်ခန်းစာကို အသံဖမ်းယူပြီး ခင်ဗျား အိပ်ချိန် ဖွင့်ပြတာမျိုးပါ။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် အဲဒီ သင်တန်းမှာ လူကိုယ်တိုင်ရှိနေတယ်.. နားထောင်လေ့လာဖြစ်တယ်ဆိုရင်တော့ .. အိပ်ချိန် ပြန်နားထောင်ရတာ ပိုလို့ မှတ်ဥာဏ်အား ကောင်းပါတယ်။ အိပ်နေချိန် အဲဒီ သင်ခန်းစာကို ဖွင့်ပြရင် - ခင်ဗျား ကိုယ်တိုင် တက်ခဲ့တဲ သင်တန်းက သင်ခန်းစာတွေကို ပြန်အမှတ်ရလာစေပါတယ်။ လူပျင်းတွေ အတွက် နည်းတော့ မဟုတ်ပါဘူးဗျာ။” လို့ John Rudoy က ပြောပါတယ်၊


https://www.facebook.com/photo.php?fbid=417520765012427&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...