စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျေးဇူးတရားများကို အမြဲ (သို့) မကြာခဏတွေးတောခြင်း



လူဆိုတာ တစ်ဦးနဲ့ တစ်ဦး ကျေးဇူးမကင်းကြပါဘူး။ ကိုယ်က တစ်ခါ ကူညီဖူးရင် သူက ကိုယ့်ကို တစ်ခါ၊ နှစ်ခါ ကူညီဖူးကြပါတယ်။ အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ရှိကြပါတယ်။ အဲလို ရှိမှလည်း အဲဒီလူမှုပတ်ဝန်းကျင်က အဆင်ပြေ လှပပါတယ်။
တစ်ဦးရဲ့  ကျေးဇူး ကို တစ်ဦးက ရယူပြီး မေ့ပျောက်လိုက်ရင်သော်လည်းကောင်း ၊ တစ်ဦးရဲ့ ကျေးဇူးကို တစ်ဦးက စော်ကားခြင်း၊ ချေဖျက်ခြင်း စတဲ့ အရာတွေကို ပြုလုပ်ရင် ..ထိုပတ်ဝန်းကျင်မှာ နေလို့ ထိုင်လို့ အဆင်မပြေကြပါဘူး။
ကျေးဇူးမဆပ်ရင်တောင် ကျေးဇူးမကန်းဖို့ လိုပါတယ်။

ကျေးဇူးမတင်ရင်တောင် ကျေးဇူးကို မစော်ကားဖို့လိုပါတယ်။
ကျေးဇူးကို မတုန့် ပြန်ပေမယ့် ကျေးဇူးတရားကို မှတ်သားထားသင့်ပါတယ်။ ပြန်လည် ပေးဆပ်ခြင်းနဲ့ ကျေးဇူးဆပ်နိုင်ရင်တော့ အကောင်းဆုံးပါဘဲ။

လူတစ်ဦးတစ်ယောက်ကိုယ့် အပေါ်ကျေးဇူးရှိတာကို ကူညီဖြည့်ဆည်းတုန်းခဏ ကျေးဇူးတင်လိုက်ပေမယ့် ဒီနေ့ ပြုပေးပြီး မနက်ဖြန် မေ့ပစ်တာမျိုး မဖြစ်သင့်ပါဘူး။

စိတ်ဆိုတာ ဆုံးမရခက်တဲ့ အမျိုးမို့ သူတစ်ပါးရဲ့  ကျေးဇူး အသေးအမွှားကအစ မကြာခဏ တိုက်ဆိုင်တိုင်း တွေးတောမယ်။ ငါ့ကို ဘယ်လို ကူညီခဲ့တာ ၊ဘယ်လို စောင့်ရှောက်ပေးခဲ့တာ ၊ငါ့ အတွက်ဘယ်လို စေတနာ ထား အနစ်နာ ခံခဲ့တာ စသဖြင့် မကြာခဏ သို့မဟုတ် အခြေအနေတိုက်ဆိုင်တိုင်း တွေးတောနေခဲ့မယ်ဆိုရင် ကျေးဇူးမေ့ပျောက်ခြင်းနဲ့ ကျေးဇူးကန်းခြင်းဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဘာမှ ပြန်ပြီးမလုပ်ပေးနိုင်ရင်တောင်မှ သူ့ကို ကျေးဇူးတင်လို့ မေတ္တာစိတ်လေးနဲ့တော့ ကျန်းမာပါစေ..ချမ်းသာပါစေလို့ ပို့မိကြခြင်းဟာ လည်း စိတ္တဇ နာမ်နဲ့ ကျေးဇူးဆပ်ခြင်းပါ။

ဒီနေရာမှာ ကိုယ်ကသူ့ကို ဘယ်လို လုပ်ပေးခဲ့တာဘဲလို့ ပြန်တွေးပြီး မာန်ဝင်ခဲ့ ရင်တော့ ငါ ဆိုတဲ့ အတ္တ က သူတစ်ပါးပြုပေးသော ကျေးဇူးကို မမြင်အောင် ဖုံးကွယ်ထားပါလိမ့်မယ်။
ကျေးဇူးတရားဆိုတာ သချာင်္လို တွက်ချက်ပြီး ဒါနဲ့ ဒါနဲ့ ကြေတယ်လို့ ပြောလို့ မရပါဘူး။
သူတော်ကောင်းတွေဟာကျေးဇူးတရားကို အလွန်တန်ဖိုးထားသိတတ်ကြပါတယ်။
ကိုယ်ပြု ပေးသော ကျေးဇူးကို မေ့ပစ်ပါ။ သူပြုပေးသော ကျေးဇူးတရားကို မှတ်သားပါ ဆိုပြီး ဖတ်မှတ် ဖူးပါတယ်။

ကိုယ့်မိဘနဲ့ ဆရာသမား၊ ရတနာသုံးပါး ဆိုရင်တော့ ကျေးဇူးကြီးလွန်းလို့ မကြာခဏတွေးတော မှသာ မပြစ်မှားမိမှာပါ။

မိမိနဲ့ ပတ်သက်သော ကျေးဇူးရှိသူများကို မမေ့မလျော့ဘဲ ထပ်ခါထပ်ခါ သတိရမှ တော်ကာကျမှာမို့ မနက်ဖြန်ကျရောက် မယ့် မိခင်များနေ့ ( အမေများနေ့ ) မှာ အမေ့ ကျေးဇူးကို ဒီနေ့ ဒီညကစ...နောင် နေ့ ရက်များစွာ မကြာခဏတွေးတောပြီး ကြီးမားလှသော ကျေးဇူးတရားများကို အောက်မေ့ သတိရစေရန်...သတိပေးစာလွှာ ရေးသားအပ်ပါတယ်။

အားလုံးကိုယ်စီ ကျေးဇူးဆပ်နိုင်သူများဖြစ်ကြပါစေ။

မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)


https://www.facebook.com/photo.php?fbid=415714831859687&set=a.35104771499

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...