စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စက်ဘီးသမားတို အတွက် မပေါက်တဲ့ဘီး



နှိုင်းရင့်နွေ

စက်ဘီးသမားတွေကို အဓိက ဒုက္ခပေးတာကတော့ ဘီးပါပဲ... ဘီးပေါက်တဲ့အတွက်ဖာရထေးရ ပြင်ရဆင်ရနဲ့ အလုပ်ရှုပ်တာကို စက်ဘီးသမားတိုင်းလိုလိုကြုံဖူးကြပါလိမ့်မယ်... တခြားအစိတ်အပိုင်းတွေထက် ဘီးပေါက်တာဟာ အဖြစ်ပိုများတဲ့ ပြဿနာတစ်ရပ်လည်းဖြစ်ပါတယ်...

အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် လေထိုးစရာမလိုတဲ့ တာယာအမျိုးအစားကို တီထွင်ကြံဆခဲ့ကြပါတယ်... ဒီတာယာအမျိုးအစားဟာ ပေါ့ပါးပြီး တာရှည်ခံတဲ့အပြင် ဘီးပေါက်လို့ ပြားသွားမှာလည်း မစိုးရိမ်ရတော့ဘူးလို့ဆိုပါတယ်...

ဒီတာယာတွေကို တီထွင်ခဲ့သူကတော့ tube မပါတဲ့ကားဘီးတစ်မျိုးဖြစ်တဲ့ Energy Return Wheel တွေကိုတီထွင်ခဲ့သူ Brian Russell ဖြစ်ပါတယ်... သူ့တာယာက ရာဘာတွေကို ချိန်ညှိလို့ရတဲ့ ကာဘွန်ဖိုင်ဘာချောင်းတွေနဲ့ စပရိန်လိုထောက်ကန်ပြီး ဆွဲဆန့်ထားခြင်းဖြစ်ပါတယ်...

လေထိုးစရာမလိုဘူးလို့ဆိုထားတဲ့အတွက် ဘီးပေါက်တာတို့ ဘီးပြားတာတို့လည်းဖြစ်စရာမရှိတော့ပါဘူး... ဒီဘီးတွေကို အသုံးပြုခြင်းအားဖြင့် စက်ဘီးပြင်ဆိုင်ပို့ရတဲ့အချိန်လည်းနည်းသွားစေပြီး သင့်စက်ဘီးကို ပိုပြီးထိထိရောက်ရောက်အသုံးပြုလာနိုင်ပါလိမ့်မယ်...
----------------------------------------------------------------
Ref: Toxel.com


ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...