စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားအင်စွမ်းအား တိုးပွားစေသည်များ





အားအင်စွမ်းအားကို တိုးပွားစေတဲ့ အစားအစာတွေက သွေးတွင်းဟော်မုန်း ပမာဏ အထူးသဖြင့် ကျားဟော်မုန်း တက်စထရိုစတီရုန်းပမာဏကို မြင့်တက်စေခြင်းဖြင့် အချစ်စွမ်းအားတွေကို အထွတ်အထိပ်ရောက်အောင် ပေးစွမ်းနိုင်ပါတယ်။ ဘာဆေးဝါးမှ သုံးစွဲစရာမလိုဘဲ သဘာဝကပေးစွမ်းတဲ့ သစ်သီးတွေ စားသုံးပေးရုံနဲ့ အချစ်စွမ်းအင်တွေ ပေးစွမ်းမယ့် သင်ကိုယ်တိုင်ရော၊ သင့်အချစ်တွေကို ခံယူမယ့်သူရော စိတ်ကျေနပ်မှုကို အစွမ်းကုန်ရရှိစေမှာပါ။

ထောပတ်သီး
ထောပတ်သီးမှာပါဝင်တဲ့ ဖောလိတ် (Folate) ဓာတ်က ချစ်စိတ်စွမ်းအားတွေ ဖြစ်ပေါ်တိုးပွားစေပါတယ်။ ထောပတ်သီးရဲ့ တခြားသောဓာတ်ပေါင်းတွေက အချစ်တွေ စွမ်းဆောင်ဖို့အတွက် စွမ်းအင်တွေကို ရရှိစေပါတယ်။

ငှက်ပျောသီး
ငှက်ပျောသီးဟာလည်း ချစ်စိတ်စွမ်းအား တိုးပွားစေတဲ့ သီးနှံတစ်မျိုးပါပဲ။ ငှက်ပျောသီးမှာပါဝင်တဲ့ ဘရိုမီလိန်း (Bromelain) အင်ဇိုင်းက ချစ်စိတ်စွမ်းအားကို ဖြစ်ပေါ်စေတာပါ။ ဒါ့အပြင် ပိုတက်စီယမ် (Potassium)၊ ဗီတာမင်ဘီ (Vitamin B) တွေက စွမ်းအင်တွေ ပေးစွမ်းတာကြောင့် အချစ်တွေ စွမ်းဆောင်အောင်မြင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

စွန်ပလွံသီး
အရှေ့အလယ်ပိုင်းနိုင်ငံတွေက စွန်ပလွံသီးဟာ ချစ်စိတ်စွမ်းအားတွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ အမိုင်နိုအက်စစ် (Aminoacid) တွေ များစွာပါဝင်တဲ့ စွန်ပလွံသီးက ချစ်စိတ်တွေ စွမ်းဆောင်ရာမှာ သက်လုံကောင်းစေပါတယ်။Health
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...