စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသဲကွဲသည့်အခါ မေ့ဖျောက်ဖို့ ရှောင်ကြဉ် လုပ်ဆောင်သင့်သည့်(၄)ချက်


            
ခွန်နေ - Khun Nay

၁. တစ်စုံတစ်ယောက်ကိုခွဲခွာ ပြီးသွားတဲ့ အချိန် အမျိုးသားအများစုဟာ ဘီယာ ၊ အရက်တွေနဲ့ ခံစားချက်ကို မျောပစ်ဖို့ကြိုးစားကြတယ် ။ ခုလိုခေတ်မျိုးမှာ အချို့  အမျိုးသမီးတွေတောင် ဒါမျိုးတွေလုပ်နေကြပါပြီ ။ ဘီယာ ၊ အရက် အပြင် တခါတလေ မသောက်ဖူးတဲ့ ဆေးလိပ်တွေတောင် ကြိုးစားသောက်ချင် နေတတ် တယ် ။ ဒါက ခံစားချက်ကိုသက်သာစေတယ်လို့ အများစုက မှတ်ယူထား တတ်တယ် ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ကို လွှတ်တာမျိုးလည်း ရှိတယ် ။ 


အမှန်တော့ ဘီယာ ၊ အရက်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို ပိုမိုပြင်းထန်စေတဲ့အပြင် မေ့ဖျောက်ဖို့ထက် သတိရစိတ်သာ ပိုများစေပါတယ် ။ အမျိုးသားတွေ အလွန်အကျွံ့ သောက် အမူးလွန်သွားတဲ့အခါ အဆိုပါအချိန်မျိုး ဒေါသသွေးတွေ ဆူလာတတ်သလို မလိုလားအပ်တဲ့ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ် ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေဟာ အလွန်အကျွံ့ သောက် အမူးလွန်ပြီး လုပ်မိလုပ်ရာ လုပ်တတ်ကြသလို အဆုံးစွန်အထိ ဖြစ်နိုင်တာကတော့ အဲ့လိုနေ့မျိုးတွေမှာ အိမ်ပြန် မအိပ်နိုင်တဲ့ အနေအထားအထိပါ ဖြစ်သွားနိုင်ပါတယ် ။ ရလာတဲ့ အကျိုးဆက်က ဘယ်လိုမှ မကောင်းနိုင်ပါဘူး ။ ဒါကြောင့် တစ်စုံတစ်ယောက်ကိုမေ့ဖျောက်ဖို့ ကြိုးစားနေတဲ့ အချိန် ဘီယာ ၊ အရက် လုံးဝ ရှောင်ကြဉ်ပါ ။

၂ . မေ့ဖျောက်ဖို့ ကြိုးစားနေတဲ့အချိန် အလုပ်တစ်ခုခု စိတ်နစ်ပြီး လုပ်ကိုင်နေလိုက်ပါ ။ အလုပ်ကနားပြီး တနေရာရာထွက်သွားတာမျိုး ဇာတ်လမ်းထဲမှာပဲကောင်းပါတယ် ။ အပြင်မှာ ပိုက်ဆံကုန်တဲ့အပြင်
ကိုယ့်အတွက်ပါ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးစေလို့ပါ ။

၃. လေ့ကျင့်ခန်းများများလုပ်ပါ ။ ဥပမာ GYM ကစားတာမျိုးပေါ့ ။ လေ့လာတွေ့ရှိချက်အရ အမျိုးသားတွေဟာ အသဲကွဲရင် GYM ကစားတာများတယ်လို့ဆိုတယ် ။ ဒါကလည်း ဖြစ်သင့်တဲ့ အချက်ပါ ။
ကောင်းကျိုးကတော့ စိတ်ဖိစီးမှုလျော့ကျစေတဲ့အပြင် ၊ ခန္ဓာကိုယ် ကျစ်လစ်သန်မာစေတယ် ၊ ခံစားချက်ကို ပွင့်ထွက်သွားစေတယ် ။ ဒါကြောင့် အိမ်မှာနေ အိပ်ယာထဲ လူးလိမ့်နေမယ့်အစား စောစောထပြီး
GYM ခန်းမမှာ အချိန်ဖြုန်းနေတာက ကိုယ့်အတွက် ပိုပြီး အကျိုးရှိစေ နိုင်ပါတယ် ။

၎ . ချစ်သူဘဝမှာ နှစ်ယောက်အတူတူ အမြဲတွေ့ဆုံတဲ့အချိန်မျိုးတွေ ရှိတတ်ကြမှာပါ ။ ဥပမာ ရုံးဆင်းချိန် ၊ ကျောင်းဆင်းချိန် လိုမျိုးတွေပေါ့ ။ ဒီလိုအချိန်မျိုးမှာ သေချာပါတယ် တစ်ခုခုလိုအပ်နေသလိုလို ၊ ကြောင်တောင်တောင် ဖြစ်နေတတ်ပါတယ် ။
ဘီယာအရက် ၊ သောက်ဖို့ မကြိုးစားပါနဲ့ ။ သင်တန်းတစ်ခုခု တက်ရောက်သင်ကြားလိုက်ပါ ။ ကိုယ့်အတွက်တောင် ပညာရပ်တစ်ခု တိုးပွားစေပါတယ် ။

အချိန်တန်ရင် သူ့ကိုမေ့ဖျောက်သွားနိုင်မယ့်အပြင် ကိုယ်ပိုပြီး စမတ်ကျ
လာပါလိမ့်မယ် ။ မေ့ဖျောက်ဖို့ခက်ခဲနေသူများအတွက် အသုံးဝင်မယ်လို့
ထင်ရင် Share နိုင်ပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.1073741828.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...