စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြာဇံချက်



ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပြီးရေဆေးကာ ဆား၊ငံပြာရည်၊နနွင်းမှုန့် တို့ဖြင့် ရောနယ်ကာ နာရီဝက်ခန့်နှပ်ထားပါ။ကြွက်နားရွက်မှိုခြောက်၊ပဲပြားလိပ်ခြောက်၊ပန်းခြောက် များကို မချက်ခင် ၃ နာရီလောက် ရေကျိုစိမ်ထား၍ ရေများနူးပြီး ပွလာလျှင် အနေတော်အရွယ် အသေးလေးတွေ ညှပ်ထားပေးပြီး ရေစင်အောင် အထပ်ထပ်ဆေးထားပါ။ ပဲကြာဇံကတော့ နူးမြန်၍ ၁၀ မိနစ် လောက် ရေစိမ်ပြီး ရေပြန်စစ်ထားပါ။ ငုံးဥ (သို့) ကြက်ဥ များကို ပြုတ်ပြီး ခွါထားပါ။

ထိုနောက်ညက်အောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ဂျင်းတို့ကို အိုးထဲသို့ ဆီသင့်ရုံထည့်ကာ နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ကြက်သွန်ကြော်နံ့ မွှေးပြီးရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်ထည့်ပြီး မွှေကာ လုံးထားသော ကြက်သားများကို ထည့်ပြီး မွှေပေးပါ။ အိုးမကပ်အောင် မပျက်မွှေပေးပါ။

ကြက်သားများ တင်းတင်းလေးဖြစ်ပြီး ဆီပြန်လာလျှင် ရေစိမ်ပြီးစစ်ထားသော ကြွက်နားရွက်မှိုခြောက်၊ ပဲပြားလိပ်ခြောက်၊ ပန်းခြောက် များကို ထည့် ပြီးတည်ထားပါ။ ဆား၊သကြား၊ငံပြာရည်၊ငရုတ်ကောင်း အနည်းငယ်ဆီ ထည့်၍ မွှေကာ ရေအသင့်အတင့်ထည့်ပြီး မီးအနေတော်ဖြင့် တည်ထားပါ။

မကြာခဏ အဖုံးဖွင့်၍ မွှေမွှေပေးပါ။ရေများ ပွက်ပွက်ဆူလာလျှင် အခွံခွါထားသောကြက်သွန်ဥ၊ငုံးဥ၊ငါးဖယ်လုံး တို့ကိုထည့်ပြီး ကြက်သွန်ဥများ နူးသည်အထိတည်ထားပေးပါ။ကြက်သားနှင့်အားလုံးအစုံနူးပြီးဆိုလျှင် ရေစစ်ထားသော ပဲကြာဇံများကို ထည့်ပြီး မွှေကာအဖုံးအုပ်ထားပေးပါ။ခဏကြာလျှင် ကြာဇံများနူးပြီး ကျက်လာလျှင် အပေါ့အငံမြည်းကြည့်၍ အနံ့အရသာကောင်းမွန်သော ကြာဇံချက်ကို နံနံပင်၊သံပုရာသီး၊ကြက်သွန်စိမ်း၊ငရုတ်သီးအကြတ်မှုန့် တို့ဖြင့် တွဲဖက်ကာ ချဉ်ချဉ် ငံငံ စပ်စပ်လေး သုံးဆောင်လို့ ရပါပြီရှင်။

(ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ချက်ချင်လျှင် ထည့်ချက်လို့ရပါတယ်ရှင်။)

မူရင်း = ဒေါ်ပုလက်ရာ

https://www.facebook.com/thaicosmeticslovers/photos/a.323074691226201.1073741829.31

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...