စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရခိုင်ရိုးရာ အစားအစာ (ရခိုင်မုန့်တီ) ချက်နည်း

                     

ပါဝင်ပစ္စည်းများ

- ငါး
- ပဒဲကော (Galanga)
- ဂျင်း
- မန်ကျည်းမှည့်
- ငပိ
- ငရုတ်သီးစိမ်း
- မုန့်ဖတ်
-ငရုတ်ကောင်း
-ငရုတ်သီးအစိမ်းမစားတဲ့ လူ က အစိမ်းစားမုန့် ကို ဆီသတ်ပီး
ထည့်စားလိုရတယ်

- ထည့်စားဖို့ ကြက်သွန်ဖြူ ဆီကျက်၊ နံနံပင် ၊ ပဲကြော်၊ ငါးဖယ်ငါးဆုတ်၊ငါးမုန့်(ငါးမုန့်ဆိုတာက ငါးပြုတ်ထားတော့အချိုကုန်သွားတာကို မွမွလေးတွေလုပ်ပီး ဆီသတ်
ဆနွင်းမုန့်လေးထည့်ပီး ကျွတ်ကျွတ်လေးလုပ်တာကိုပြောတာ)
ကဲစချက်မယ်နော် ငါးပိလိုသလောက်လေးကိုရေနဲ့ အရင်ဆေးလိုက်မယ်

  ခါးတာတွေမပါအောင် ပြီးရင်ငါးပိအနံ့ ပျောက်အောင်တည်ထားမယ်
ရေးများများနဲ့တည်ထားမယ်။ ငါးကတော့ ငါးကြင်း ၊ ငါးခူ၊ငါးရွေ
စသဖြင့်ငါးကို စင်အောင်ဆေးကြော်ပီး ငါးကို ဆား၊ငံပြာရည် တို့ပဒဲကော၊ဂျင်းတို့နဲ့ ရောပြုတ်မယ် ၊၊ငါးပိအနံ့ပျောက်ပီး ဆို
ငါးပြုတ်တဲ့ ထဲရောထည့်လိုက်မယ် ။ ငါးကို ဆယ်လိုက်ပီး ငါးအသားကိုနွင်ထားမယ်ပြီးတော့ ငရုတ်သီးစိမ်းထောင်းထားမယ်၊မန်ကျည်းရည်ဖျော်ထားမယ်
၊ဟင်းရည်ပွတ်လာပီးဆို အပေါ့အငန်မြည်းမယ်၊
နောက်ဆုံးကျရင်တော့ ငရုတ်ကောင်းလေးနဲ့ ကြက်သွန်ဖြူကို တပြားရိုက်ပီးထည့်လိုက်မယ်။ကဲ ပြီးပါပီး ဟင်းရေမွှေးမွှေးလေး
ငါးများများနဲ့ ပဒဲကော အနံ့လေး မွှေးကြိုင်နေတဲ့ ပူပူစပ်စပ်
ရခိုင်မုန့်တီ အရည်လေး ရပါပြီရှင်။အပူအစပ်ကတော့ လိုသလို ထည့်စားသုံးနိုင်ပါတယ် ။ အစပ်မစားနိုင်တဲ့ သူတွေကလည်း လိုသလို ပြုပြုင်စားသုံးနိုင်ပါတယ်။

ရှင်းသန့်မေ

https://www.facebook.com/thaicosmeticslovers/photos/a.323074691226201.1073741829.31

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...