မြန်မာပြည်သား ဆရာတော်ဒေါက်တာ ဓမ္မသာမိ

ထေရုပ္ပတ္တိ အကျဉ်း
ဒေါက်တာ ဓမ္မသာမိ DPhil (oxford) ကို ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ နောင်ပန်ရွာ၌ မွေးဖွားပြီး ခမည်းတော် ဦးလုံးစန်းခမ်းသြ (ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး ကွယ်လွန်) နှင့် မယ်တော် ဒေါ်ပါစန်းဆွေတို့၏ သားသမီး (၁၀) ယောက်ရှိသည့်အနက် (၇) ယောက်မြောက်သော သားမြတ်ရတနာဖြစ်သည်။
ဆရာတော်သည် ဗုဒ္ဓ ကျမ်းစာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ပဲခူး) ၊ ထိုင်း၊ သီရိလင်္ကာ နှင့် ဗြိတိန် နိုင်ငံတို့၌ လေ့လာသင်ကြားပြီး ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိသည်။
၂၀၀၃ ခုနှစ် အောက်ဖို့ဒ် တက္ကသိုလ် ဗုဒ္ဓစာပေများကို လူအများကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဆရာတော်သည် အောက်စဖို့ဒ်မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓ၀ါဟာရကျောင်းတိုက်ကို တည်ထောင်ပြီး အောက်စဖို့ဒ်တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓ စာပေ အနှစ်သာရများကို ယခုအထိတိုင် သင်ကြားပို့ချ နေသည်။
https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661
No comments:
Post a Comment