စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရုံးထဲမှာ လျှောစီးဖို့ တပ်ထားတဲ့ သြစတေးလျက ကုမ္ပဏီ





သြစတေးလျနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီ တစ်ခုဟာ ဝန်ထမ်းများ စီးဖို့အတွက် ယခုလို လျှောတပ်ဆင်ထားပါတယ်။ ယခုရက်ပိုင်းအတွင်းမှ တပ်ဆင်လိုက်ခြင်း ဖြစ်ပြီး ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္ပဏီရုံးနေရာ စာရင်းထဲ ပါဝင်အောင် ကြိုးစားမှုထဲမှ တစ်ခု ဖြစ်ပါတယ်။

သူတို့ဟာ ယင်းလျှောကို လျှောက်လမ်းတစ်ခုမှာ ထားရှိထားခြင်း ဖြစ်ပါတယယ်။ အလုပ်မှာ ငြီးငွေ့သွားချိန် ဆော့ခွင့်ပေးထားပါတယ်။ ဒါ့အပြင် တစ်ပတ်ကို တစ်ခါ လျှောစီး ပြိုင်ပွဲလည်း ရုံးချိန်တွင်းမှာ ကျင်းပပြီး ဆုများလည်း ပေးသတဲ့။ ယင်း ဓာတ်ပုံကို ကုမ္ပဏီက ဝန်ထမ်း တစ်ဦးဟာ Reddit ပေါ် တင်ခဲ့ပြီး ရက်ပိုင်းအတွင်း နာမည်ကြီးလာပါတယ်။

ယင်း လုပ်ရပ်ကို ဥပမာ ပြုပြီးတော့ သြစတေးလျမှ အခြားသော ကုမ္ပဏီအချို့လည်း အလုပ်မှာ ဝန်ထမ်းများ အပန်းဖြေဖို့အတွက် ကစားစရာ ကစားနည်း တစ်မျိုးမျိုး ထည့်သွင်းဖို့ စဉ်းစားလျက် ရှိကြကြောင်း ဆိုပါတယ်။
 
Ref: metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...