စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသုံးများဆုံး English Expressions (10)ခု


 
အင်္ဂလိပ်စာလေ့လာနေတဲ့ လူငယ်တော်တော်များများမှားလေ့ရှိတာကတော့စကားပြောရင် စာအုပ်ထဲက စာဆန်တဲ့စကားတွေကို ပြောနေကြတာပါပဲ။မြန်မာစကားကိုပဲ ဥပမာယူကြည့်ပါ။ ကျွန်တော်တို့စကားပြောကြတဲ့အခါမှာ“ကျွန်တော်သည်မနေ့က လှည်းတန်းသို့သွားရောက်ခဲ့ပါသည်”လို့ပြောလား“ငါမနေ့ကိုလှည်းတန်းကိုဒိုးခဲ့သေးတယ်ကွ”လို့ပြောပါသလား။ အနည်းဆုံး
“ဒိုးတယ်””လိမ့်တယ်” ဆိုတဲ့စကားတွေမသုံးရင်တောင် “သွားခဲ့တယ်လို့”တော့သုံးမှာပါ။ သွားရောက်ခဲပါသည်ဆိုတာမျိုးတော့ စကားပြောမှာသုံးမှာမဟုတ်ပါဘူး။ 
 
ကျွန်တော်ဆိုလိုချင်တာက မြန်မာစကားမှာ စာမှာရေးတာနဲ့စကားပြောနဲ့ အသုံးအနှုန်းကွာခြားသလို အင်္ဂလိပ်စာမှာလည်းအသုံးအနှုန်
ကွာပါတယ်။ စာအုပ်တွေအဖတ်များပြီးပြောတဲ့သူရဲ့စကားကို Nativeတွေကြားတဲ့အခါမှာ သူတို့ကသိပါတယ်။ အဲ့ဒိလိုပြောတဲ့ Englishစာကို သူတို့ကBookish Englishလို့ခေါ်ပါတယ်။ ဒီတော့ စာမဆန်ပဲ လက်တွေ့ဆန်တဲ့Englishစာပြောတတ်အောင်ဘယ်လိုလုပ်မလဲ? အဲဒါကတော့ သူတို့နေ့စဉ်
ဘ၀မှာတကယ်အသုံးပြုနေတဲ့ စကားလုံးတွေကိုလေ့လာရမှာပါ။

အခုတော့ သူတို့ရဲ့နေ့စဉ်ဘ၀မှာအသုံးများဆုံးစကားလုံး (၁၀)လုံးကိုဖော်ပြလိုက်ပါတယ်။ ကျွန်တော်ရေးမယ့်(၁၀)လုံးထဲမှာ သင်သိပြီးသားစကားလုံးတွေလည်း ပါကောင်းပါနေမှာပါ။
ဒါပေမဲ့ တကယ်ပြန်ပြီးဆန်းစစ်ရမှာက သင်စကားပြောမှာရော ထိုစာလုံးတွေအသုံးပြု ဖြစ်ရဲ့လား ဆိုတာပါပဲ။ အကယ်၍ အရင်က အသုံးမပြုမိဘူးဆိုရင်လည်းသင့်ရဲ့နေ့စဉ်စကားပြောတွေမှာ အခါအခွင့်သင့်သလို ဒီနေ့ကစပြီးအသုံးပြုလိုက်ပါတော့။ မသုံးသရွေ့ သင့်ကိုယ်ပိုင်စကားလုံးဖြစ်လာမှမဟုတ်ပါဘူး။အားလုံးပဲ Englishစာကို သဘာဝကျကျပြောဆိုနိုင်ကြပါစေ

(1) twenty four seven (24/7)

တစ်နေ့မှာ ၂၄နာရီရှိပြီး တစ်ပတ်မှာ ၇ရက်ရှိပါတယ်။ 24/7 ဆိုတာကတော့
အဲ့ဒိလိုအချိန်တိုင်းကို ဆိုလိုတာပါ။

e.g
You can access our website 24/7.
ကျွန်တော်တို့ဝက်ဘ်ဆိုဒ်ကို အချိန်မရွေးအသုံးပြုလို့်ရပါတယ်ခင်ဗျာ။

(2) get the ball rolling

ဒီ expressionကတော့ တစ်စုံတစ်ခုကိုစတင်ဖို့ပြောတာပါ။

e.g
Let’s get the ball rolling. [Let’s start now.]
ကဲစကြစို့။

(3) take it easy

ဒီ expressionကတော့ relaxနဲ့သဘောတရားတူပါတယ်။
အနားယူတာ၊ စိတ်လျော့တာမျိုးကိုဆိုလိုတာပါ။
e.g
I don’t have any plan this weekend. I think I’ll take it easy.
ဒီပိတ်ရက်တော့ငါဘာမှအစီအစဉ်မရှိဘူးကွ။ ငါအနားယူဖြစ်မယ်ထင်တယ်။

(4) sleep on it

ဒီexpressionကတော့ တစ်ခုခုကိုအလေးအနက်စဉ်းစားအုံးမယ်လို့ဆိုလိုတာပါ။
တစ်ညအိပ်လောက်စဉ်းစားပြီးမနက်ဖြန်မှ အဖြေပြန်ပေးမယ်လို့ဆိုလိုတာပါ။

e.g
I’ll get back to you tomorrow. I have to sleep on it.

(5) I’m broke.

ဒီexpressionကတော့ ပိုက်ဆံမရှိတော့ဘူး၊ဘိုင်ပြတ်နေပြီလို့ဆိုလိုတာပါ။

(6) The meeting is at 7 o’clock sharp!
အစည်းအဝေးက 7နာရီအတိမှာစမှာနော်

Sharpကိုတော့ ဒီလိုအနေအထားမှာ တိတိကျကျလို့ဆိုလိုချင်တာပါ

(7) like the back of my hand

ဒီexpressionကတော့ တစ်စုံတစ်ခုကို သေသေချာချာ မိမိရဲ့
လက်ဖမိုးကဲ့သို့ သိတယ်လို့ ဆိုလိုချင်တာပါ။

e.g I know this city like the back of my hand.
ကျွန်တော်ဒီမြို့ အကြောင်းကို သေသေချာချာသိပါတယ်။

(8) give me a hand

ဒီ expressionကတော့ အကူအညီတောင်းတဲ့နေရာမှာ သုံးတာပါ။

e.g Do you want to give me a hand? = Do you wanna help me?

Would you give me a hand? = Would you help me?

ငါကိုကူညီပါလား?

(9) in ages

ဒီexpressionကတော့ အချိန်တွေကြာသွားခဲ့ပြီလို့ဆိုလိုချင်တာပါ။

e.g I haven’t seen him in ages.
ငါသူ့ကိုမတွေ့တာနှစ်တွေတော်တော်တောင်ကြာနေခဲ့ပါပြီ။

(10) sick and tired

ဒီexpressionကတော့ စိတ်ကုန်နေပြီ။မကြိုက်တော့ဘူး။မုန်းနေပြီလို့
ဆိုလိုတာပါ။

e.g
I’m sick and tired of doing homework.

မိုးရှင်း (I.M.T)
www.work.com.mm

Ref:engvid.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...