စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကယ်ဒမီ ကမောက်ကမများ

၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမအလွဲအချော်တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင်အစည်းအရုံးက ပထမဆုံးလက်လွှဲပြောင်းပြီး ဦးစီးကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ်စီစဉ်သူများအတွက် စိန်ခေါ်မှုအသစ်များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။

စပြီးလွဲတာကတော့ ပထမဆုံးအကယ်ဒမီဆုရှင်အဖြစ်ကြေညာခံရတဲ့ တေးဂီတဆုရှင်က ရှည်လျားလှတဲ့ ကျေးဇူး တင်စကားကိုပြောနေချိန်မှာ ဟာသသရုပ်ဆောင်ဇော်ဇော် အောင်က စင်ပေါ်တက်ပြီး ရေဘူးပေးကာ သရုပ်ပျက်ဟန်ပန် လုပ်ခဲ့သည်ကလည်း ပွဲကိုရုပ်ဆိုးစေခဲ့ပါတယ်။

တကယ်ဆိုလျှင် အခမ်းအနားမှူးက ပွဲကိုအချိန်မီဝင်ထိန်းလိုက်သင့်ပါတယ်။ပြီးတော့အခမ်းအနားမှူးအဖြစ်   ပါဝင်တဲ့အကယ်ဒမီများရှင်ရန်အောင်ကလည်း စိတ်လှုပ်ရှားလို့လား အတွေ့အကြုံမရှိလို့လားမသိ။ ပြောစကားတွေက အယောင်ယောင် အမှားမှားကိုဖြစ်လို့၊ ပူးတွဲအခမ်းအနားမှူးဒေါ်တင်မိုးလွင်က ဖေးကူသွားတာကို သတိပြုမိပါတယ်။

 နောက် ငိုအားထက်ရယ်အားသန်ခဲ့ရတာကတော့ မင်းသမီးဇာတ်ဆောင်ဆုကို ကြေညာအပြီးမှာဆုရှင်ဝတ်မှုံရွှေရည်ကို ပွဲခင်းထဲမှာရှာမတွေ့ဘဲ ပရိသတ်ရှေ့ဆုံးကပေါ်လာတာကို စင်ပေါ်ကနေ ရန်အောင်က‘‘စိတ်လှုပ်ရှားလို့ မင်းသမီး (Toilet) အိမ်သာသွားနေတာပါ’’လို့   ပြောလိုက်တဲ့အခါမှာတော့ ကြည့်နေသူတွေ ပွဲကျသွားပါတယ်။

နောက်ရုပ်သံလိုင်းကတိုက်ရိုက်ပြနေတာကို စိတ်လှုပ်ရှားလို့ လား၊ မေ့သွားတာလားမသိတဲ့ ဥက္ကဋ္ဌလူမင်းက ပြေတီဦးကိုရင်းနှီးခင်မင်စွာနဲ့  ဆဲဆိုရင်း  ဂုဏ်ပြုစကားဆိုလိုက်တဲ့စကားကိုတိုက်ရိုက်ထုတ်လွှင့်ရာကတစ်ဆင့် ကြားလိုက်ရတဲ့ ပရိသတ်က အံ့အားသင့်ခဲ့ရပြီးလူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ အချိန်နဲ့ တစ်ပြေးညီ အဲဒီအကြောင်းတွေ ပလူပျံသွားခဲ့ပါတယ်။ အကယ်ဒမီဆုရရှိသူတွေစာရင်းအတိအကျက တစ်ရက်ကြိုပြီး အွန်လိုင်းမှာပျံ့နှံ့နေခဲ့တာကိုလည်း ပရိသတ်တချို့က မချိတင်ကဲဖြစ်ခဲ့ကြ ပြီးဝေဖန်ခဲ့ကြပါတယ်။

http://7daydaily.com/story/28073

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...