စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိန်အလုံးရေ ၃ဝဝဝဝ ပါဝင်သည့် ထူးဆန်းသော ကျောက်တုံးတစ်တုံး


စိန်အလုံးရေ ၃ဝဝဝဝ ပါဝင်သည့် ထူးဆန်းသော ကျောက်တုံးတစ်တုံးကို ရုရှားသတ္တုတွင်းတူး လုပ်သားများ ရှာဖွေတွေ့ရှိ

  မော်စကို ဒီဇင်ဘာ ၂၂

စိန်အလုံးရေ ၃ဝဝဝဝ ပါဝင်သည့် ထူးဆန်းသော အသွင်သဏ္ဌာန်ရှိ ကျောက်တုံးတစ်တုံးကို ရုရှားနိုင်ငံရှိ သတ္တုတွင်းတစ်ခု၌ လုပ်သားများက ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပီတီအိုင် သတင်းဌာနမှ ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြသည်။

အနီရောင်နှင့် အစိမ်းရောင် စပ်ထားသည့် အဆိုပါ ကျောက်တုံးကို သတ္တုတွင်း လုပ်သား များက နိုင်ငံအတွင်းရှိ သတ္တုတွင်းကြီး တစ်ခုဖြစ်သည့် အူဒက်ခ်ျနာယာ တွင်းမှ ယခု သီတင်းပတ် အကုန်ပိုင်းက တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။ လုပ်သားများသည် ယင်းကျောက်တုံးကို တူးဖော် ရရှိပြီးနောက်တွင် အဆိုပါ ကျောက်တုံးမှာ အခြား သာမန်ကျောက်တုံး များကဲ့သို့ မဟုတ်ဘဲ ပုံမှန်မဟုတ်သည့် ကျောက်တုံးတစ်တုံး ဖြစ်သည်ကို သတိထား မိခဲ့ကြသည်။

၃ဝ မီလီမီတာ ပမာဏရှိ အဆိုပါ ကျောက်တုံးတွင် စိန်ပွင့်ငယ်ပေါင်း ၃ဝဝဝဝ ပါရှိပြီး ယင်းစိန်ပွင့်များမှာ တစ်ပြိုင်နက်တည်း ဖွဲ့စည်းခဲ့ဖွယ် ရှိကြောင်း ဘူမိဗေဒ ပညာရှင် တစ်ဦးဖြစ်သူ လဲရီတေလာက ပြောကြားထားသည်။

အဆိုပါ ကျောက်တုံးကို စကင်နာ ဖတ်၍ စစ်ဆေးခဲ့ရာတွင် ယင်းကျောက်အတွင်းရှိ စိန်ပွင့်ငယ်များသည် အတွဲလိုက် ဖွဲ့စည်းလျက်ရှိပြီး စိန်ပွင့် တစ်ပွင့်စီ၏ ပမာဏမှာ ၁ မီလီမီတာသာရှိကြောင်း တေလာနှင့်ရုရှား သိပ္ပံတက္ကသိုလ်မှ သုတေသီများက တွေ့ရှိ ခဲ့ကြသည်။ သို့ရာတွင် အဆိုပါ စိန်ပွင့်လေးများ၏ သေးငယ်သည့် အရွယ်ပမာဏမှာ တန်ဖိုး ကြီးမားခြင်း မရှိသောကြောင့် ယင်းကျောက်တုံးကို လေ့လာနိုင်ရန် အတွက် ရုရှားသိပ္ပံ တက္ကသိုလ်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...