စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆောင်းရာသီတွင် မျက်နှာအသားအရေ ပိုမိုဂရုစိုက်သင့်


ဆောင်းရာသီကာလတွင် မျက်နှာအသားအရေ ခြောက်သွေ့ပြီး တင်းနေတတ်သည်။ ယခုလို အချိန်တွင် မျက်နှာကို ပိုမိုဂရုစိုက်ပြီး သန့်စင်ရေးလုပ်သင့်သည်။

မျက်နှာသန့်စင်ရေးလုပ်ခြင်းဖြင့် သင်၏ မျက်နှာစင်ကြယ်သွားစေပြီး အသားအရေ၏ အစိုဓာတ်ကို ထိန်းပေးထားနိုင်သည်။ ရာသီ ဥတု အေးမြလာသည်နှင့်အမျှ အသားအရေ ခြောက်သွေ့ပြီး ယားယံ လာတတ်သည်။ မျက်နှာသန့်စင်ရေးလုပ်ရာတွင် အသုံးပြုသောပစ္စည်းများမှာ ခရင်မ်ကို အခြေခံထား၍ အသားအရေကို အချိန်ကြာမြင့်စွာ အားဖြည့်ပေးနိုင်သည်။

မျက်နှာသန့်စင်ရေး လုပ်ခြင်းဖြင့် အစိုဓာတ်ထိန်းသိမ်းခြင်း အပြင် ခြောက်သွေ့သော မျက်နှာအစိတ်အပိုင်းများအတွက် လိုအပ်သောရေဓာတ်ကိုထိန်းသိမ်းပေးနိုင်သည်။
ဆောင်းရာသီမှာပင် အရေပြားပေါ်တွင် ဆဲလ်အသေများ စုပြုံလာတတ်သည်။ ချွေးထွက်ခြင်းလည်း နည်းပါးသည်။ မျက်နှာသန့်စင်မှုပြုလုပ်ခြင်းဖြင့် လိုအပ်သော ဗီတာမင်များ ဖြည့်တင်းပေးပြီး ဆဲလ်အသေများကို ဖယ်ရှားပေးနိုင်သည်။

အရေပြားအတွက် အာဟာရဖြည့်တင်းပေးပြီး အစိုဓာတ် ထိန်းပေးသော မျက်နှာအတွက် အလှကုန်ပစ္စည်းအသုံးပြုခြင်းဖြင့် အရေပြားအစိုဓာတ်ကို အချိန်ကြာမြင့်စွာ ထိန်းပေးထားသည်။ အလှပြင်ပညာရှင်များကလည်း နို့နှင့် ခရင်မ်အခြေခံမျက်နှာသန့်စင်ပစ္စည်းများ သုံးစွဲကြသဖြင့် သင်၏ အသားအရေကို ပျော့ပျောင်းပြီး သန့်ရှင်းတောက်ပစေမည် ဖြစ်သည်။

http://7daydaily.com/story/27199#.VJbnav88EM

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...