စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိုင်ငံတကာသတင်းများ (ဒီဇင်ဘာ ၂၉ရက်)


 
အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားသော AirAsia လေကြောင်းလိုင်းမှ QZ8501 လေယာဉ် အပိုင်းအစများဖြစ်ဖွယ်ရှိသည့် အပျက်အစီးများကို လေယာဉ်စတင် ပျောက်ဆုံးသွားသည့်နေရာမှ ကီလိုမီတာ ၁၁၂၀ တွင် သြစတြေးလျ လေယာဉ်များက တွေ့ရှိရကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြထားသည်။

မုန်တိုင်းဖြစ်ပေါ်နေသည့် တိမ်တိုက်များကို သွေဖယ်နိုင်ရန်အတွက် အမြင့်ပေ ၃၂၀၀၀တွင် မောင်းနှင်ရာမှ အမြင့်ပေ ၃၈၀၀၀သို့ ပျံတက်မောင်းနှင်ရန် လေကြောင်းထိန်းသိမ်းရေးအဖွဲ့က အကြောင်းကြားခဲ့သော်လည်း အမြင့်ပေ ၃၄၀၀၀တွင် အခြားလေယာဉ်တစ်စီး ရှိနေခြင်းကြောင့် အဆိုပါအကြောင်းကြားမှုကို QZ8501 လေယာဉ်မှူးတစ်ဦးက ငြင်းဆန်ခဲ့ကြောင်း ဒေးလီးမေးလ်က ဆက်လက်ဖော်ပြသည်။

ပြီးခဲ့သည့် ၃နှစ်အတွင်း ဗိုလ်သင်တန်းကျောင်းများတွင် စီနီယာကျသည့် ဗိုလ်လောင်းများက ၎င်းတို့ထက် အသက်ငယ်သည့် ဗိုလ်လောင်းများကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပြီး ယင်းအတွက်ကြောင့် ဗြိတိန်ကာကွယ်ရေး ၀န်ကြီးဌာနမှာ နစ်နာကြေး ၁၃ကြိမ် ပေးခဲ့ရကာ စုစုပေါင်း ကုန်ကျငွေ ပေါင် ၂သန်းကျော် ရှိကြောင်း ဒေးလီးမေးလ်က ဖော်ပြသည်။
 
စနှိုးဝိုက်နှင့် လူပုလေး ၇ဦး ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရာမှ ချစ်ကြိုးသွယ်ခဲ့သည့် နာသန်နှင့် လော်ရာတို့မှာ သားယောင်္ကျားလေး ဖွားမြင်ခဲ့ကြောင်း သိရသည်။

ဂရိနိုင်ငံ ပတ်ထရော့ကျွန်းမှ အီတလီနိုင်ငံ အန်ကွန်နာကျွန်းသို့ ထွက်ခွာလာသည့် ကားတင် ကူးတို့ယာဉ်မှာ ကူဖူးကျွန်းအနီး မီးလောင်ခဲ့ပြီး ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်မှု လုပ်ခဲ့ရာတွင် ကူးတို့ယာဉ်ပေါ်ပါသည့် လူ ၄၇၈ဦးအနက် ၄၁၉ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အီတလီရေတပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ဂရိအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လူ ၅ဦး သေဆုံးခဲ့ပြီး ၅၉ဦးမှာ ကူးတို့ယာဉ်ပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ြေ
 မြောက်ကိုရီးယားခေါင်းဆောင် ကန်ဂျုံအန်ကို လုပ်ကြံသည့်အကြောင်း ဟာသရိုက်ကူးထားသည့် The Interview ဇာတ်ကားမှာ ရုံတင်သည့် ပထမ သီတင်းပတ်အတွင်း အွန်လိုင်းရောင်းချမှုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၁၅သန်းရရှိခဲ့ပြီး ရုံဝင်ကြေး ၂.၈သန်း ရရှိခဲ့သည်ဟု Sony ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Nz (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/819438858099368

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...