စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခရစ်စမတ် ဘိုးဘိုးကြီး တစ်ဖြစ်လဲ ကန်သမ္မတဟောင်း ဂျော့ဘွတ်ရှ်

                      



အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူ ဘွတ်ရှ်ကို သိကြမှာပါ။ သက်တမ်း နှစ်ကြိမ် ရွေးကောက်တင်မြောက်ခံခဲ့ရပြီး သမ္မတ ရာထူးကနေ အနားယူသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်ကနေ ရပ်မသွား ပါဘူး။

နိုင်ငံတကာသို့ နိုင်ငံရေးခရီးစဉ် သွားခြင်း၊ ဆွေးနွေး ဟောပြောပွဲများ ပြုလုပ်ခြင်း အပြင် အရေးကြီး အကြပ်ကြုံတဲ့ နိုင်ငံရေး အခြေအနေမှာ အိမ်ဖြူတော်က ဆင့်ခေါ်ရင် ပြန်သွားလို့ အကြံပေးနေရပါသေးတယ်။ အနားယူသွားပေမယ့် တန်ဖိုး လျော့မသွားပဲ တန်ဖိုး တက်နေတဲ့ လူတစ်ယောက်ပါပဲ။ တက္ကဆက်ပြည်နယ်က Dallas မြို့ က ဆေးရုံ တစ်ရုံမှာ ခရစ်စမတ်ဘိုးဘိုး တစ်ယောက် လက်ဆောင်ပေးသွားလို့ ဘယ်သူများလည်း ကြည့်လိုက်တော့ ဂျော့ဘွတ်ရှ် ဖြစ်နေပါတယ်။

သမ္မတ အဖြစ်မှ အနားယူသွားပေမယ့် သူ့ကို လူအများ ချစ်ခင်လေးစားလျက် ရှိနေ သေးပြီး ဆေးရုံပေါ် လည်ပတ်သွားကြောင်းကို ကလေးရဲ့ မိခင်တွေကို Facebook မှာ ဓာတ်ပုံတင်ပြီး ဂုဏ်ယူခဲ့ကြ ပါတယ်။ ဖျားနားနေတဲ့ ကလေးများထံ သွားရောက်လို့ အရုပ်များ၊ စားစရာများ အပြင် ငွေကြေး များပါ ခရစ်စမတ်ဘိုးဘိုး တစ်ဦး ပီးပီ ရက်ရက်ရောရော ပေးအပ်ခဲ့ပါတယ်။
.
Ref: Dailymail
ေ အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...