စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရိကန်ရဲ့ ရေပေါ်သွား ဆေးရုံ ၂ ရုံ





အမေရိကန်စစ်တပ်မှာ ကုတင် ၂ ထောင်ဆံ့တဲ့ ရေပေါ် ဆေးရုံ သင်္ဘောကြီး ၂ စီး ရှိပါတယ်။ ၁၉၇၀ ကျော်တွေမှာကတည်းက တည်ဆောက်ပြီး ၁၉၈၀ ကျော်မှာ စတင် ပြေးဆွဲနေပါပြီ။ စစ်ဖြစ်ခဲ့ရင်၊ သဘာဝဘေးအန္တရာယ်တို့ ကြုံတွေ့ခဲ့ရင် အသုံးပြုလို့ရမယ့် အရေးပေါ် ဆေးရုံ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ကတည်းက အသုံးပြုနေပါပြီ။

  ရေပေါ်ဆေးရုံ သင်္ဘောကြီး တစ်စီးတစ်စီးမှာ ဝန်ထမ်းအင်အားချည်းကို ၁၄၀၀ လောက်အထိ ပါဝင်ပြီး လူနာများအတွက် ကုတင် ၁၀၀၀ ပါဝင် ပါသေးတယ်။ ဒါကြောင့်မို့ လူအင်အား ၂၅၀၀ ဝန်းကျင်လောက် ဆံ့တဲ့ ဆေးရုံ သင်္ဘောကြီးလည်း ဖြစ်ပါတယ်။ အရှည်အားဖြင့် ပေ ၉၀၀ ဝန်းကျင် အထိ ရှိပြီး ၁၀၅ ပေကျယ် ဗျက် အကျယ် ရှိပါတယ်။ သူ့ကို ယနေ့မှာလည်း အမေရိကန်မှာ အသုံးပြုလို့ ကမ္ဘာပတ်လျက် ရှိပါတယ်။ အဓိက အားဖြင့် အာဖရိကနဲ့ အာရှ ဝန်းကျင် ပင်လယ်ပြင် တို့မှာ ပတ်ပြီး ဆင်းရဲတဲ့ နိုင်ငံတွေ က နိုင်ငံသားများ ကို ဆေးလိုက်ကုပေးနေ ပါတယ်။

ယင်းအတွက် သွားလာရေး စရိတ်အပြင် ဆေးကု ကုန်ကျစရိတ်ဟာလည်း အမေရိကန်ဒေါ်လာ သန်းနဲ့ချီ၊ ဘီလျံနဲ့ချီပြီး ရှိနေပေမယ့် အမေရိကန် နဲ့ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ဆောင်ရွက်လျက် ရှိပါတယ်။
.
Ref: wiki
  အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...