စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Gluatathione အသားဖြူ ဆေး အကြောင်း သိကောင်းစရာ

ယခုတလော ခေတ်စားနေတဲ့ Gluatathione အသားဖြူ ဆေး အကြောင်း သိကောင်းစရာ


  ဂလုသာသိုင်အုန်း Glutathione ဆိုတာ ကျွန်တော် တို့ ကိုယ်ခန္ဓာထဲ ရှိ အသည်းမှ သဘာဝ အလျောက်ထုတ်ပေးနိုင်သည်။ အသီး ဟင်းသီးဟင်းရွက် အသား များတွင်လဲတွေ့ နိုင်သည်။ ၄င်း ကို အဓိက သုံးတာက ကင်ဆာ သမားများ ဆေးသောက်ရာတွင် ကင်ဆာဆေးဒဏ် ခံရမှု လျော့နည်းစေရန် ဖြစ်ပါတယ်။ အခြား ရောဂါများဖြစ်သည့် ရေတိမ် နှလုံးသွေးကြောရောဂါများ စသည်တို့ တွင်သုံးသော်လဲ တကယ်အစွမ်းထက်မထက် ကိုယနေ့ တိုင်သက်သေ မပြနိုင်သေးပေ။ FDA Director တစ်ယောက်ဖြစ်သည့် Suzette Lazo ကတော့ glutathione ကိုအသားဖြူဆေး အဖြစ် တရားဝင်သတ်မှတ်ထားခြင်း မဟုတ်ဟု ပြောဆိုခဲ့ပါတယ်။


glutathione ရဲ့  ဆိုးကျိုး အနေနဲ့ တစ်ခုအပါအဝင်ဖြစ်တဲ့အသား ဖြူလာခြင်းကိုလူအများ က အသားဖြူဆေးအဖြစ် သုံးစွဲကြခြင်းဖြစ်ပါတယ်။ Glutathione ထိုးဆေးကို အသားဖြူရန်သုံးသူများအနေဖြင့် သိသင့်သည့် အခြားဆိုးကျိုး များကတော့ ဆံပင်ကျွတ်ခြင်း၊ လက်သည်းခွံပေါ် အဖြူစက်များပေါ်ခြင်း၊ ခြေဖျားလက်ဖျား ထုံကျဉ်ခြင်း၊ ဂတုန်ဂရင်ဖြစ်ခြင်း၊ စိတ်ကျခြင်း စိတ်တိုလွယ်ခြင်း၊ Allergy များဖြစ်ခြင်း၊ Stevens- Johnson Syndrome ၊ ပိုးဝင်ခြင်း၊ အနာရွတ်ကျန်ခြင်း၊ နာကျင်ရောင်ရမ်းတာတွေဖြစ်တတ်ကြောင်း သိထားသင့်ပါသည်။

Glutathione လုံးဝ (လုံးဝ) မသုံးသင့်သူများကတော့ ကျောက်ကပ် အသည်း အားနည်းသူ ရောဂါရှိသူ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်များ နှင့်ပန်းနာရင်ကြပ် ရှိသူများ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ကိုပိုဆိုးစေပြီး ဝမ်းပျက်ခြင်း ဗိုက်နာခြင်းများ ဖြစ်စေတတ်ပါတယ်။

ညီငယ်ညီမငယ်များ အားလုံး သေချာ ဖတ်ပြီး share ပေးစေချင်ပါသည်။

Credit to : သိလိုရာမေး online ဆေးခန်း

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.26339690

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...