စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သွားနာ သွားကိုက် သွားဖုံးရောင်ရောဂါပျောက်ဆေးနည်း



လူအတော်များများသည် သွားနာခြင်း သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားနဲ့ခြင်းများကို မကြာခဏ ဖြစ်တတ်ကြ သည်၊ထိုရော ဂါအတွက် ဆေးနည်းတွေက လည်းပေါများလှဘိ၏၊ ဖော်စပ်ရောင်းချနေ ကြသော ဆေးနည်းများကလဲ ခေတ်မှီနည်းေ ရာ ရှေးေ ခတ်နည်းပါ အများအပြား ရောင်းချနေကြ၏။


သို့ရာတွင် ၀ယ်ယူသုံးစွဲကြည့်သောအခါ ချက်ချင်းလက်ငင်း ယူပစ်လိုက်သလို ပျောက်ကင်းသွားသော ဆေးဟူ၍ တစ်နိုင်ငံ လုံးကျော်ကြားသွားလောက်အောင်မတွေ့ဖူးသေးပါ၊ အဆင်သင့်သောအခါ ပျောက်ကင်းသွားတတ်၍ အဆင်မသင့်လျင် မထူးခြားပဲ ရက်ရှည်ခံစားနေရသည်က များ၏။


လက်တွေ့ ဆေးနည်း
ဤအရှင်၏ ကိုယ်တွေ့ကိုရေးပြမည်၊ ဤအရှင်သည် တောင်ပေါ်၌ ပြောင်းဖူးပေါ်ချိန်ရောက်လျင် ပြောင်းဖူးပြုတ် မီးဖုတ်တွေ ဆက်တိုက်စားမိသောအခါ နှစ်စဉ်ပုံမှန်ကဲ့သို့ သွားနာ သွားကိုက် သွားဖုံးရောင် ရောဂါ ခံစားရတတ်၏။ ဤအရှင်၏ လက် သုံးဆေးနည်းမှာ ရေနွေးပူပူတွင်ဆားအနည်း ငယ်ထည့်၍ ငုံပေးခြင်းဖြစ်သည်၊ တစ်ကြိမ်လျင် (၆) ခါလောက် ဆက်တိုက် ငုံပေးရသည်၊ ခံတွင်းမှ ရေနွေးအေးစ ပြုလျင် ထွေးထုတ်ပစ်လိုက်ပြီး ဆက်တိုက် ငုံပေးရသည်၊ သွားနာ သွားကိုက်ကို လတ်တလောတော့ သက်သာသွားစေသည်။


အကောင်းဆုံးဆေးနည်း ဆား
ထို့အပြင် ဤအရှင် သုံးနေကျဆေးတမျိုးကား ဟင်းခတ်ဆားကို နာနေသော သွားများပေါ်တွင် လက် ညှိုးဖြင့် သွားတိုက် သကဲ့သို့ ပွတ်တိုက်ပေးပြီး မိနစ်အနည်းငယ်ကြာအောင် ဆားနည်းနည်းကို ငုံထားရမည်၊ ညအိပ်ရာဝင်ခါနီး ဆားနည်း နည်းဖြင့် သွားတိုက်၍ ငုံရင်း အိပ်ပေးပါ၊ နံနက်အိပ်ရာမှ ထသောအခါ နာခြင်းကိုက်ခြင်းများသွားဖုံးရောင်ခြင်းများ ကောင်း နေပုံ ကို တွေ့ ရမည်၊
နေ့စဉ် နံနက် အိပ်ရာမှ ထလျင်လည်း ဆားနည်းနည်းဖြင့် သွားပေါ်၌ ပွတ်တိုက်ပေးပြီး တစ်နာရီ ခန့်ဖြစ်စေ နာရီဝက် ခန့်ဖြစ်စေ ငုံသွားပေးပါက တစ်သက်လုံးသွားရောဂါပျောက်ကင်းကြောင်း လက်တွေ့သိကြရပါလိမ့် မည်။


နတ်ဆေးဂမုန်း သွားနာပျောက်ဆေး
ဤအရှင်သုံးနေကျ ဆေးတမျိုးကား နတ်ဆေးဂမုန်းကို ၀ါး၍ ငုံထားပေးခြင်း ဖြစ်သည်၊ နတ်ဆေးဂမုန်းကို လှီးပြီး အခြောက် ကို ကွမ်းသီးဝါးသကဲ့သို့ ၀ါးရင်း ငုံထားပေးပါ၊ ညအိပ်ရာဝင်ခါနီး ၀ါးရင်း ငုံ၍ အိပ်လိုက်ပါ၊ နံနက်ထလျင် သွားနာပျောက် နေပုံနှင့် နဲ့နေသောသွားများ ခိုင်နေပုံ၊ သွားဖုံးရောင်ခြင်း မရှိတော့သည်ကို လက်တွေ့ သိရပါလိမ့်မည်။


အထူးသတိပြုရန်မှာ- သွားနာ သွားကိုက် သွားဖုံးရောင် ရောဂါခံစားနေရချိန်တွင် အချိုစားခြင်း၊ အချိုရည်များ သောက် သုံးခြင်းမပြုရန် လိုအပ်သည်။ သွားနာရောဂါကို အခြေအနေ ပိုမိုဆိုးရွားစေသောကြောင့်ဖြစ်သည်၊ ဗမာတို့ လက်သုံးဆေး နည်းတွေ များစွာ ရှိ၏၊ သို့သော်လိုရင်း အကောင်းဆုံး အလွယ်ဆုံးကို ရေးပြပြီးဖြစ်၍ ဤမျှလောက် ဆိုလျင် လုံလောပါပြီ။
Rf. တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ နှာ-၁၅၅-၆
Soe Lwin

https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.26339

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...