စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးဖက်ဝင် ငါးပိရည်ဖျော်နည်း

.. ငါးပိရည်ကြိုက်သူများအတွက် .. ဆေးဖက်ဝင် ငါးပိရည်ဖျော်နည်း

ကျွန်မတို့ နေ့စဉ်ထမင်းမြိန်စေတဲ့ ငါးပိရည်ဟာ စားလို့တော့ကောင်းပါရဲ့။ ငါးပိရည် ဘယ်လိုဖြစ်လာ တာကို သိသူနည်းပါးပါလိမ့်မယ်။ ဒါကြောင့် ဆေးဖက်ဝင် ငါးပိရည်ဖျော်နည်းအကြောင်း မပြောခင် ဦးစွာပထမ ငါးပိလုပ်နည်းကို ပြောပြချင်ပါတယ်။

ငါးပိတစ်ပိဿအတွက် ငါးတစ်ပိဿနှစ်ဆယ့်ငါးကျပ်သားလောက် ဝယ်ရပါမယ်။ ငါးပြေမကတော့ ပြောစမှတ်ဖြစ်ရအောင် အချိုဓာတ်လေးလေးပင်ပင်ရှိလှပါတယ်။ ဈေးမှာ လွယ်လွယ်ဝယ်လို့ရတဲ့ ငါးရံ့ ငါးခူ၊ ငါးကျည်း၊ ငါးမြွေထိုးစတဲ့ ရေချိုငါးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဦးစွာငါးတွေကို ဗိုက်ခွဲအူထုတ်ပြီး ရေပြောင်အောင်ဆေးပေးပါ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက်ပို၍ မကြီးသင့်ပါဘူး။ ငါး အကောင်ကြီးရင်တော့ ထက်ခြမ်းခွဲသင့်ပါတယ်။ ဒါမှသာနေလှန်းတဲ့အခါ ပထမနေ့မှာပဲ အစိုဓာတ် နည်းသွားမှာပါ။ ဆားနယ်တဲ့အခါမှာ ပုံမှန်ဟင်းချက်တာထက် ပိုပြီးနယ်ရမှာပါ။ သို့သော်ဆားထည့်များ ရင် ငန်လွန်းနေပြီး ဆားနည်းရင်တော့ ငါးတွေ ပုပ်တတ်ပါတယ်။ သဘာဝနည်ဖြစ်လို့ အချိုမှုန့်နဲ့ ယမ်း စိမ်း လုံးဝထည့်စရာ မလိုပါ။


 (သတိပြုရန်။ ငါးနေလှန်းတဲ့အခါ ယင်ကောင်များနားပါက၊ ဥချခဲ့ရင်ငါးပိ ထဲမှာ လောက်ကောင်များတွေ့ရတတ်လို့ ယင်းမနားပါစေနှင့်) ငါးခြောက်ဖြစ်တဲ့အထိ နေမလှန်းဘဲ အစိုဓာတ်ထက်ဝက်ကျော်လျော့ကျသွားချိန်မှာ ငရုတ်ဆုံထဲထည့်ပြီး ထောင်းပေးပါ။ သို့သော်အထူး ညက်စရာမလိုပါ။ ငါးပုံပျက်ပြီး အနည်းငယ်ပဲ့ရွဲ့၍ ဖိသိပ်ထည့်လို့ရတဲ့ အနေအထားထိပျော့ပျောင်းလာ ရင်တော့ ပလတ်စတစ်ဘူး၊ ဖန်ဘူးများထဲ သိပ်ထည့်ထားပါ။ ပြီးရင်အပေါ်မှ ဆားများကိုဖြူး၍ (အနည်းဆုံး လက်တစ်ဆုပ်ခန့်) အဖုံးကိုလုံအောင် ပိတ်ထားလိုက်ရုံပါပဲ။ ယခုလို သဘာဝနည်းဖြင့် ငါးဖြင့်ငါးပိလုပ်နည်းက ငါးကလေးဆိုရင် နှစ်လခွဲခန့်ကြာမှာဖြစ်ပြီး ငါးကြီးဆိုလျှင် သုံးလခွဲခန့် ကြာနိုင် ပါတယ်။ ငါးပိနပ်လို့ အိုးစဖွင့်တယ်ဆိုရင်ပဲ ငါးပိအိုးတက်ရည်များကို တွေ့ရပါလိမ့်မယ်။ အဲဒီအိုးတက် ရည်တွေဟာ သဘာဝငါးပိမှထွက်တဲ့ ငံပြာရည်များဖြစ်လို့ ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါတယ်။ ဒီအတိုင်းသုံးရင် အနံ့မကောင်းတဲ့အတွက် အိုးထဲမှငန်ပြာရည် (အိုးတက်ရည်) များကို ခပ်ယူပြီးပွက် ပွက်ဆူအောင် ကျိုချက်ထားရပါမယ်။ ငံပြာရည်အချိုကြိုက်ရင် သကြားထည့်ပေးနိုင်ပါတယ်။ ပြီးရင် ပုလင်းအလွတ်တစ်လုံးထဲမှာသိမ်းပြီး သဘာဝငါးငံပြာရည်စစ်စစ်အဖြစ် လိုသလိုအသုံးပြုနိုင်ပါတယ်။ ဒါဆိုရင်ဖြင့် အိမ်ရှင်မများ မိမိအိမ်မှာ ငါးပိလုပ်ရင်း၊ ငါးငံပြာရည်စစ်စစ်ကိုပါ သုံးစွဲလို့ရပါပြီ။

ဆေးဖက်ဝင် ငါးပိရည်ဖျော်နည်း

ငါးပိဆိုတာ ငါးကိုရေဆေး၊ ဗိုက်ခွဲကာအူတွေထုတ်ပြီး ဆား (အငန်ဓာတ်တွေ) နဲ့ အပုပ်ခံလုပ်ထားတာ မို့လည်း ငါးပိရည်က စားလို့တော့ကောင်းပါရဲ့ အငန်ဓာတ်ကဲနေပါတယ်။ ဒါ့ကြောင့်လည်း သွေးတိုး ရောဂါသည်များနှင့် ဝက်ခြံပေါက်သူများက ထမင်းဝိုင်းမှာ ငါးပိရည်ရနံ့ မွှေးမွှေးလေးကို စိတ်ရှိတိုင်း မစားရဲကြပါဘူး။ သို့သော်အထက်မှာ ဖော်ပြထားသလို သဘာဝနည်းနဲ့ပြုလုပ် ဖော်စပ်ထားတဲ့ ငါးပိ ရည်ကို ဆေးဖက်ဝင်အောင်ဖော်၍ သင့်တင့်တဲ့ပမာဏ စားခြင်းဟာလူကိုဘေးထွက်ဆိုးကျိုးမဖြစ်စေပါ ဘူး။

ဦးစွာ ငါးပိရည်ကျိုတဲ့အခါမှာ နနွင်း(စနွင်း)မှုန့်ကိုထည့်၍ ကျိုပေးရမှာပါ။ ဘာကြောင့်လဲဆိုရင် နနွင်း မှုန့်က အညှီအဟောက်များကို လွန်စွာပြေပျောက်စေတဲ့အပြင်၊ အရောင်လှပရုံသာမက ငါးပိရည်၏ အနံ့နှင့်အရသာကိုပါ ပိုကောင်းစေနိုင်လို့ပါပဲ။ နနွင်းနှင့်ရောကျိုပြီး ပွက်ပွက်ဆူလာတဲ့အခါ အိုးပေါ်မှချ ၍ထောင်းထားတဲ့ ကြက်သွန်ဖြူနိုင်နိုင် ထည့်ပေးလိုက်ခြင်းဖြင့် စားချင့်စဖွယ် ‘ဆေးဖက်ဝင်ငါးပိဖျော် ရည်’ ရပါပြီ အစပ်ကြိုက်သူများက ငရုတ်သီးစိမ်းကို လှော်၍ထောင်းထည့် စားနိုင်ပါတယ်။ ငရုတ်သီး စိမ်းလှော်က ငါးပိရည်ရနံ့ကို ပို၍ဆွဲဆောင်မှုဖြစ်စေရုံသာမက၊ ငရုတ်သီးစိမ်းစားလို့ ဗိုက်နာခြင်းမှ လည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ (ငရုတ်သီးအကျက်မှုန့်ကိုမှ ကြိုက်သူများကလည်း မိမိအ လိုရှိသလို ထည့်လို့ရပါတယ်) ဆေးဖက်ဝင် ငါးပိရည်ဖျော်အတွက် အချိုမှုန့်မထည့်သင့်ပါဘူး။ အချိုမှုန့် အစား ပုစွန်ခြောက်မှုန့် အနည်းငယ်ထည့်ပေးနိုင်ပါတယ်။ (သို့မဟုတ်) မိမိအဆင်ပြေရာ ပြုတ်ထား သော ငါးကျည်း၊ ငါးကြင်း၊ ငါးမြစ်ချင်း အသားအနည်းငယ်ကို အရိုးနွှင်၍ ငါးပိရည်ထဲ ခတ်ပေးနိုင်ပါ တယ်။

ထမင်းဝိုင်းပြင်ခါနီးမှာ ငါးပိရည်ခွက်ထဲကို သံပရာရည်ညှစ်ထည့်ပေးလိုက်ပါဦး။ သံပရာရည်က သွေး တိုးကိုထိန်းပေးနိုင်သလို မြန်မာ့အကြိုက်ချဉ်၊ ငန်၊ စပ်အရသာ ပြီးပြည့်စုံတဲ့ ငါးပိရည်တစ်ခွက်ရပါပြီ။ (အတို့အမြှုပ်အဖြစ် မန်ကျည်းသီးဖြင့် ပြုတ်ထားသော ကန်စွန်းရိုးနီ၊ ဖန်ခါးသီး၊ ဆီးဖြူသီး၊ သခွားသီး၊ ဖရဲသီးငယ်၊ သို့မဟုတ် ဘူးသီးပြုတ်၊ ခရမ်းကြွပ်သီး၊ ပူဒီနာရွက်၊ မုန်လာဥနီ၊ ချဉ်ဖတ်အမျိုးမျိုး၊ ရေနွေး ဖြောထားတဲ့ ပဲစောင်းခါးသီး၊ ဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ကနဖော့၊ မှိုနတို၊ စာကလေးခြေထောက်၊ ပဲပုစွန်စ တဲ့ သဘာဝဟင်းသီးဟင်းရွက်များကို ငါးပိရည်ဖြင့်တွဲဖက်စားခြင်းဖြင့် ခံတွင်းလိုက်စေလို ဆေးဖက် လည်းဝင်စေမှာ အမှန်ပါ။


https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...