စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငရဲပြည် အဝင်ဝ (Door to Hell)





ငရဲပြည်အဝင်ဝ (Door to Hell) လို့ အမည်ပေးထားတဲ့ မီးလောင်တွင်းကြီးဟာ အရှေ့အလယ်ပိုင်းဒေသက တာ့ခ်မင်နစ္စတန် နိုင်ငံက သဲကန္တာရတစ်ခုတည်းမှာ ရှိပါတယ်။ ယင်းတွင်းမျာ လေ့လာချက်အရ မနားတမ်း မီးလောင်မြိုက် နေတာ နှစ် ၄၀ မကတော့ ပါဘူး။

၁၉၇၁ ခုနှစ်တုန်းက ဆိုဗီယက်အင်ဂျင်နီယာတို့ စတင်တွေ့ရှိပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို များစွာ ပြုလုပ်ခဲ့ပါတယ်။ ယနေ့တိုင်လည်း ယင်းတွင်းနဲ့ မြေ နေရာ တစ်ဝိုက်ဟာ ကမ္ဘာပေါ်မှာ ဓာတ်ငွေ့ အများဆုံး ထွက်ရှိတဲ့ ထိပ်တန်း နေရာ ၁၀ ခု စာရင်းထဲ ပါဝင်နေပါသေးတယ်။ တာ့ခ်မင်နစ္စတန် နိုင်ငံ အစိုးရဟာ ယင်းနေရာ မှ တူးဖော် စုဆောင်းမိတဲ့ ဓာတ်ငွေ့များကို တရုတ်၊ ပါကစ္စတန်၊ အီရန်၊ ရုရှား၊ အိန္ဒိယ နဲ့ အခြားသော အနောက် ဥရောပ နိုင်ငံအချို့များ ထံသို့ ရောင်းချနေပြီး နောက်နှစ်ပေါင်း ၂၀ လောက်အထိကို ယနေ့ထွက်နေတဲ့ အားတဲ့ ဆက်လက်ထွက်ရှိအုံးမယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။ သဘာဝက ပေးလိုက်တဲ့ လက်ဆောင်ဆိုလည်း မမှားပါဘူး။

ဓာတ်ငွေ့တွေဟာ များပြားပြီး တွင်းထဲ ကနေတောင် ပြန်လည်လောင်မြိုက်နေ ပါတယ်။ ချောရည်ပူများ၊ မီးခိုးများ၊ မီးတန်းများ ထွက်နေပေမယ့် ပတ်ဝန်းကျင်ကို ကူးဆက်တာမျိုး လောင်တာမျိုးတို့ မရှိပါဘူး။ ကမ္ဘာလှည့်ခရီးသည်များလည်း သွားရောက် လေ့လာကြပါတယ်။ အချို့ စွန့်စားသူများ ဆိုရင် အချင်း ၂၀၀၊ အနက် ၆၆ ပေ ရှိတဲ့ ယင်း တွင်းကို ဟိုဘက်ဒီဘက်ကူးတာမျိုး၊ ကြိုးနဲ့ အပေါ်ယံကနေ အနည်းငယ်ဆင်းလို့ လေ့လာတာမျိုးတို့တောင် ပြုလုပ်ပါတယ်။

မီးလောင်မြိုက်မှုကလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ တွင်းရဲ့ အောက်မှာ ဓာတ်ငွေ့ ကျောကြီး ရှိနေပါတယ်။ အစိုးရဟာ ယင်းမီးလောင်းတဲ့ တွင်းကို အပေါ်ကနေ ပိတ်ဖို့ စဉ်းစားခဲ့ပေမယ့် မပြုလုပ်ဖြစ်ခဲ့ပါဘူး။ သူ့သာသူသာ လောင်ကျွမ်းနေပြီး Door to Hell ဟာ ကမ္ဘာ့စွဲဆောင်မှုရှိတဲ့ နေရာများထဲက တစ်ခု ဖြစ်လာပါတယ်။ အသေးစိတ်ကို http://en.wikipedia.org/wiki/Door_to_Hell ထဲမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

  အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...