စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၂၀၁၄ စိတ်ဝင်စားစရာ အကောင်းဆုံး အိုင်တီနည်းပညာ ထုတ်ကုန်များ


နှစ်တစ်နှစ် ကုန်ဆုံးတော့မည်ဖြစ်သည်။ ပြိုင်ဆိုင်မှုပြင်းထန်လှသည့် နည်းပညာဈေးကွက်အတွင်း ထိပ်တန်းနည်းပညာလုပ်ငန်းစုကြီးများသည်
တစ်နှစ်တာအတောအတွင်း ထုတ်ကုန်အမျိုးမျိုးကို အကောင်အထည်ဖော် မိတ်ဆက်ရောင်းချလာခဲ့ကြသည်။ 
 
ထို့ကြောင့် ၂၀၁၄ ခုနှစ်အတွင်း IT နည်းပညာနယ်ပယ်မှ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဖန်တီးတီထွင်ထားသည့် ထုတ်ကုန် ၁၀ မျိုးကို ဖော်ပြလိုက်ပါသည်။



(၁)iPhone 6 Plus
ကမ္ဘာပေါ်တွင် လူကြိုက်အ များဆုံး မိုဘိုင်းဖုန်း အမှတ်တံ ဆိပ်ဖြစ်သည့် iPhoneကို ထုတ် လုပ် ရောင်းချနေသည့် Apple ကုမ္ပဏီ အနေဖြင့် ပရိသတ်များ ၏ တောင်းဆိုမှုကို လိုက်လျောပြီး မျက်နှာပြင် အရွယ်အစား ကြီးမား သည့် iPhone တစ်မျိုးကို စတင် ထုတ်လုပ် ရောင်းချခဲ့သည်။
ပိုမိုသေးငယ်သည့် iPhone  6 နှင့်အတူ Appleက စက်တင်ဘာ  လလယ်တွင် မိတ်ဆက်ခဲ့သည့် iPhone 6 Plus၏ မျက်နှာပြင် အရွယ်အစားသည့် ၅.၅ လက်မထိ ရှိလာသည်။ ဒီဇိုင်းပိုင်းတွင် iPad Air ၏ လွှမ်းမိုးမှုများ ရှိနေ သော စမတ်ဖုန်းသည် ယခင်ဗား ရှင်းဟောင်းများထက် ပိုမိုပြည့်စုံ ကောင်းမွန်စွာ ဖန်တီးထားပြီး မို ဘိုင်း OS အသစ်ဖြစ်သည့် iOS8 ဖြင့် မောင်းနှင်ထားသည်။
ကင်မရာ လုပ်ဆောင်မှုနှင့် ဖုန်း၏ စွမ်းဆောင်ရည်ပိုင်းတို့ကို  မြှင့်တင်ထားသည့် iPhone 6 Plus နှင့် iPhone 6 တို့သည် Apple က မိတ်ဆက်ပြီး ၂၄ နာရီ အတွင်း အမှာစာ ၄ သန်းကျော် ရရှိသည်အထိ လူကြိုက်များခဲ့ သည်။



(၂)Oculus Rift
၂၀၁၄ ခုနှစ် နှောင်းပိုင်းတွင် ဈေးကွက်ထဲ ဖြန့်ချိဖြစ်မည်ဟု မျှော်မှန်းခဲ့သော်လည်း အဆို ပါ ပုံရိပ်ယောင် ဖန်တီးမှု ခေါင်း ဆောင်းသည် မျှော်လင့်ချိန်ထက် နောက်ကျပြီး ၂၀၁၅ ခုနှစ်တွင် မှ ရောင်းချနိုင်တော့မည်ဖြစ်သည်။ သို့သော်လည်း Developer Ver- sionအဖြစ် စမ်းသပ်ဆဲ Proto- type အဆင့် Oculus Riftများမှာမူ  Game သမားများအတွက် အိပ် မက်ဆန်သည့် ပစ္စည်းတစ်ခု ဖြစ် နေသည်။
စိတ်ကူးယဉ် သိပ္ပံဇာတ်ကား များတွင် တွေ့ရသည့် ပတ်ဝန်း ကျင် ပုံရိပ်ယောင်များ ဖန်တီး သည့် နည်းပညာမျိုးကို အကောင် အထည်ဖော်နေသည့် ကုမ္ပဏီကို Facebookက ဒေါ်လာ ၂ ဘီလီ ယံဖြင့် သိမ်းပိုက်ဝယ်ယူလိုက် သည့်နောက် Oculus Rift၏ အလားအလာမှာ ပိုမိုတောက်ပ လာခဲ့သည်။
CES 2014 နည်းပညာ ပြပွဲတွင် Oculus Riftကို ပြသခဲ့ ပြီးနောက် Gaming နည်းပညာ လောကတွင် အဆန်းသစ်ဆုံး ခြေလှမ်းတစ်ခုသဖွယ် မှတ်ယူ ခြင်း ခံထားရသည်။



(၃)iOS8
Appleသည် iPhone 6 နှင့် iPhone 6 Plusတို့ကို ထုတ် လုပ် ရောင်းချရာ၌ မိုဘိုင်း OS အသစ်ဖြစ်သည့် iOS8ကိုပါ မိတ် ဆက်လာခဲ့သည်။
ပိုမိုကောင်းမွန်သည့် Fea- ture များကို ဖြည့်တင်းထား သည့် iOS8သည် မဟာပြိုင်ဘက် ဖြစ်သည့် Android OS ကဲ့သို့ အရောင်အသွေး စုံလင်သော ပြယုဂ်မျိုးသို့ ပြောင်းလဲလာသည် ကို တွေ့ရသည်။
Appleက iOS8သည် Apple Storeကို စတင်မိတ်ဆက်ခဲ့သည့် ကာလနောက်ပိုင်း ကုမ္ပဏီ၏ အ ကြီးမားဆုံး အပြောင်းအလဲ တစ် ရပ်အဖြစ်လည်း ညွှန်းဆိုခဲ့သည်။



(၄)Android L
Googleက ဖန်တီးခဲ့သည့် နာမည်ကျော် မိုဘိုင်း OS ဖြစ် သည့် Andriod၏ နောက်ဆုံး မျိုးဆက် Android 5.0 (Lolli-pop) ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ လဆန်းတွင် စတင်မိတ်ဆက် ခဲ့သည်။
ဆန်းသစ် ပြောင်းလဲထား သော Notification စနစ် အပါ အဝင် Feature အသစ်များစွာ ပါဝင်လာသော Android Lသည် Googleက ထုတ်လုပ်ခဲ့ပြီးသမျှ အကောင်းဆုံးသော မိုဘိုင်း OS တစ်ခုအဖြစ် ညွှန်းဆိုခံထားရ သည်။
Android Lတွင် ဘက်ထရီ သုံးစွဲမှုကို လျှော့ချပေးခြင်း ကဲ့ သို့သော လုပ်ဆောင်မှုများကို အထူးပြု ထောက်ပံ့ပေးထားပြီး Graphic ပိုင်းတွင်လည်း PC ကွန်ပျူတာများ၏ ပုံရိပ်ဖော်နိုင် စွမ်းမျိုးထိ ရရှိစေမည် ဖြစ်သည်။



(၅)Google Glass 2
ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင် သည့် ကွန်ပျူတာ စနစ်တစ်ခုအ ဖြစ် Google Glass မျက်မှန်များကို ဖန်တီးခဲ့သော်လည်း လက်ရှိ အချိန်ထိ စမ်းသပ်ဆဲ အဆင့်တွင် သာ အသုံးပြုနေဆဲ ဖြစ်သည်။
Googleသည် ဒုတိယမျိုး ဆက် Google Glassများကို ၂၀၁၄ ခုနှစ် မေလအတွင်းတွင် သုံးစွဲသူ အရေအတွက်ကို ယခင် ကထက် မြှင့်တင်ကာ ဖြန့်ဝေပေး ခဲ့သည်။ စမတ် လက်ပတ်နာရီ များကဲ့သို့ ခန္ဓာကိုယ်တွင်ဝတ်ဆင် သည့် အခြားသော ကွန်ပျူတာ စနစ်များကိုလည်း အာရုံစိုက် နေသည့်တိုင် Googleသည် ၎င်း တို့၏ စမတ်မျက်မှန်ဟု ဆိုရမည့် Google Glassကိုလည်း ပိုမို ကောင်းမွန်အောင် အဆင့်မြှင့် တီထွင်လာခဲ့သည်။

Google Glass 2 သည် တပ်ဆင်သူ၏ နားအနီးရှိ ကြီးမား သော ဘက်ထရီတုံး ထားရှိမှုကို ပယ်ဖျက်လိုက်သဖြင့် ပိုမိုပေါ့ပါး ကျစ်လစ်လာသလို ကွန်ပျူ တာ စနစ်၏ လုပ်ဆောင်မှု စွမ်းရည် မှာလည်း ပိုမို ကောင်းမွန်လာ သည်။ Google Glass အတွက် Appsပေါင်း (၁၀၀)မျှ အသုံးပြု နိုင်ပြီ ဖြစ်သော်လည်း ပိုမိုကျယ် ပြန့်သည့် မြှင့်တင်ဖန်တီးမှုများ ပြု လုပ်သွားရန် Googleက ကုမ္ပဏီ  နှစ်ခုနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိ သည်။



(၆)LG 55EC9300 OLED TV
မည်သည့် Plasma (သို့ မဟုတ်) LCD Screenနှင့် TV များထက်မဆို ပုံရိပ်ဖော် အရည် အသွေး ကောင်းမွန်သည့် TV ကို LG ကုမ္ပဏီက ဖန်တီးမိတ်ဆက် ခဲ့သည်။
မှောင်လွန်းသောနေရာ၊ လင်းလွန်းသော နေရာများတွင်ပါ အကောင်းဆုံးသော အရောင်အ ဆင်းနှင့် ပုံရိပ် ကြည်လင်မှုကို ရရှိ စေနိုင်သည်။ ၅၅ လက်မထိ ကျယ်ဝန်းသော Screen အရွယ် အစားကို 1080p Resolution အပြည့် ထောက်ပံ့ပေးနိုင်သဖြင့် ပုံရိပ်ဖော်စွမ်းရည် အကောင်းဆုံး TV တစ်မျိုးအဖြစ် ညွှန်းဆိုနိုင်မည် ဖြစ်သည်။

ကွေးညွတ်သောမျက်နှာပြင် နှင့် ဖန်တီးထားသည့် TV သည် အရည်အသွေးပိုင်းတွင် အပြစ် အနာအဆာ ရှာရန်ခက်သော် လည်း ဈေးနှုန်းကြီးမြင့်ခြင်းကမူ ထောက်ပြစရာ အချက်တစ်ခု ဖြစ် နေသည်။



(၇)Apple iWatch
စမတ်လက်ပတ်နာရီ တစ် မျိုး ထုတ်လုပ်ရောင်းချမည်ဟု နှစ်အတန်ကြာ သတင်းကြီးခဲ့ပြီး နောက် Appleသည် iWatch ကို အမှန်တကယ် မိတ်ဆက်လာခဲ့ သည်။
၂၀၁၅ နှစ်ဆန်းပိုင်းတွင် စ တင်ရောင်းချသွားမည့် iWatch သည် iOS8.2 အထက် မည် သည့် iDeviceနှင့်မဆို တွဲဖက် အသုံးပြုနိုင်မည် ဖြစ်သည်။ iWatch သည် Apple TV အ တွက် အဝေးထိန်းခလုတ်အနေ ဖြင့်ဖြစ်စေ၊ iPhoneမှ ကင်မရာ အတွက် View Finder အနေ ဖြင့်ဖြစ်စေ၊ လမ်းလျှောက်စကား ပြောစက် အနေဖြင့်ဖြစ်စေ ရည် ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြု နိုင်အောင် ဖန်တီးထားသည်။

ထို့အပြင် ဝတ်ဆင်သူ၏ ကျန်းမာရေးဆိုင်ရာ အချက်အ လက်များကို ထောက်လှမ်းသတိ ပေးခြင်း အပါအဝင် အခြားသော Feature များကိုလည်း ထည့် သွင်းပေးထားမည်ဖြစ်ပြီး iWatch ကို မော်ဒယ်လ် သုံးမျိုးဖြင့် ရောင်း ချသွားရန် Appleက စီစဉ်ထား သည်။



(၈)Samsung Galaxy Note 4
တစ်ဆင့်ပြီးတစ်ဆင့် ပိုမို ကောင်းမွန်အောင် ဖန်တီးလာ သည့် Galaxy Note စီးရီးများ၏ နောက်ဆုံးမျိုး ဆက်ကို (၂၀၁၄)ခုနှစ်၊ အောက်တိုဘာလတွင် Samsungက စတင်မိတ်ဆက် ပေးခဲ့သည်။
အကြမ်းပတမ်း ခံနိုင်ရည်ရှိ သည့် ဖန်သားScreen၊ သွယ်လျ ကျစ်လစ်လာသည့် ဒီဇိုင်းပိုင်း နှင့် သိသိသာသာ အဆင့်မြှင့်တင် ထားသည့် Hardware တို့ကြောင့် Samsung ချစ်သူများ၏ အား ပေးထောက်ခံမှုကို ရရှိခဲ့သည်။

Galaxy Note 4 သည် Apple၏ iPhone 6 Plus ကို အဓိက ယှဉ်ပြိုင်သည့် စိန်ခေါ်သူ တစ်ဦးအဖြစ်လည်း ရပ်တည်နေ ပြီး OS အပိုင်းတွင်လည်း နောက် ဆုံးထုတ် Android L အဆင့်ထိ မြှင့်တင်ရန် ခွင့်ပြုသွားမည်ဟု Samsungက အတည်ပြုထား သည်။



(၉)Moto 360
Android OSကို အခြေပြု သည့် အကောင်းဆုံး စမတ်လက် ပတ်နာရီ တစ်မျိုးအဖြစ် Moto 360ကို Motorola ကုမ္ပဏီက  ဖန်တီးခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ခုနှစ်၊ စက်တင် ဘာ လအတွင်းက စတင်ရောင်းချ သည့် Moto 360သည် သာမန် နာရီများကဲ့သို့ အဝိုင်းပုံ ကိုယ် ထည်ဒီဇိုင်းကိုပင် ရိုးရိုးရှင်းရှင်း အသုံးပြုထားသည်။ ရေစိုခံေ ကြာင်း အာမခံထားသည့် နာရီ သည် Wireless Qi စနစ်ဖြင့် အား သွင်းနိုင်ပြီး အခြားသော Android OSသုံး စမတ်လက် ပတ်နာရီများထက် အတန်ငယ် ထူနေခြင်းကမူ ထောက်ပြစရာ တစ်ချက် ဖြစ်နေသည်။

အလင်းအာရုံခံ စနစ်နှင့် ဝတ်ဆင်သူ၏ နှလုံးခုန်နှုန်းကို တိုင်းတာ တွက်ချက်ပေးသော စနစ်များ အပါအဝင် Feature များစွာ ထည့်သွင်းပေးထားသော စမတ်လက်ပတ်နာရီသည် An-droid 4.3 အထက် OS များဖြင့် လည်ပတ်သည့် ဖုန်းအားလုံးနှင့် အဆင်ပြေ ချောမွေ့စွာ ချိတ်ဆက် နိုင်စွမ်းလည်း ရှိနေသည်။



(၁၀)PlayStation TV
Console Gameများ ထုတ် လုပ်ရောင်းချသည့် နယ်ပယ်တွင် PlayStation စီးရီးများဖြင့် အောင် မြင်နေသည့် Sonyက ၎င်းတို့၏ လက်ကိုင်ဂိမ်းစက်ငယ် PS Vita များ၏ မူကွဲအဖြစ် PlayStation TVကို ရောင်းချခဲ့သည်။

TV Screenများကို HDMI Port မှတစ်ဆင့် ချိတ်ဆက်နိုင်ပြီး အင်တာနက် အသုံးပြုခြင်း၊ Play Station Networkနှင့် ချိတ် ဆက်ခြင်းတို့ကို ပြုလုပ်နိုင် သည်။ ဂျပန်တွင်  ၂၀၁၃ ခုနှစ် နှောင်းပိုင်းက စတင်ရောင်းချ ခဲ့သော်လည်း အခြားနိုင်ငံများ တွင်မူ ၂၀၁၄ ခုနှစ်အတွင်းတွင် မှ စတင်တင်ပို့ခဲ့ခြင်း ဖြစ်သည်။
PlayStation TV ကို အ သုံးပြုသူများ အနေဖြင့် Dual Shock 4 လက်ကိုင်များဖြင့် ချိတ် ဆက် ကစားနိုင်သလို Media Server များကို နောက်ထပ် မြှင့် တင်ဖြည့်စွက်ပေးရန် အစီအစဉ် ရှိကြောင်းလည်း Sonyက ကြေ ညာထားသည်။

(ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်) _Ref: CNet



.http://7daydaily.com/story/27798

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...