စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးစွမ်းအလွန်ထက်သော ကန်းဇော်ဆီ


 

ကန်းဇော်ဆီဟာ အလွန်ဆေးစွမ်းထက်သော အဖိုးတန် သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။
ကန်းဇော်ပင်ကို ကြမ်းပိုးအနံ့နှင့်ဆင်သောကြောင့် သစ်ကြမ်းပိုးပင် ဟူ၍၄င်း၊ တောင်မင်းဂွတ် ဟူ၍၄င်း ခေါ်ဝေါ်ကြပါတယ်။ အင်္ဂလိပ်လို Mahua Tree လို့ခေါ်ပါတယ်။


ကန်းဇော်ပင်၏ ပင်စည်ကို ဘုရားဆင်းထုတော် ထုလုပ်သည့်နေရာမှာ အသုံးများကြတယ်။ အိန္ဒိယမှာတော့ ဘာသာရေးပွဲတွေမှာ ကန်းဇော်သီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။
ကန်းဇော်ပင်ဟာ အရှေ့တောင်အာရှနိုင်ငံဒေသမှာ အများဆုံး ပေါက်ကြပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ နီပေါလ်နှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ ပိုမိုပေါက်ရောက်နေကြပါတယ်။


မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်ကြပါတယ်။ ကုန်းကန်းဇော်နှင့်ရေကန်းဇော်ဆိုပြီး ၂ မျိုးရှိပါတယ်။ အရောင်နှင့် အသီးပုံစံ အနည်းငယ် ကွာနိုင်ပေမယ့် အကျိုးအာနိသင်ခြင်း အတူတူဖြစ်ပါတယ်။
ဆေးအဖြစ် အသုံးဝင်ပုံများ
 

(၁) အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မီးယပ်ရောဂါများအတွက် ကန်းဇော်ဆီစစ်စစ်ကို ထမင်းပူပူနှင့် နယ်စားပါ။ ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနှင့် မနက်၊ ည သောက်သုံးလျှင် ရောဂါပျောက်ကင်းပါသည်။
 

(၂) ထိခိုက်၊ ရှနာ၊ ပွန်းပဲ့ စသည့် ဒဏ်ရာအမျိုးမျိုး၊ အပူလောင်ခြင်း၊ ခွဲစိပ်ခြင်း၊ အနာစိမ်းပေါက်ခြင်း၊ ပြည်တည်ခြင်း၊ အကျိတ်၊ အဖု စသည့် အနာများကို ကန်းဇော်ဆီဖြင့် တစ်နေ့ ၃ ကြိမ် လိမ်းပေးပြီး အ၀တ်ပါးပါးဖြင့် စည်းထားပါ။ ၂ ရက်အတွင်း အနာချောက်၍ တစ်ပတ်အတွင်း အမာရွတ်ပါမကျန်အောင် ပျောက်ကင်းပါသည်။
 

(၃) မြွေ၊ ကင်း၊ ပျား၊ ပုရွက်ဆိတ်၊ ပိုးကောင်အမျိုးမျိုး စသည့် အဆိပ်ရှိသည့် အကောင်များကိုက်လျှင် ကန်းဇော်ဆီကိုသာ လိမ်းပေးလိုက်ပါ။ ချက်ချင်း အဆိပ်ပြေသွားပြီး သက်သာပျောက်ကင်းပါသည်။ ( ပျားကိုက်၍ ကန်းဇော်ဆီဖြင့် လိမ်းပေးလိုက်သဖြင့် ၁၀ မိနစ်အတွင်း ပျားအဆိပ်ပြေပြီး နာကျင်ခြင်းလုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်)
 

(၄) ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ကိုက်ခြင်း၊ အကြောတက်ခြင်း၊ ညောင်းညာခြင်းများအတွက် ကန်းဇော်ဆီကို ပါးပါးလိမ်း၍ အနည်းငယ် နှိပ်နှယ်ပေးလျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေပါသည်။
 

(၅) ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ နှလုံးအားနည်း၊ ပန်းနာရင်ကျပ်နှင့် အစာမကြေခြင်းများအတွက် ပျားရည်အနည်းငယ်နှင့် ရောစပ်၍ လက်ဖက်ရည်ဇွန်းဖြင့် တစ်နေ့ ၂ ကြိမ် သောက်သုံးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။

အတုအပများ သတိပြုစေလို
ကန်းဇော်ဆီဟာ ဆေးဖက်ဝင်သည့် အလွန်တန်ဖိုးရှိသည့် အဆီတစ်မျိုးဖြစ်သည့်အတွက် ယခုအခါတွင် လူကြိုက်များလာသည့်ကာ အချို့စီးပွါးရေးသမားများမှာ အမြတ်များများကျန်ဖို့အတွက် ဆီအမျိုးမျိုးဖြင့် ရောစပ်ခြင်း၊ ကြိတ်ဖတ်ကို ပြန်ပေါင်း၍ အဆီထုတ်ခြင်း၊ အတုများပြုလုပ်၍ ရောင်းချခြင်းများကို ဈေးကွက်အတွင်း မြင်တွေ့နေရခြင်းကြောင့် အတုအပများကို သတိထားပြီးမှ ၀ယ်ယူသင့်ပါကြောင်း မြိတ်ခရိုင်တိုင်းရင်းဆေးဝါးဌာနမှ သတိပေးထားပါတယ်။
အနာရောဂါများ ကင်းရှင်း၍ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။


နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ အစွမ်းထက်သောဆေးမြီးတိုများ


https://www.facebook.com/mmonlineclinic/photos/a.263659537082334.57519.26339690

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...