စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အပြင်လေရှူချင်လို့ လေယာဉ် အရေးပေါ်ထွက်ပေါက် ဖွင့်ခဲ့တဲ့ ခရီးသည်



တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။ ယင်း ဖြစ်ရပ် ကတော့ လေယာဉ်ပေါ် လိုက်ပါ ခရီသည် တစ်ဦးဟာ အပြင်လေ ရှူရှိုက်ချင်တာကြောင့် အရေးပေါ်ထွက်ပေါက် ဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ မထင်မရှားမြို့ငယ်လေးမှာ နေထိုင်တဲ့ ယင်း ခရီးသည်ဟာ လေယာဉ်ကို တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံး အကြိမ် စီးဖူးခြင်း ဖြစ်ပါတယ်။ ယင်းသို့ စစီးတဲ့အခါ သူ့အနေနဲ့ လေယာဉ်အတွင်းက ရတဲ့ လေနှံ့ကို မခံနိုင်ပါဘူး။ ဒါကြောင့်မို့ အရေးပေါ်ထွက်ပေါက်ကို နည်းလမ်းရှာလို့ ဖွင့်လိုက် ပါတယ်။ ကံကောင်းချင်တော့ လေယာဉ်က ပြေးလမ်းပေါ်ကနေ လေပေါ် တက်ဖို့ အရှိန်ယူနေဆဲ အချိန်မို့လို့ ဖြစ်ပါတယ်။ အကယ်၍ လေပေါ်မှာသာ ဖွင့်ရင် အခန့်မသင့်ရင် အက်ဆီးဒန့်ဖြစ်လို့ ပျက်ကျ နိုင်ပါတယ်။ လေရဲ့ တိုးဝေ့မှုကြောင့် ထိန်းချုပ်မှု ပျက်ယွင်းမှာ ဖြစ်ပါတယ်။

ယခုတော့ လေယာဉ်က ပြေးလမ်းပေါ်မှာသာ ရှိသေးပြီး အရေးပေါ်ထွက်ပေါက် ဖွင့်လိုက်တာနဲ့ အရေးပေါ် သတိပေး အသံက မြည်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ လုပ်ရပ်ကို လေယာဉ်ပေါ် ပါတဲ့ လေယာဉ်မယ်တို့က အမြန်ဆုံး တားဆီးလို့ အရေးပေါ်ထွက်ပေါက် ပြန်ပိတ်ခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်လိုမှ အရေးယူ မခံရ ပါဘူး။ ပထမဆုံး အကြိမ်လေယာဉ် စစီး ဖူးသူမို့ ခွင့်လွတ်ပေးခဲ့ကြ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...