စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အနံဆိုးလွန်းသူ သုံးဦးကို စာကြည့်တိုက်က နှင်ထုတ်



 

ဘာမင်ဂမ် စာကြည့်တိုက် ကြီး၏ အတွင်းပိုင်း မြင်ကွင်း။


ဘာမင်ဂန်၊ ဒီဇင်ဘာ ၂၉။ အင်္ဂလန် နိုင်ငံ ဘာမင်ဂမ်ရှိ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးက စာကြည့်တိုက်သို့ လာရောက် ကြသည့် လူများ အနက်မှ သုံးဦးကို အနံအသက် ဆိုးလွန်းသောကြောင့် စာကြည့်တိုက် အတွင်းမှ နှင်ထုတ်ခဲ့ပြီး လာရောက်ခွင့်ကိုလည်း တားမြစ် ထားသည်။

Barmingham


ဘာမင်ဂမ်ရှိ ပေါင် ၁၈၉ သန်း တန်ဖိုးရှိသည့် စာကြည့်တိုက်က တစ်ကိုယ်ရည် သန့် ရှင်းရေး ပြဿနာ ရှိနေသည့် အဆိုပါ လူသုံးဦးကို အခြား စာဖတ်သူများအား အနှောက်အယှက် ဖြစ်စေနိုင်သောကြောင့် စာကြည့်တိုက်တွင်း ရှိနေခွင့်ကို တားမြစ်၍ ပြင်ပသို့ ထွက်သွားခိုင်း ခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်တွင်း အခြားလူနှစ်ဦးကို စည်းကမ်း မလိုက်နာ၍ တားဆီးခဲ့ရ သလို လူသုံးဦးကိုလည်း စာကြည့်တိုက် ၀န်ထမ်းများကို ရန်လိုသည့်အတွက် စာကြည့်တိုက် အတွင်းက ထွက်သွားရန် စေခိုင်း ခဲ့ရကြောင်း စာကြည့်တိုက် တာဝန်ရှိသူများ က ပြောသည်။

"စာကြည့်တိုက်က အလွန်လူလာ များတဲ့ နေရာပါ။ ၂၀၁၃ ခုနှစ် စက်တင်ဘာလက စဖွင့် ကတည်းက လာရောက်သူပေါင်း သုံးသန်း ကျော် သွားပါပြီ။ ဒီလို အရပ်မျိုးမှာ လူနဲ့ သူနဲ့ တူအောင် နေကြရမှာပဲ ဖြစ်တယ်။ စာကြည့်တိုက် အဆောက်အအုံရဲ့ ခမ်းနားတဲ့ ဒီဇိုင်းကြောင့် လူတွေရဲ့ ထောပနာပြုမှုကို ရထားတာပါ။ ဒါကြောင့် စာကြည့်တိုက်ရဲ့ ဂုဏ်ကို ထိန်းရမှာပဲ ဖြစ်ပါတယ်"ဟု ဘာမင်ဂမ် စာကြည့်တိုက် ဥက္ကဌဖြစ်သူ ဘရင်းဂမ်ဘဲလ်က ပြောခဲ့သည်။

ယခုလ အစောပိုင်းက ဘာမင်ဂန်မြို့ ကောင်စီ၏ အသုံးစရိတ် ၁၁၇သန်းပေါင် လျော့ချခြင်းကြောင့် စာကြည့်တိုက် ၀န်ထမ်း ထက်ဝက်ကျော် အလုပ်ထုတ်ပယ် ခံခဲ့ရသည်။ ထိုပြင်လည်း စာကြည့်တိုက်ဖွင့်ချိန် သီတင်းပတ်တစ်ပတ်လျှင် နာရီ ၇၀မှ နာရီ ၄၀သို့ လျှော့ချခဲ့သည်။ ယခု ဘာမင်ဂမ် စာကြည့်တိုက်ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မာလာလာက ပြီးခဲ့သည့် စက်တင်ဘာလတွင် တရားဝင် ဖွင့်လှစ်ပေး ခဲ့ခြင်း ဖြစ်သည်။

Ref: Mirror

https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793661

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...